အုန်းသီးဆီဟာ အမဲသားဆီနဲ့ ထောပတ်


Coconut oil as unhealthy as beef fat and butter
အုန်းသီးဆီဟာ အမဲသားဆီနဲ့ ထောပတ်တွေလို ကျန်းမာရေးမကောင်းစောတာ တူတယ်။ အမေရိကန်နှလုံးအသင်း AHA ရဲ့ ကနေ့ထုတ်ဖေါ်ချက်ဖြစ်ပါတယ်။ Saturated fat ခေါ် ပြည့်ဝဆီများလို့ Bad cholesterol ခေါ် မကောင်းတဲ့ ကိုလက်စထော များစေတယ်။
အုန်းသီးဆီကို ကျန်းမာရေးအတွက်ကောင်းတယ်လို့ ကြော်ငြာပြီးရောင်းချနေကြပါတယ်။ တချို့ တခြားဆီတွေထက် ကောင်းသလို ပြောဆိုရေးသားနေကြတယ်။ Animal fats ခေါ် တိရစ္ဆာန်ကနေရတဲ့အဆီတွေဟာ ကျန်းမာရေးအတွက် မကောင်းပါ။ သံလွင်ဆီ၊ နေကြာဆီတွေက ကောင်းပါတယ်။
AHA အဆိုအရ အုန်းသီးဆီထဲက အဆီရဲ့ 82% ဟာပြည့်ဝဆီဖြစ်တယ်။ Butter ထောပတ်ထဲမှာ အဲတာမျိုး 63% နဲ့ Beef fat အမဲသားအဆီမှာ 50% ပါပြီး Pork lard ဝက်ဆီမှာ 39% ပါတယ်။
ယူကေနိုင်ငံမှာလည်း ပြည်သူ့ကျန်းမာရေးဌာနက ပြည့်ဝဆီပါဝင်မှုကို လျော့ချဘို့အကြံပြုထားပါတယ်။ သာမန်ယောက်ျား တယောက် တနေ့မှာ ပြည့်ဝဆီ 30g ထက်မများသင့်ပါ။ သာမန်အမျိုးသမီးတယောက်က 20g ထက် မများသင့်ပါ။
လူတွေစားသုံးတဲ့ဆီကနေ ဗီတာမင်အေ၊ ဒီ နဲ့ အီးတို့လည်းရတယ်။ Unsaturated fats ပြည့်ဝဆီမဟုတ်တဲ့အစားအစာ + Wholegrains ခေါ် ဖြူဖွေးအောင်ချွတ်မထားတဲ့ ဂျုံ၊ ဆန်၊ ပြောင်း၊ ပြောင်းဖူးစတဲ့အစေ့အဆံတွေ စားသုံးသင့်ကြတယ်။ Sugars သကြားနဲ့ Refined carbohydrates ချောထားတဲ့ကာဗွန်ဟိုက်ဒရိတ်တွေစားသုံးတာ မသင့်ပါ။ Avocado ခေါ် ထောပတ်သီး၊ Oily fish အဆီများတဲ့ငါး၊ Nuts အစေ့အဆံတွေက ကောင်းပါတယ်။ Cakes ကိတ်မုံ့၊ Biscuits ဘီစကစ်၊ Chocolate ချောကလက်နဲ့ Fatty meat အဆီများအသားတွေ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ