Blood Types and population သွေးအမျိုးအစား ဘယ်ဟာများသလဲ


ဆရာ မင်္ဂလာပါရှင့်။ တခုလောက်မေးချင်လို့ပါ။ ကျွန်မက ဆေးဘက်ကျွမ်းကျင် ၂ ဓါတ်ခွဲဝန်ထမ်းပါ။ ကျွန်မတို့ သွေးဘဏ်မှာ သွေးသွင်းအများဆုံးက O သွေးကိုတွေ့ရပါတယ်ဆရာ။ အဲ့ဒါဘာကြောင့်ပါလဲဆရာ။ ကျွန်မ စာအုပ်တွေထဲမှာ ရှာဖတ်တာ မတွေ့ပါဘူး။ ကျွန်မစိတ်ဝင်စားလို့ပါ။ အမှားပါရင် ခွင့်လွှတ်ပါဆရာ။

ကိုယ့်တာဝန်ကျရာ ရွေးချယ်ရာမှာ တတ်သိနားလည်ကျွမ်းကျင်ဘို့ လုပ်ချင်တာ၊ လုပ်တာဟာ အင်မတန်ကောင်းတယ်။ ဆရာ အားပေးတယ်။ အမေရိကမှာနေထိုင်ကြသူတွေကို Blood Types သွေးအမျိုးအစားများဆန်းစစ်မှုလုပ်ထားတော့ ဒီလိုအဖြေထွက်ပါတယ်။

အာရှတိုက်သားများရဲ့သွေးအုပ်စုလူဦးရေ
O+ = 39%
O- = 1%
A+ = 27%
A- = 0.5%
B+ = 25%
B- = 0.4%
AB+ = 7%
AB- = 0.1%

ကော့ကေးရှန်းခေါ်တဲ့ လူဖြူတွေထဲမှာ
O+ = 37% နဲ့
O- = 8% ရှိတယ်။

အာဖရိကအမည်းတွေထဲမှာ
O+ = 47% နဲ့
O- = 4% ရှိတယ်။

ဟစ်ပဲနစ်ခေါ် စပိန်စကားပြောသူတွေထဲမှာ
O+ = 53% နဲ့
O- = 4% ရှိတယ်။

ပုံထဲကဇယားကတော့ Providence Company of Mary Medical Center Torrance ကနေလုပ်ထားတာဖြစ်တယ်။ သုတေသနတွေမှာ နည်းနည်းစီကွာနိုင်တယ်။ ဘာလူမျိုးထဲမှာဖြစ်ဖြစ် O+ ကအများဆုံးရှိတယ်။

အဖြူ၊ ကုလားဖြူလို့ခေါ်တာကို ကော့ကေးရှန်းလို့ခေါ်ပါတယ်။ ဟစ်ပဲနစ် ခေါ် စပိန်စကားပြောသူတွေဆိုတာ ယူအက်စ်အေမှာ အများစုက မက်ဆီကိုကနေလာသူတွေ။ ဒီမှာရောက်နေတဲ့ မြန်မာပြည်ကလူတွေက သူတို့ကို တချို့က စလုံးတဲ့။ စပိန်စကားပြောသူတွေလို့ခေါ်တယ်။ စလုံးကို ပြည်တွင်းကလူတွေက စင်္ကာပူကိုသာခေါ်ကြတယ်။ မက်ဆီကိုကနေလာသူတွေကို တချို့က ပဲလို့ခေါ်တယ်။ ပဲစားလို့တဲ့။ အဲလိုခေါ်ကြသူတွေက ပဲသိပ်မစားတဲ့ ချင်းပြည်နယ်ကဖြစ်တယ်။ ကျွန်တော် အညာသာလည်း ပဲစားတယ်။ ပဲတော့မများ။ Smile!

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ