အသည်းအဆီဖုံးဝေဒနာ အတွက် သဘာဝဆေးဝါး

အသည်းအဆီဖုံးတယ်ဆို တာအသည်းဆဲလ်လေးတွေမှာ အဆီတွေစုပုံလာခြင်းဖြစ်ပါတယ်။ အသည်းအဆီဖုံးတဲ့ရောဂါမှာ အရက်အလွန်အကျွံသောက်သုံးမှု ကြောင့်အသည်းအဆီဖုံးခြင်းနဲ့ တခြားအကြောင်းများကြောင့် အဆီဖုံးခြင်းဆိုပြီးအကြောင်းရင်းနှစ်ခုရှိပါတယ်။ အသည်းအဆီဖုံးတဲ့ အခါ သွေးတွင်းကိုလက်စ်ထရောတွေတက်လာမယ်။ အ၀လွန်လာမယ်။ ဆီချိုရောဂါ၊ ခန္ဓာကိုယ်အ လေးချိန်တွေအမြဲကျလာတယ်။ အာဟာရချို့တဲ့လာမယ်စတဲ့ ဝေဒနာလေးတွေခံစားလာရပါလိမ့် မယ်။
ယေဘုယျအားဖြင့်တော့ အသည်းအဆီဖုံးသူအများစုက လက္ခဏာပြလေ့မရှိကြပါဘူး။ ဒါပေမဲ့ ၀မ်းဗိုက်မသက်မသာဖြစ်လာမယ်။ အ၀လွန်လာမယ်၊အစာစားချင်စိတ်လျော့နည်းလာမယ်။ နေထိုင်မကောင်းဖြစ်မယ်စတဲ့ ဝေဒနာတွေခံစားရလေ့ရှိပါတယ်။လက်ရှိအချိန်မှာတော့ အသည်းအဆီဖုံးရောဂါအတွက် ထိရောက်တဲ့ကုသမှုမရှိသေးပါဘူး။ ဒါပေမဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေ၊ စားသောက်မှုပုံစံပြောင်းလဲလိုက်ရုံနှင့် အသည်းအဆီဖုံးဝေဒနာကို အ နည်းငယ်မျှ သက်သာလာစေနိုင်ပါတယ်။ ပြီးတော့ အသည်းအဆီဖုံးဝေဒနာအတွက် အိမ်တွင်းဖြစ် သဘာဝဆေးဝါးလေးတွေရှိပါသေးတယ်။

ပန်းသီး၊ အရက် ဗီနီဂါ

ပန်းသီးအရက် ဗီနီဂါက အသည်းအဆီဖုံးဝေဒနာကို ကုသနိုင်တဲ့ သဘာဝဆေးဝါးတွေထဲကတစ်ခုပါ။ ပန်းသီးဗီနီဂါက အသည်းဝန်းကျင်တစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်အ လေးချိန်လျော့ကျစေဖို့ကူညီပေးပါတယ်။ အသည်းရဲ့လုပ်ဆောင်မှုတွေကို ကောင်းမွန်လာသလို အသည်းရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ နေ့စဉ်အစားမစားခင်မှာ ပန်းသီးအရက်ဗီနီဂါ လဿဘက်ရည် ၁ ဇွန်း၊ ပျားရည်အနည်းငယ်ကို ရေနွေးနွေးနဲ့ရောစပ် ပြီး တစ်နေ့နှစ်ကြိမ်သောက်သုံး ပေးနိုင်ပါတယ်။

သံပုရာရည်

သံပုရာရည်မှာအသည်းလုပ်ဆောင်မှုကို ပိုပြီးကောင်းမွန်စေတဲ့ အင်တီအောက်ဆီဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီပါဝင်ပါတယ်။ သံပုရာရည်က ခန္ဓာကိုယ်နဲ့အသည်းက အဆိပ်အတောက်များကို ဖယ်ရှား သန့်စင်ပေးပါတယ်။ သံပုရာသီး တစ်ဝက်ကိုအရည်ညှစ်ပြီး နေ့စဉ် နှစ်ကြိမ်မှ သုံးကြိမ်သောက်သုံးပေး နိုင်ပါတယ်။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းမှာအသည်း လုပ်ဆောင်မှုတွေကိုပိုပြီးတိုးတက်စေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ လက်ဖက်ရည်ကြမ်း ကအသည်းအတွင်းမှာ စုပုံနေတဲ့အဆီပိုတွေကိုဖယ်ရှားပေးပါ တယ်။ လက်ဖက်ရည်ကြမ်းကိုပုံမှန် သောက်သုံးပေးမယ်ဆိုရင် ခန္ဓာ ကိုယ်အလေးချိန်ကို ကျစေနိုင်ရုံ သာမက ခန္ဓာကိုယ်မှအဆီပိုတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

နနွင်း

အဖိုးတန် အင်တီအောက်ဆီ ဒင့်တွေကြွယ်ဝစွာပါဝင်တဲ့ နနွင်းက အသည်းအဆီဖုံးဝေဒနာအတွက် အကောင်းဆုံးဆေးဝါးဖြစ်ပါတယ်။ နနွင်းက အသည်းကအဆီပိုတွေ ကိုဖယ်ရှားပေးပြီး အသည်းကိုပို ကျန်းမာစေပါတယ်။ နနွင်းက အဆီကိုခြေဖြတ်နိုင်စွမ်းရှိပြီး ခန္ဓာ ကိုယ်အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ နနွင်းမှုန့်လက်ဖက် ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်ကို ရေ တစ်ဖန်ခွက်ခန့်ဆူအောင်တည်ပါ။ တစ်နေ့နှစ်ကြိမ်သောက်သုံးပေး နိုင်ပါတယ်။

နွယ်ချို

နွယ်ချိုကလည်း အသည်းအဆီဖုံးရောဂါကိုကာကွယ်တိုက်ဖျက်ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေထဲ ကတစ်ခုဖြစ်ပါတယ်။ နွယ်ချို လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကိုရေနွေးပူ ပူထဲမှာ ၅ -၁၀ မိနစ်ခန့်စိမ်ထားပေးပြီး အနည်ထိုင်သွားတဲ့အခါ ပျားရည်အနည်းငယ်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ်သောက်သုံးပေးနိုင် ပါတယ်။

သင်္ဘောသီး

သဘောင်္သီးအသားရော အစိပါ အသည်းအဆီဖုံးဝေဒနာကို ကုသပေးနိုင်ပါတယ်။ သင်္ဘောသီး ကအသည်းအဆီဖုံးခြင်းကိုဖြစ်စေတဲ့ အဆီတွေကို လျောင်ကျွမ်းစေဖို့ကူညီပေးပါလိမ့်မယ်။ သင်္ဘော သီးအစေ့ခြောက် ၅ -၆ စေ့ခန့် ကို သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောစပ်ပြီး တစ်နေ့နှစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကုလားဆီးဖြူသီး

ကုလားဆီးဖြူသီးကလည်း ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး အသည်းမှ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းများကို စွန့်ထုတ်ပေးပါတယ်။ ကုလားဆီးဖြူသီးက သွေးတွင်းကိုလက်စ်ထရောမြင့်မားခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါတွေကိုလည်း သက်သာစေပါတယ်။ ကုလားဆီးဖြူသီးကို နေ့စဉ် ၃-၄ လုံးခန့်စားနိုင်သလို ချက်ပြုတ် ရာမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
နောက်ထပ်ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းကောင်းလေးတွေကတော့ """
- ခနဿဓာကိုယ်အလေးချိန်အ လွန်တက်နေတဲ့အခါ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ တစ်ပတ်အတွင်း ၄ ပေါင် ဒါမှမဟုတ် ၄ ပေါင်ထက် အလေးချိန်ကျခြင်းက အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
- အဆီဓာတ်နည်းပါးပြီ၊း အမျှင်ဓာတ်ြွကယ်ဝတဲ့အစားအစာ များ စားသုံးပေးပါ။
- အချိုဓာတ်လွန်ကဲစွာစား သုံးခြင်း၊ ဆီကြော်မုန့်တွေစားသုံး ခြင်းရှောင်ပါ။
- အရက်သောက်သုံးခြင်း ရှောင်ပါ။

Health Guide
https://www.facebook.com/pg/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ