Fibromyalgia နာတာရှည် အထိမခံနာတဲ့ရောဂါ


လွန်ခဲ့တဲ့ သုံးနှစ်တိတိကမေးပါတယ်။ ကျေးဇူးပြု၍ Fibromyalgia ရောဂါအကြောင်း ပြောပြပေးပါလား။

နေရာအများကြီးမှာ ထိတာနဲ့နာတယ်။ နာတာသာမက အားယုတ်နေမယ်။ အအိပ်ပျက်မယ်။ အဆစ်တွေ တင်းနေမယ်။ တချို့မှာ မျိုချရတာခက်သေးတယ်။ ဆီးဝမ်းသွားတာခက်မယ်။ ထုံကျင်တာပါ ခံစားရနိုင်သေးတယ်။ အသိစိတ်ကိုပါ ထိခိုက်တယ်။ စိတ်ဓါတ်ကျနိုင်တယ်။ စိုးရိမ်စိတ်များမယ်။

ဘာလို့ဖြစ်သလဲတော့ အတိအကျမသိပါ။ စိတ်၊ ပတ်ဝန်းကျင်နဲ့ အာရုံကြောတွေကို စဉ်းစာရတယ်။ မျိုးဗီဇကို ထည့်တွက်တယ်။ လူအားလုံးရဲ့ ၂-၈% မှာရှိတယ်။ အမျိုးသမီးတွေမှာ ၇ ဆကနေ ၉ ဆ အထိ ပိုဖြစ်ကြတယ်။ အသက် ၂ဝ ကနေ ၅ဝ အတွင်းမျာများတယ်။ ဆေးစစ်ရင် ပုံမှန်မဟုတ်တာရယ်လို့ တွေ့ခဲတယ်။

ဆေးကုနည်းတွေ အမျိုးမျိုးသုံးရတယ်။
- Psychological therapies စိတ်ပိုင်းဆိုင်ရာကုသခြင်း၊
- Medications ဆေးပေးခြင်း၊
- Pregabalin ဆေးကိုသုံးတယ်။
- Milnacipran ဆေးကိုလဲသုံးတယ်။ တချို့နေရာတွေမှာတော့ မသုံးပါ။
- Antidepressants စိတ်မကျစေတဲ့ဆေးပေးတယ်။
- SNRIs duloxetine နဲ့ milnacipran ဆေးတွေရယ် amitriptyline ဆေးလဲသုံးတယ်။
- Amitriptyline ဆေးကိုဦးစားပေးသုံးပေမဲ့ အားလုံးကို ကောင်းစေတာတေ့ မဟုတ်ပါ။
- Anti-seizure medication အတက်သက်သာဆေးတွေဖြစ်တဲ့ Gabapentin နဲ့ pregabalin ပေးတယ်။
- Opioids ဘိန်းပါတဲ့ဆေးအထိသုံးရနိုင်တယ်။
- Others တခြားဆေးတွေလဲ သုံးတယ်။ ဥပမာ human growth hormone ဟော်မုန်းဆေး။
- Narcolepsy medication sodium oxybate ဆေးကိုလဲ စမ်းသုံးတယ်။
- Muscle relaxants ကြွက်သားပြော့ဆေးတွေဖြစ်တဲ့ cyclobenzaprine နဲ့ tizanidine တွေလဲပေးနိုင်တယ်။ Dopamine agonists (pramipexole) နဲ့ ropinirole (ReQuip) တွေပေးတယ်။
- NSAIDs အနာသက်သာဆေးတွေကို ဦးစားပေးအနေနဲ့မဟုတ်ပေမဲ့ ပေးနိုင်တယ်။
- Exercise လေ့ကျင့်ခန်းလုပ်တာကောင်းတယ်။

Prognosis အလားအလာ = ကြာတော့ကြာတယ်။ ဇရာဖြစ်စဉ်လို ဆိုးဆိုးလာတာမျိုးမဟုတ်ပါ။ မသေနိုင်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ