Corn ငါးမျက်စိ


၁။ ကျွန်တော်အသက် ၂၇နှစ်ပါ။ ပုံထဲကလက်ခလယ်မှာ ငါးမျက်စိလား ကြွတ်နို့လားမသိဘူးဆရာ။ ဖြစ်နေတာ ၆လလောက်ရှိပြီ။ လူးဆေး ဘာသုံးရမလဲ ဆရာ။
၂။ ဆရာခင်ဗျား ကျွန်တော်က စစ်ကိုင်းတိုင်း၊့ မှ ဖြစ်ပါတယ်။ အသက်က ၂၄ နှစ်ပါ။ ကျွန်တော်ရဲ့ လက်မှာ လွန်ခဲ့တဲ့ တစ်နှစ်က ငါးမျက်စိ တစ်လုံးထွက်လာပါတယ်။ အဲ့ဒီ ငါးမျက်စိကိုတော့ မြန်မာဆေးဖြစ်တဲ့ စိန်ငါးလုံးဆေးနဲ့ ငါးမျက်စိကို အပ်နဲ့ဆွပြီး သွေးစို့လာတဲ့အခါ တို့ပြီးလိမ်းပေးပါတယ်။ ဆေးက အက်စစ်ပျော့ပါတော့ အထဲထိ လှိုက့့်
၃။ ကျွန်မချစ်သူခြေထောက်မှာ ငါးမျက်စိအဖုလေး ဖြစ်နေပါတယ်။ အဲဒါ ပျောက်ကင်းအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ဆေးစားလို့ရလား။ သူကတော့ ခွဲရမယ်လို့ ပြောပါတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာရယ်။ ဘယ်လိုသတိပြု နေထိုင်သင့်တယ် ဆိုတာပြောပြပေးပါရှင့်။
ဟုတ်တယ် ငါးမျက်စိက လူတော်တော်များများ ဖြစ်ကြတယ်။ မနေ့ကတောင် ဆရာ့ဆေးခန်းလာပြတာ ၂ ယောက် ရှိတယ်။ ခွဲဘို့ ရက်ချိန်းပေးလိုက်ရတယ်။
Corns and Callus လို့ အလွယ် ခေါ်တယ်။ ဆေးစာလိုကြ Hyperkeratosis, Clavus, Heloma and Tyloma လို့လဲ ခေါ်ကြတယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ ကုရတာခြင်းမတူဘူး။ ခွဲစိတ်နည်းသာ ကောင်းပါတယ်။
ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာအရေပြာကထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင် နာမယ်။ အဖိခံရတဲ့ နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်ကသူ့ဖါသာကာကွယ်တာလုပ်ရင်းကနေအဲလိုဖြစ်လာတာပါ။ ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်း ဖြစ်တာဘဲအသားမာလိုပေါ့။ စာရေးလို့ ဖေါင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလည်မှာ အဖြစ်များတယ်။ ဖိနပ်ကြပ်ရင်လည်း ဖြစ်မယ်။ ဂီတာ၊ မယ်ဒလင်တီးသူတွေလည်း ဖြစ်တယ်။ မီးဖိုဝင်ရသူတွေ အကသမားတွေ စသူတွေမှာလည်း ဖြစ်ကြတယ်။
ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိ ရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာက သူ့ကို Foreign body လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။
Corn paint, cure or plasters တွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာ လုပ်ပေးနိုင်တယ်။ ကိုယ့်ဖါသာကိုယ် ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေးလိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံးတံစဉ်း(ကျားလျှာမျိုး) နဲ့ တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက် သန့်ရှင်းရေးဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက်ကိုဖျော်ပြီးဆေးဖေါ်တာကိုအခုတော့ တားမြစ်တယ်။
နောက်ဆုံးခွဲစိတ်ရမှာပါဘဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီးပျောက်သွားတာပါဘဲ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ