အ၀လွန်သောအမျိုးသမီးမရှိစေရ


လူသားဟူသည် အလှအပကြိုက်သည်မှာ အမှန်ဖြစ်သည်။ မိမိ ကိုယ်တိုင်လည်း လှပချင်သလို အများသူငါ လှပတာ မြင်ရင်လည်း အားကျတတ်သည်မှာ လူသဘာဝ ပင်ဖြစ်သည်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အလှအပ ကြိုက်သလို လမ်းတွင် တောင့်တောင့်ဖြောင့်ဖြောင့် ကောင်မလေးများတွေ့ရင် လည်ပြန်ငေးတတ်သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ သို့သော်လည်း ထိုသို့သော အလှအပ နောက်သို့ ကောက်ကောက်ပါပြီး ဖြတ်လမ်းမှ လိုက်၍ အမှားနောင်တ ရသူတွေလည်း ရှိနေသလို မှန်ကန်သည့် နည်းစနစ်ဖြင့် ပုံမှန်လျောက်လှမ်းနေသူများလည်းရှိသည်။ ကျွှန်တော် ဆိုလိုသည်မှာ ကျွန်တော်တို့ဧ။် ကမ္ဘာမြေကြီးသည် ယနေ့အချိန်အခါတွင် နည်းပညာများသည် အချိန်နှင့် တပြေးညီ တိုးတက် နေသည်မှာ လူသားတိုင်း အသိဖြစ်သည်။ တိုးတက်လာသည် နည်းပညာများနှင့် အပြိုင် လူသားတို့ဧ။် အလှအပ ကို မက်မော ခင်တွယ်စိတ်ဖြင့် သဘာဝနည်းလမ်း မဟုတ်သည့် အရာများဖြင့် ပြုပြင် ခွဲစိတ်မှုများ သည်လည်း တရှိန်တိုး ပြုလုပ်လာကြသည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ နည်းပညာများ တစ်စစဖြင့် ထွန်းကားနေပြီဖြစ်သည်။ ရင်သား ၊ တင်သား များခွဲစိတ်ပြီး ဆီလီကွန်များ ထည့်သွင်းခြင်း ၀မ်းဗိုက်ခွဲစိတ်ပြီး အဆီပြင် အလွာလိုက် ထုတ်ခြင်း၊ အဆီစုတ်ထုပ်ခြင်း ၊ အစားများများ မ၀င်နိုင်အောင် အစာအိမ်ကိုကိုခွဲစိတ်ပြီး လမ်းလွဲခြင်း၊ အစားအစာ အငတ်ခံနည်း ၊ ၀မ်းဗိုက်ကို ဆေးပူလိမ်းပြီး နှိပ်နှယ်ခြင်း ၊အဆီကျဆေးဆိုပြီး ၀မ်းနုတ်ဆေးနီးနီး အာနိသင်ဆေးဝါးများ သောက်သုံးခြင်း ၊အဆီကျစားသောက်နည်း ပရိုဂ၇မ်များဖြင့် လွဲမှားစွာ စားသုံးခြင်းစသည့် နည်းလမ်းများဖြင့် ဖြတ်လမ်းမှ လိုက်ပြီး ခဏတာ အဆီကျခြင်းကို မက်မောတွယ်တာ၍ ကိုယ်တွင်း အင်္ဂါ၇ပ်များ ထိခိုက်မည် ဆိုတာကို နားမလည်ကြပေ။ အဆိုပါ အရာများသည် လုံးဝ မလုပ်ပါနှင့်ဟုလည်း မတားဆီးနိုင်ပေ မိမိကိုယ်ကိုသာ ပိုင်ဆိုင်ပါသည်။ မှားသည် မှန်သည် အကျိုးအပြစ်ကို ကိုယ်တိုင်ဆင်ခြင်ပါ နားလည် တတ်ကျွမ်းသည် ဆရာများနှင့် တိုင်ပင်ပြီး ဆွေးနွေးသုံးသပ်ပါ သူများပြောစကားအတိုင်း လက်ခံပြီး မျက်စိမှိတ် မယုံလိုက်ပါနှင့်။ ခါးသေး ရင်ချီ ပဒုမ္မနီ ဆိုသည့် ဆိုရိုးစကား အတိုင်း မဖြစ်ရင်နေပါစေ သင့်တင့်သည် ကိုယ်ခန္ဓာ အချိုးအစား ရနိုင်ရေးကို အရင်မျှော်မှန်းပါ။ကျန်းမာရေး ပျက်ယွင်းပြီး ကိုယ်ခန္ဓာ အချိုးအစား ကြည့်မကောင်းအောင် အထိ ပိန်လွန်းခြင်း ၊ ၀လွန်းခြင်းသည် အများသူ အမြင်တွင် လုံးဝမတင့်တယ်နိုင်ပေ။ယနေ့အချိန်အခါသည် ။နိုင်ငံတော်ဧ။် ဈေးကွက်စီးပွားရေးစနစ် နက်နဲကျယ်ပြန်လာတာနဲ့အမျှ နိုင်ငံသားတို့ရဲ့ ကျန်းမားရေးထိန်းသိမ်းမြှင့်တင်တတ်မှု အသိတရားဟာလည်း တစ်ဆင့်ခြင်း လိုက်ပါတိုးတက် လာတာကို တွေ့ရပါတယ်။မြို့ပြဒေသအချို့ရဲ့ ကျန်းမာရေးအသိတရားအခြေအနေဟာ စည်းကမ်းတကျ နေထိုင် စားသောက်မှုအဆင့်ကို ကျော်လွန်ပြီးး ကိုယ်ခန္ဓာကြံခိုင်ရေးအတွက် သင့်တော်ရာ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခြင်းနဲ့ ဘ၀ရဲ့အမြင့်မားဆုံး ကျန်းမားရေးဆု ရယူတတ်သူ အရေအတွက်ဟာ သိသိသာသာများပြားလာတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။အရင်တုံးက အိမ်မှုကိစ္စတွေနဲ့ဘဲ တစ်နေ့တာ အချိန်ကုန်လွန်တတ်တဲ့ အမျိုးသမီးတွေဟာ အခုတော့ အိမ်မှုကိစ္စလုပ်ကိုင်ရုံလောက်နဲ့ ကိုယ်ခန္ဓာကြံခိုင်မှုအတွက် စိတ်မချရဘူး မလုံလောက် ဘူးဆိုတာ သူတို့သိလာကြပါပြီ။
ဒိလိုသိလာတာနဲ့အမျှ မေတို့ယုံကြည်နှစ်ခြိုက်ရာ နည်းလမ်းအမျိုးမျိုးနဲ့ ကိုယ်ကာယ ကြံခိုင်ရေးကို လေ့ကျင့်တည်ဆောက်လာကြပါတယ်။ နည်းမျိုးစုံအနက်က အမျိုးသမီးကိုယ်ကာယ လှပမှုကို အချိန်တိုအတွင်း အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ ကိရိယာလွတ်/ ကိရိယာ တွဲဖက် ကာယအလှလေ့ကျင့်နည်းဟာ ခုချိန်မှာ အမျိုးသမိးများ အဓိကအားထားရာ ရေပန်းအစားဆုံး လေ့ကျင့်မှုတစ်ခု ဖြစ်နေပါတယ်။
ကာယအလှကိုလေ့ကျင့်တဲ့ အမျိုးသမိးတို့ရဲ့ရင်ထဲမှာ၊ အချိုးအစားမကျတဲ့ ကိုယ်ခန္ဓာကိုအမြန်ဆုံး အချိုးအစားကျအောင် ပြုပြင်လိုကြပါတယ်။ ဒီဆန္ဒကို အရင်းတည်ပြီး အမြန်ဆုံးဖြစ်ချင်စိတ်နဲ့ ကြားဘူးနားဝရှိတဲ့ ဒါမှမဟုတ် ယုံကြည်ဘွယ်ရာ ပုဂ္ဂိုလ်များရဲ့ အကြံပေးလမ်းညွှန်မှုနဲ့ မြန်မြန်ကျ မြန်မြန်လှရင်ပြီးရောဆိုပြီး ရေပေါ်ဆီဖြတ်လမ်းနည်းကို သုံးတတ်ကြပါတယ်။
ဒီအခါမှာ အမျိုးသမီးတို့ဟာ ကိုယ်အလေးချိန်လျော့အောင် ရေလျော့သောက်တယ်၊ အစားအစာ လျော့စားတယ်၊ ညစာလွတ်တယ်၊ ၀မ်းနုတ်ဆေး၊ ဆီးဆေးနဲ့ ကောင်းနိုးရာရာအဆီကျဆေးတွေ သောက်တယ်၊ အပြင်းစားခုန်တယ်၊ အပြင်းစားတစ်ကိုယ်လုံးခါတယ်၊ ရေနွေးအကြာကြီး စိမ်ချိုး တယ်၊ ပိန်နေတဲ့သူကလည်း ၀လာအောင် အဆီအစိမ့်တွေများများစား ကိုယ်ခန္ဓာကိုအနည်းဆုံး လှုပ်ရှားပြီး တစ်နေကုန်အိပ်တယ်၊ ပြီးတော့ ဗိုက်ချပ်အောင် တစ်ခုခုနဲ့စည်းတယ်၊ ၀မ်းဗိုက်နဲ့ ဆီးစပ်ပိုင်းကို ခြေဖ၀ါးနဲ့ ခပ်ဖွဖွဖိပြီး အနင်းခံတယ်။ဒီလိုလုပ်တာတွေဟာ နဂိုလက်ရှိကျန်းမာရေးကို ထိခိုက်စေတဲ့ ပိုးဖလံမျိုးမီးကိုတိုး ကျိန်းသေကိုယ်ကျိုးနည်းမယ့် အမှားဆုံးလုပ်ရပ်တွေပါဘဲ၊ ကာယအလှလေ့ကျင့်ရေးနည်းလမ်း အမှန်နဲ့လည်း တစ်လမ်းဆီ မျဉ်းပြိုင်အနေအထားဖြစ်နေပါတယ်။ ဒီအမှားတွေ ဘယ်လိုဖြစ်ပေါ်လာသလဲလို့ ဆန်းစစ်ကြည့်ရင် ကိုယ်အလေးချိန်လျော့ဖို့ ကိုယ်အလေးချိန်တက်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ ကိုယ်အလေးချိန်ကို အဓိကမထားဘဲ အဆီကျပြီး ကြွက်သားတွေပုံစံကျကျ ကျစ်လစ်ဖွံ့ဖြိုးဖို့သာ ရည်ရွယ်ရမှာ ဖြစ်ပါ တယ်။မလိုအပ်တဲ့ အဆီတွေလျော့ချဖို့နဲ့ လိုအပ်တဲ့ကြွက်သားတွေ ဖွံ့ဖြိုးလာဖို့ ဘယ်လောက် အတိုင်းအတာထိ လေ့ကျင့်ရမလဲဆိုတာကတော့ ပုံသေအတိအကျတွက်လို့ ရတဲ့အရာ မဟုတ် ပါဘူး၊ လေ့ကျင့်သူရဲ့ လက်ရှိအခြေအနေများအပေါ်မှာသာ အခြေပြုတည်နေလို့ ဆိုရပါလိမ့်မယ်။ အဆီပိုလျော့ချရာမှာ မှန်ကန်တဲ့လေ့ကျင့်ခန်းနဲ့ သင့်တင့်မျှတစွာ ကယ်လိုရီဓာတ်ပါဝင်တဲ့ အစားအစာကို စည်းကမ်းတကျ ချင့်ချိန်စားသောက်ပေးခြင်းကသာ အဆီကိုလျော့ချခြင်းရဲ့ အရေး ကြီးဆုံး ပင်မသော့ချက်ဖြစ်ပါတယ်။တစ်ချို့က အစားအသောက်လျော့၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပြီး အဆီ လျော့တတ်ကြပါတယ်၊ အစားအသောက်နည်းလို့ လိုအပ်တဲ့ကယ်လိုရီမရတဲ့ချိန်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်းဟာ သူ့ရဲ့လောင်စာကယ်လိုရီနဲ့ အဆီကုန်ခမ်းသွားခဲ့ရင် ကြွက်သားကိုပါ လောင်စာအဖြစ်နဲ့ ဆက်လက်လောင်ကျွမ်းစေတာကြောင့် ဖွတ်မရ-ဓားလည်း ဆုံးမယ်၊ ကြံ့ခိုင်မှုပျက်သုန်းခြင်းကို ဖြစ်ပေါ်စေပါတယ်။အဆိုးဝါးဆုံးကတော့ ၀နေတဲ့ကိုယ်ခန္ဓာကို ချက်ချင်းအလေးချိန်လျော့ကျသွားပြီး ကြည့် ကောင်းအောင် အစားအသောက်ကို အနည်းဆုံးကန့်သတ်စားသောက်တဲ့ နည်းဘဲဖြစ်ပါတယ်။ ပိန်ရင် ကြည့်ကောင်းတယ်ဆိုပြီး၊ အလွန်အကျွံအစားအသောက်လျော့ခြင်း၊ (Diet) နည်းကိုသုံးတဲ့ အမျိုးသမီးတွေဟာ နောက်ပိုင်းမှာ အစားအသောက် ပျက်ခြင်းဝေဒနာ (Arioreda Nernosa) ခံစားရပြီး အံ့သြရလောက်အောင် အရိုးပေါ်အရေတင် ပိန်လှီတဲ့ဘ၀နဲ့ အသက်ဆုံးရှုံး ကြရပါတယ်။တစ်ချို့ကြပြန်တော့ ပိန်နေတဲ့ကိုယ်ခန္ဓာကို ပြည့်လာအောင်လို့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး လှုပ်ရှားမှုနည်းနည်းဘဲ လုပ်ကြပါတယ်၊ ဒီလိုလုပ်တဲ့အခါ လိုတာထက် အဆမတန်များနေတဲ့ ကယ်လိုရီဟာ အဆီနဲ့ကိုလက်စထရောလ်အဖြစ်ပြောင်းလဲပြီး သွေးကြော များကို ကျဉ်းမြောင်းစေတဲ့အတွက် သွေးတိုးရောဂါနဲ့ (Coronary Occlusion)လို့ခေါ်တဲ့ နှလုံး သွေးကြောပိတ်ရော
ဂါကို တကူးတကမွေးမြူထားသလို ဖြစ်နေပါတယ်။ဘာကြောင့်လဲလို့ရှင်းပြရရင်၊ အမျိုးသမိးတို့ရဲ့အစားအစား သာမာန်စားသုံးနှုန်းဟာ တစ်ပတ်မှာ ကယ်လိုရီ (၁၅၀၀)တိတိ ပိုလျှံစေပါတယ်။ ဒီပိုလျှံကယ်လိုရီကို ကျန်းမာရေးအသိနဲ့ အမြဲတွက်ချက် ချေဖျက်သွားသင့်ပါတယ်၊ လှုပ်ရှားမှုနည်းပါးတဲ့ အလေ့အထကြောင့် လောင်ကျွမ်းချေဖျက်နိုင်မှု မရှိခဲ့ရင် ပိုလျှံကယ်လိုရီဟာ (Fats) ခေါ် အဆီဓာတ်အဖြစ် ပြောင်းလဲသွားပါတယ်၊ ဒီအခါမှာ ကျန်းမာရေးအတွက် ကိုယ်အလေးချိန်အလိုက် တည်ရှိရမယ့်ကြွက်သား/အဆီအချိုးမှာ အဆီ အလေးချိန်နဲ့ရာခိုင်နှုန်း ပိုမိုများပြားလာပါလိမ့်မယ်။ အဲဒီအခါ အဆီအချိုးလွန်ကဲခြင်းဖြစ်လာပြီး ကိုယ်ခန္ဓာအချိုးအဆစ်ဟာလည်း တစ်နေ့တစ်ခြား ပုံပျက်ပန်းပျက် ၀လာပါလိမ့်မယ်။ဒီလိုဖြစ်လာပြီဆိုရင်၊ လိုတာထက်ကိုယ်အလေးချိန်တိုးပြီး ၀လာလေလေ အသက်ပိုတို လေလေဆိုတဲ့ ကျန်းမာရေးအသိနဲ့ ကြွက်သား/အဆီအချိုး ပြန်လည်မှန်ကန်မှုရရှိရေးအတွက် လှုပ်ရှားမှုကို ချိန်ဆပြုလုပ်သွားဖို့လိုပါတယ်။ချိန်ဆလှုပ်ရှားသွားနိုင်ဖို့အတွက် နေ့တဓူဝ လုပ်ဆောင်နေကျအလုပ် သီးခြား လေ့ကျင့်လှုပ်ရှားမှုတွေရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်း အကြမ်းဖျဉ်းပမာဏကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။
နေထိုင်လှုပ်ရှားမှုများ အသုံးပြုကယ်လိုရီ
ငြိမ်ငြိမ်ထိုင်နေခြင်း ၈၅- ၁၀၅
အိမ်သန့်ရှင်းရေး/ ရုံးအလုပ် ၁၂၅- ၃၀၀
လမ်းလျှောက်ခြင်း (တစ်နာရီ ၂ မိုင်နှုန်း) ၂၁၀- ၂၃၀
အမြန်လျှောက်ခြင်း (တစ်နာရီ ၄ မိုင်နှုန်း) ၃၁၅- ၃၄၅
တင်းနစ်ရိုက်ခြင်း၊ ဖြေးဖြေးပြေးခြင်း
(Jogring) တစ်နာရီ ၆ မိုင်နှုန်း ၃၁၅- ၄၈၀
ဘတ်စကတ်ဘောလ်/ ဘောလီဘောလ်
အေရိုးဗစ်/ ကြပ်တောင်/ ရေကူး
ကာယအလှကစားခြင်း ၄၈၀- ၆၂၅
အလေးချိန်လျော့ ကာယအလှလေ့ကျင့်တော့မယ်ဆိုရင် အစားအစာအနည်းဆုံး ကန့်သတ်လျော့စားတဲ့နည်းလမ်းကို လုံးဝရှောင်ကျဉ်ဖို့လိုသလို ဆင်ခြင်ချိန်ဆ စားသောက်နည်း ကိုလည်း မဖြစ်မနေအသုံးပြုတတ်ဖို့လိုပါတယ်။
ဘာပြုလို့လဲဆိုတော့-
ကိုယ်ခန္ဓာအချိုးအဆစ်ကြံ့ခိုင်မှုဟာ အစားအသောက်အပေါ် (၄၀)ရာခိုင်နှုန်း လှုပ်ရှားမှုအပေါ် (၃၀)ရာခိုင်နှုန်း အခြေပြုတည်ဆောက်ထားလို့ဘဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်လျော့လိုတဲ့ အမျိုးသမီးတို့ဟာ အစားအစာ ဆင်ခြင်ချိန်ဆ စားသောက်တဲ့နည်းနဲ့အညီ
(၁) (Fats) အဆီဓာတ်များပြားတဲ့ ဟင်းရွက်ဆီ၊ ၀က်သား၊ ဘဲသား၊ အမဲသား၊ အဆီနဲ့ သွေးကြောတွင်း အဆီဖြစ်စေတဲ့ ကိုလက်စထရော (Cholesterol) ပမာဏများကို လုံးဝ ရှောင်ကျဉ်စားသုံးရပါမည်။ (အကာကို လိုသလောက်စားသုံးနိုင်ပါတယ်။)
(၂) ကယ်လိုရီ အကြွယ်ဝဆုံးဖြစ်တဲ့ အဆီနဲ့ အချိုဓာတ်များပြားတဲ့ အိုက်စ်ကရင်၊ ကိတ်မုန့်၊ ဘီစကစ်မုန့်၊ အဆီများသော နို့၊ မလိုင်၊ ထောပတ်၊ Margaring ဟင်းရွက်ဆီ၊ ဒိန်ခဲများကို ရှောင်ကျဉ်စားသောက်ရပါမယ်။
(၃) (Arbohydrites) ကဆီဓာတ်များပြားတဲ့ အာလူး၊ ပိန်းဥ၊ ကန်းစွန်းဥ၊ ပြောင်းဖူး၊ သာကူ၊ ကောက်ညှင်းဆန်များကို ဂရုပြုချိန်ဆစားသောက်ရပါမယ်။
(၄) စည်သွပ်အသား/ဖျော်ရည်များနဲ့ ဆော်ဒါများစွာ ထည့်လုပ်ထားတဲ့ အစားအစာကို ရှောင်ကျဉ်စားသောက်ရပါမယ်။
(၅) အချိုဓာတ်လွန်ကဲတဲ့ အစားအစာများနဲ့ ဖျော်ရည်များကို ရှောင်ကျဉ်ရပါမယ်။ ဟောလစ်၊ ကိုးကိုး၊ မက်တိုဘာ၊ ကော်ဖီ၊ လက်ဘက်ရည်သောက်ခြင်းကို အချိုဓာတ်အနည်းဆုံးနဲ့ လျော့နိုင်သမျှ လျော့သောက်ပါ။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အသီးအနှံ (သံပရာရည်) ဖျော်စပ်ရာမှ သကြားအစား (Glucose) ဂလူးကို့အသုံးခြင်းဟာ ကိုယ်ခန္ဓာ အတွင်း အဆီတည်ဆောက်မှု အချိုလွန်ကဲခြင်းကို ကင်းရှင်းစေပါတယ်။
(၆) တစ်ချို့က အချဉ်ဓာတ်ရှိတဲ့ အစားတွေတိုင်းမှာ ကိုလက်စထရော (Cholestrol) ဓာတ် ကင်းရှင်းတယ်လို့ ထင်ကြပါတယ်။ အဲဒါ မှားပါတယ်။ မန်ကျည်းသီး၊ မရမ်းသီး၊ ဇီးသီး တွေမှာ ကိုလက်စထရော (Cholestrol)ဓာတ် ပမာဏဟာ အသင့်အသင့်ပါဝင်နေတာမို့ ကိုလက်စထရောလ်ဓာတ် နည်းပါးကင်းရှင်းတဲ့ သံပရာသီး၊ ရှောက်သီး၊ ဇီးဖြူသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သရက်သီးတို့ကို ဦးစားပေး ရွေးချယ်စားသုံး ပေးသင့်ပါတယ်။
(၇) ဟင်းအနှစ် ဟင်းအရည်များများနဲ့ အစားအစာစားသောက်ခြင်းကို ရှောင်ကျဉ်ရပါမယ်။
(၈) ရေသောက်နည်းခြင်းမရှိစေဖို့ ရေအေးသောက်သုံးခြင်းကို တစ်နေ့ ပျမ်းမျှနှုန်း အနည်းဆုံး ဖန်ခွက် (၈)ခွက် သောက်သုံးပေးရပါမယ်။ အဆီအချိုးပိုမိုမှုကာကွယ်ရေး နည်းလမ်း ကောင်းတစ်ခုဖြစ်တဲ့ ရေလုံလောက်စွာသောက်သုံးပေးခြင်းကို မိမိအရပ်အမြင့် (လက်မ ပေါင်း)အား တစ်လက်မနှစ်ပေါင်နှုန်းနဲ့တွက်ချက်ပြီး ယင်းပေါင်ချိန်ထက် (၂၅)ပေါင်ပိုတိုင်း တစ်နေ့ ပျမ်းမျှသောက်နှုန်း ဖန်ခွက် (၈)ခွက်အပြင် ရေအေးတစ်ဖန်ခွက်နှုန်းကျ တိုးမြှင့် သောက်သုံးပေးရပါမည်။
(၉) အစားအစာစားသောက်ချိန်နဲ့ ရေသောက်ချိန် အနည်းဆုံး နာရီဝက်ခန့် အစာ စားသောက်ချိန်နဲ့ လဲလျောင်းအိပ်စက်ချိန်ကို အနည်းဆုံး တစ်နာရီခန့် ကွာခြားပြီး ညစာစားချိန်နှင့် အိပ်ရာဝင်ချိန်အကြား ညင်သာတဲ့လှုပ်ရှားမှုတစ်ခုခု ရှိသင့်ပါတယ်။ (ဥပမာ- လမ်းလျှောက်ခြင်း)
(၁၀) လေ့ကျင့်ခန်းအတွက် အနားတဲ့အခါ လဲလျောင်းအိပ်စက်ပြီး အနားမယူမိပါစေနဲ့၊ သွေးလှည့်ပတ်နှုန်းကျဆင်းပြီး လှုပ်ရှားမှုဆက်စပ်ခြင်း ကင်းမဲ့စေကာ ရာနှုန်းပြည့် ထိရောက်နိုင်ခြင်းမရှိတော့ဘဲ ဖြစ်သွားပါလိမ့်မည်။
(၁၁) ကရိယာတွဲဖက်လှုပ်ရှားမှု နည်းစနစ်သင်ကြားရာမှာ (အလေးလွတ်အပေါ့)နဲ့ စတင် လေ့ကျင့်ရပါမယ်။
(၁၂) နေမကောင်းတဲ့ဖြစ်တဲ့အခါ လေ့ကျင့်လှုပ်ရှားမှု လုံးဝမပြုလုပ်ပါနဲ့။
(၁၃) လှုပ်ရှားမှုအင်အားမှန်ကန်စေဖို့အတွက် အသက်ရှုခြင်းကို ဖွင့်ပြီးရှုထုတ်ပါ။ (နှာခေါင်းမှ ရှုသွင်းပြီး ပါးစပ်မှမှုတ်ထုတ်ရမှာ ဖြစ်ပါတယ်။)
(၁၄) လေ့ကျင့်ကောင်းတိုင်း စိတ်အလိုလိုက်ပြီး သတ်မှတ်ထားတာထက် ပိုကစားခြင်းကို ရှောင်ကျဉ်ရပါမယ်။
(၁၅) လေ့ကျင့်မှုပြုလုပ်ရာမှာ ရှောင်ကျဉ်ရမယ့် အချက် (၅)ချက် ရှိပါတယ်။ (တစ်) စိတ်ပါဝင်စား မှု မရှိခြင်း။ (နှစ်) အကြိမ်/အကျော့/အလေးသတ်မှတ်မှု များလွန်ခြင်းနဲ့ နည်းလွန်းခြင်း။ (သုံး) နည်းစနစ်ကျမှုကို အလေးမထားခြင်း။ (လေး) ပင်ပန်းခဲယဉ်းလွန်းတဲ့ လေ့ကျင့်ခန်း များကို အစဉ်အလိုက် စတင်မလှုပ်ရှားခြင်းနဲ့ ချို့ယွင်းချက်အရှိဆုံး ကြွက်သားအစိတ် အပိုင်းများအတွက် ဦးစားပေးစတင်မလှုပ်ရှားမှုများ ပြီးဆုံးပါက သွေးအေးလေ့ကျင့်ခန်းများ ကို မပျက်မကွက် ပြုလုပ်ရပါမယ်။
(၁၇) လေ့ကျင့်ပြီးသောအခါ အမောပြေမှ ရေချိုးပါ။ (အချိန်ကြာကြာစိမ်ပြီး မချိုးပါနဲ့) ရေချိုးပြီး အ၀တ်နဲ့ ခြောက်အောင်သုတ်ပစ်ပါ။ အေးတဲ့ရာသီမှာ ကိုယ်ကိုနွေးထွေးစေမယ်။
(၁၈) ပျမ်းမျှတစ်နေ့ (၈)နာရီတိတိအိပ်စက်ပါ။ ည(၁၀)နာရီမှ နံနက်(၆)နာရီအတွင်း အိပ်စက်ရင် ပိုသင့်တော်ပါတယ်။ တကယ်လို့ ကာယ/ဥာဏအသုံးချချိန်များတဲ့နေ့တွေအတွက် အိပ်ချိန် တိုးမြှင့်ပြီး အနားယူတဲ့အခါ အိပ်ရာထချိန် နံနက်(၆)နာရီကို မပြောင်းလဲဘဲ ညအိပ်ရာ ၀င်ချိန် စောပြီးအိပ်ရာဝင် အနားယူရပါမယ်။
(၁၉) လှုပ်ရှားမှုပြုချိန်/လှုပ်ရှားမှုကင်းမဲ့ချိန် ခွဲခြားခြင်းစနစ်အရ စားသောက်ချိန်နဲ့ အိပ်စက်ချိန်ကို နီးကပ်မှုမရှိစေဖို့ လိုပါတယ်။ စားသောက်ချိန်နဲ့ အိပ်စက်ချိန်ကို အနည်းဆုံး တစ်နာရီခန့် ကွာခြားမှု ပြုရပါမယ်။
(၂၀) ကစားရက်/အချိန်နဲ့ အနားယူရက်များကို တိကျမှန်ကန်စွာ လှုပ်ရှားဆောင်ရွက်ရပါမယ်။
အဲဒီကိုယ်ကာယအလှစည်းကမ်းတွေနဲ့အညီ လှုပ်ရှားတဲ့နေရာမှာ အသက်အရွယ် အရပ် အမောင်းအလိုက် အမျိုးသမီးတို့ရှိသင့်တဲ့ ကိုယ်အလေးချိန်ဇယားနဲ့ ကိုက်ညှိပြီး ကိုယ်အလေးချိန် လျော့တာ တင်တာ ထိန်းသိမ်းတာတွေကို နည်းလမ်းမှန်မှန် နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ရေးဇယား ဆွဲပြီး စနစ်တကျလုပ်ဆောင်သွားသင့်ပါတယ်။
အမျိုးသမီးတို့ရဲ့ လက်ရှိအခြေအနေဟာ ဘယ်လောက်ပဲ ပုံပျက်ပန်းပျက်ဖြစ်နေပါစေ စိတ်မပျက် ပါနဲ့၊ အားငယ်မှုကိုဖျောက် မုချပြောင်းလဲသွားရမယ်ဆိုတဲ့ ယုံကြည်မှုအပြည့်ထားပြီး တစ်ဆင့်ခြင်း ကြိုးစားသွားဖို့ တိုက်တွန်းလိုက်ပါရစေ။
လေ့ကျင့်မှုစ-စချင်း ပထမပတ်အတွင်းမှာ ကိုယ်အလေးချိန်နည်းနည်းတက်လာတာကို အမျိုးသမီးတို့ စိတ်မညစ်ပါနဲ့၊ ဒါဟာလှုပ်ရှားမှုကြောင့် ကြွက်သားတွေ ကျစ်လစ်သိပ်သည်းလာတဲ့ ကောင်းသော လက္ခဏာသာ ဖြစ်ပါတယ်။ အဲဒီတက်လာတဲ့ ကိုယ်အလေးချိန်ဟာ နောက်အပတ်ထဲမှာ ပြန်ကျ သွားပါလိမ့်မယ်။
လေ့ကျင့်မှုအရှိန်ရလာတာနဲ့အမျှ အမျိုးသမီးတို့ရဲ့ ကိုယ်ခန္ဓာအချိုးအစား မှန်ကန်မှုဟာ တစ်လ အတွင်း သိသိသာသာကြီး ပြောင်းလဲတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။ စည်းကမ်းတကျ ဆက်ပြီးလေ့ကျင့်လိုက်ရင် မကြာခင်မှာဘဲ၊ ကျန်းမားရေးဇယား ကိုယ်အလေးချိန်နဲ့ ကိုက်ညီ လာပါလိမ့်မယ်။အမျိုးသမီးတို့ရဲ့ ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ပေါင် ဘယ်လောက်ရှိသင့်သလဲဆိုတာ ဇယားထဲမှာ ကြည့်ရှုရင်း အမျိုးသမီးထု အားလုံး အ၀လွန် အလွန်ဝခြင်းမှ ကင်းဝေးနိုင်ကြပါစေ။။

အောင်အောင်(လှိုင်)
Health Guide
https://www.facebook.com/pg/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ