ESR ဆိုတာ


ESR ၏အဓိပ္ပါယ်ကိုရှင်းပြပေးစေချင်ပါတယ်ရှင့်။ မိတ်ဆွေတစ်ယောက်မှာ သွေးလေးဘက်နာဖြစ်နေပြီး သွေးစစ်သည့်အခါ ESR အရမ်းများနေကြောင်း 100 ကျော်နေကြောင်းတွေ့ရပါတယ်ရှင့်။ ထို့ကြောင့်ESR အကြောင်းရှင်းပြပေးပါရှင့်။

ESR (Erythrocyte sedimentation rate) ဆိုတာ သွေးနီဥတွေ ၁ နာရီအတွင်း အနယ်ထိုင်တဲ့နှုန်း ဖြစ်တယ်။ ESR ဂဏန်းမြင့်နေတဲ့ အခြေအနေနဲ့ ရောဂါတွေက များတယ်။ အမျိုးသမီးတွေက နဲနဲပိုများတတ်တယ်။ အသက်ရရင်လည်း ပိုများတယ်။ Multiple myeloma မာလ်တီပယ်မိုင်လိုးမား၊ Temporal arteritis အဆစ်နာ၊ Polymyalgia rheumatica, ရောဂါ၊ Auto-immune diseases ရောဂါပြီးစနစ်ကမောက်ကမရောဂါတွေ၊ SLE နဲ့ နာတာရှည်ကျောက်ကပ်ရောဂါတွေကို နာမယ်တပ်ရင် အသုံးဝင်တယ်။ Kawasaki's disease အာဟာရချို့တဲ့ရောဂါ၊ တီဘီနဲ့ Infective endocarditis နှလုံးသားရောင်ခြင်းတွေမှာလဲ ရောဂါခွဲခြားဘို့ သုံးရတယ်။ မတိကျလှပေမဲ့ ဘယ်လောက်ထိ နေမကောင်းဘူးဆိုတာတော့ သိရတယ်။ အထဲတနေရာရာမှာ ရောင်နေတာကို သိရစေတယ်။ ESR လျော့လာရင် သက်သာလာလို့ပဲ။

ပုံမှန် ESR
• ယောက်ျားလူကြီး = 12-14-19 mm/hr
• မိန်းမလူကြီး = 18-21-23-29 mm/hr
• မွေးစကလေး = 0-2 mm/hr
• ၁ နှစ်သားကနေ အရွယ်ရောက်ချိန် = 3-13 mm/hr

သွေးအားနည်း၊ နှလုံးသားရောင်၊ ကျောက်ကပ်ရောဂါ၊ အရိုးတွင်းရောင်၊ ကိုယ်ဝန်ဆောင်၊ လေးဘက်နာ၊ (ရူမက်တစ်) အဆစ်နာရောဂါ၊ ဆစ်ဖလစ်၊ အက်စ်-အယ်လ်-အီး ရောဂါ၊ လည်ပင်းကြီးရောဂါ၊ တီဘီ၊ စတာတွေမှာ ESR များ နေတတ်တယ်။ အင်ဖက်ရှင် ခေါ် ပိုးဝင်ခြင်းတကိုယ်လုံးပြန့်နေတာ၊ Giant cell arteritis အဆစ်နာရောဂါတမျိုး၊ သွေးထဲမှာ ခဲစေတတ်တဲ့ပစ္စည်းများနေတာ၊ စတာတွေမှာ ESR သိပ်များနေတတ်တယ်။

နှလုံးရောဂါ၊ သွေးပျစ်နေတာ၊ သွေးထဲမှာ ခဲစေတတ်တဲ့ပစ္စည်း နည်းနေတာ၊ သွေးထဲမှာ ပရိုတင်း နည်းနေတာ၊ Sickle cell anemia သွေးအားနည်းရောဂါ စတာတွေမှာ ESR နည်းနေတတ်တယ်။

ESR စစ်ခိုင်းတဲ့ ဆရာဝန်ကနေ ရောဂါနာမည် တပ်ပါလိမ့်မယ်။ ရောဂါအတိုင်း ကုသ-လိုက်နာ-စားသောက်-နေထိုင် ရပါလိမ့်မယ်။ ကျန်းမာ-ချမ်းသာပါစေ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ