ကော်ဖီသောက်သုံးခြင်းရဲ့ ဆိုးကျိုး( ၅) ချက်


လူတော်တော်များများဟာ ကော်ဖီကို ကြိုက်နှစ်သက်စွာ သောက်သုံးကြပါတယ်။ ကော်ဖီဟာ လူတို့ကျန်းမာရေးအတွက် ကောင်းကျိုးလဲပေးစွမ်းသလို ဆိုးကျိုးတွေလည်းရှိပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်သုံးခြင်းမှ ရရှိနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကော်ဖီမှာ ဖျားနာခြင်း၊ ခေါင်းကိုက်စေခြင်းနဲ့ ယေဘုယျအားဖြင့်ဆိုးရွားတဲ့ ဝေဒနာတွေကို ခံစားရစေနိုင်တဲ့ မသန့်စင်တဲ့ ကော်ဖီမှုန့်တွေ ပါဝင်ပါတယ်။
(၂) ကော်ဖီသောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကဖင်းဓါတ် (၁၃) ဂရမ်ထက်ပိုပြီး သောက်သုံးမယ်ဆိုရင် ဗိုက်အောင့်ခြင်း ဖြစ်ပေါ်စေတတ်ပြီး သေနိုင်တဲ့အထိပါ ဖြစ်တတ်ပါတယ်။
(၃) ဆေးသုတေသီကတော့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကော်ဖီတနေ့ကို တခွက်ထက်ပိုမသောက်သုံးသင့်ဘူးလို့ ဆိုထားပါတယ်။ ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဓါတ်ရဲ့ အဆိပ်အတောက်ဟာ သန္ဓေသားကို တိုက်ရိုက်သက်ရောက်တဲ့အခါမှာ သန္ဓေသားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၄) ကော်ဖီမှာ (Cafestol) နဲ့ (Kahweol) ပါဝင်နေမယ်ဆိုရင် (LDL) လို့ ခေါ်တဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို မြင့်တက်စေပါတယ်။
(၅) ကော်ဖီသောက်သုံးခြင်းဟာ နှလုံးခုန်နှုန်းကို မြန်စေတာကြောင့် နှလုံးရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး စိတ်ကစဥ့်ကလျားဖြစ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးကို ကောင်းကျိုးတွေ ပေးနိုင်သလို ဆိုးကျိုးတွေလည်း ပေးနိုင်တာကြောင့် ဆင်ခြင်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

Credit: မိုမိုလေး
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ