Edema ကိုယ်ရောင်ခြင်း


ဆရာရှင့် အသက် ၂၅ အိမ်ထောင်မရှိ၊့ မှာနေတဲ့ ညီမတယောက်မှာ ၆ လတခါလောက် မျက်နှာယောင်နေလို့ပါရှင့်။ ဝနေတာမဟုတ်ပဲ မျက်နှာကဖောသွပ်ကြီးဖြစ်နေတာပါ။ ဟိုကဆရာဝန်ပြကြည့်တော့လည်း သေချာအဖြေ ထွက်မလာပါရှင့်။ အိမ်ကစိုးရိမ်နေကြလို့ပါဆရာရှင်။ ဆရာကျန်းမာချမ်းသာပါစေ။ လေးစားကြည်ညိုစွာဖြင့်။

ကိုယ်ရောင်တာကို အမေရိကန်စာလုံး Edema နဲ့ အင်္ဂလိပ်စာလုံး Oedema လို့ခေါ်တယ်။ ရိုးရိုးအင်္ဂလိပ်စာနဲ့ Swelling ဖြစ်တယ်။ အရင်က Dropsy or Hydropsy လို့ခေါ်ခဲ့တယ်။ တကိုယ်လုံးမှာ ဖြစ်နိုင်တယ်။ ရေ-အရည်တွေက မလိုအပ်ဘဲ အောင်း-ဖေါင်းနေတာဖြစ်တယ်။ အရေပြားမှာရောင်နေရင် အရိုးနေရာပေါ်မှာ ခဏလေးဖိထားပြီး ပြန်လွှတ်လိုက်ရင် ခွက်နေတာကိုတွေ့ရမယ်။ Pitting edema ခေါ်တယ်။ Non-pitting edema နှိပ်ကြည့်တဲ့အခါ ခွက်ဝင်မသွားတဲ့ရောင်ခြင်းကို Lymphedema, Lipedema, Myxedema တွေမှာ တွေ့ရမယ်။ ဥပမာ ဆင်ခြေထောက် ရောဂါ။ ခြေထောက်ရောင်တာက သွေးခဲပိတ်တာ၊ သွေးပြန်ကြောဖေါင်းတာ၊ အကျိတ်-ကင်ဆာ၊ မလှုပ်မရှား အကြာကြီး ရပ်နေတာ၊ ပူတဲ့ရာသီဥတု၊ အမြင့်တက်တာ၊ အပူလောင်ခြင်းတွေကနေ ဖြစ်နိုင်တယ်။ လက်ခုပ်တီးရင် လက်ဝါးတွေ ရောင်တယ်။

ဖြစ်စေနိုင်တာတွေကတော့ -
• အာဟာရ (ပရိုတင်း) မပြည့်ဝလို့ဖြစ်တာကို Kwashiorkor ခေါ်တယ်။
• နှလုံးရောဂါဆိုလာရင် Pulmonary edema အဆုပ်ရောင်တာ၊ Pleural effusions အဆုပ်ထဲအရည်အောင်းတာ၊ Ascites ရေဖျင်း၊ Peripheral edema အဖျားနေရာ (ခြေ-လက်) ရောင်တာတွေ ဆက်ဖြစ်နိုင်တယ်။
• Parvovirus B19 infection ဗိုင်းရပ်စ်ပိုးဝင်တာကနေလဲ တကိုယ်လုံးရောင်တာ ဖြစ်စေနိုင်တယ်။
• Nephrotic syndrome ကျောက်ကပ်ရောဂါမှာလဲ ကိုယ်ရောင်တယ်။ ဆီးစစ်ရင် Proteinuria ဆီးထဲမှာ အနည်ပါနေမယ်။ သွေးစစ်ရင် Plasma protein နည်းနေမယ်။
• ကိုယ်ဝန်ဆောင်ရင်လဲ အနည်းနဲ့အများရောင်မယ်။ ခြေထောက်မှာသာရောင်တယ်။ ရောင်တာ + ဆီးအနည်ပါတာ + သွေးဖိအားတက်တာဖြစ်နေရင် ကိုယ်ဝန် သွေးဆိပ်တက်တာလို့ ခေါ်တယ်။
• Tendinitis အရွတ်ရောင်တာနဲ့ Pancreatitis သရက်ရွက်ရောင်တာကနေလဲ ရောင်တယ်။
• မျက်စိရေတိမ်ဖြစ်လို့၊ မျက်စိနာလို့၊ ခွဲစိတ်လို့ကနေ မျက်ကြည်လွှာရောင်မယ်။
• မျက်လုံးတဝှိုက်ရောင်တာလဲရှိတယ်။ မျက်နှာမှောက်အိပ်နေတာကြာလို့ဖြစ်တာမျိုး။
• အင်းဆက်ကောင်တွေ ကိုက်တာကနေရောင်မယ်။
• မတည့်တာနဲ့ထိရာကနေ အရေပြားရောင်မယ်။
• နာတာရှည်အဆုပ်ရောဂါ၊
• လည်ပင်းကြီးရောဂါ၊
• အသည်းရောဂါ၊
• Corticosteroids စတီရွိုက်ဆေး၊ သွေးတိုးကျဆေး၊ ကိုယ်ဝန်တားဆေး၊
• ဘာလို့ရောင်တာ မသိတဲ့အမျိုးအစားလဲရှိသေးပါတယ်။
• Cerebral edema ဦးနှောက်ရောင်တာ အရေးကြီးတယ်။ ထိခိုက်မိလို့ဖြစ်ဖြစ် ဦးနှောက်ရောဂါကြောင့်ဖြစ်ဖြစ် ဦးနှောက်ရောင်နိုင်တယ်။
• Pulmonary edema အဆုပ်ရောင်တာ ချက်ချင်းဆေးကုသဘို့လိုတယ်။ အဆုပ်ရောဂါမဟုတ်ဘဲ ဆေးမတည့်လို့၊ (အလာဂျီ) ရလို့ (ရှော့ခ်) ဖြစ်ရာကနေ ဆက်ဖြစ်စေနိုင်တယ်။

Face swelling မျက်နှာရောင်ခြင်း
ထိခိုက်နတာ၊ သာမန်ရောင်ရမ်းဖြစ်စဉ်ကနေ ကင်ဆာအထိစဉ်းစားရမယ်။ အလာဂျီခေါ် တခုခုနဲ့မတည့်တာလည်း ပါတယ်။ တခြားအခြေခံရောဂါ ဥပမာ ဆိုင်းနပ်စ်ကနေဆက်ဖြစ်လာနည်းဖြစ်နေနိုင်တယ်။ ပိုးဝင်တာမှာ ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ်ခေါ် မှိုပိုးတွေကနေဖြစ်နိုင်တယ်။ ပသိရောင်တာ၊ (ဆယ်လူလိုက်တစ်စ)၊ မျက်စိစွန်တာ၊ သွားကိုက်တာ၊ အင်းဆက်ကောက်ကိုက်တာ၊ ဆေးနဲ့မတည့်တာ၊

ပူးတွဲခံစားနေရတာတွေရှိနိုင်တယ်။ နာတာ၊ အားယုတ်တာ၊ ခေါင်းကိုက်တာ၊ ဖျားတာ၊ အနာ၊ မျက်စိယားတာ၊ နှာမွှန်တာ၊ မျက်ရည်ကျတာ၊ ချောင်းဆိုးတာ၊ ဝါးရင် မျိုချရင်နာတာ၊ တခြားနေရာတွေမှာပါရောင်နေတာ၊ အင်ပြင်ထွက်တာ၊ အသက်ရှူခက်တာ၊ ခွဲစိတ်ထားလို့ဆက်ဖြစ်တာ။ ကိုယ်ဝန်၊ အဝလွန်တာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုး၊ အစာအာဟာရချို့တဲ့တာနဲ့ ရှော့ခ်ရတာလည်းသတိထားရမယ်။

ကုသရာမှာ ဖြစ်စေတဲ့အကြောင်းကို အဓိကကုသရမယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေ ရှိပါတယ်။ ရောင်တဲ့နေရာကို ဖြစ်နိုင်သလောက် မြှင့်ထားသင့်တယ်။ ဆိုဒီယမ် (ဆား၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ဟင်းချိုမှုံ့) မတည့်ပါ။ ခေတ်ပေါ် အသင့်ဝယ်စားလို့ရတဲ့ သွားရည်စာတွေမှာ ဆားများတယ်။ ကိုယ်အလေးချိန်ချပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊

Diuretics ဆီးသွားစေတဲ့ဆေးကို အများဆုံးသုံးရတယ်။ ဆီးလမ်းပိုးဝင်လို့ ဆီးခဏခဏသွားရပြီး နောက်ပိုင်း ဆီးနည်းလို့ သောက်မရင် ပိုဆိုးမယ်။ ဆီးသွားစေတဲ့ဆေး အမျိုးမျိုးရှိတယ်။ ဆီးသွားရာကနေ (ပိုတက်ဆီယမ်) နည်းပြီး ကြွက်သားတွေ မလှုပ်ချင်ဖြစ်တယ်။ ဒါကြောင့် (ပိုတက်ဆီယမ်) ဆေးပါပေးရတတ်တယ်။ အုန်းရည်သောက်ခိုင်းတယ်။ လိမ်မော်သီး၊ ငှက်ပျောသီးစားခိုင်းတယ်။ နောက်ပေါ်ဆီးသွားစေတဲ့ဆေးတွေက (ပိုတက်ဆီယမ်) မနည်းတာမျိုးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ