လူ့ခန္ဓာကိုယ်၏ အံ့ဩဖွယ်အချက်များ


အစာအိမ်

အစာအိမ်၏ အစာချေအက်ဆစ် ဓါတ်သည် သွပ်ကိုပင် အရည်ပျော် စေနိုင်သည့် ပြင်းအားရှိသည်။ သို့ သော် အစာအိမ်၏အတွင်းနံရံသည် အချိန်နှင့်အမျှ အသစ်ဖြစ်နေသည့် အတွက် အက်ဆစ်တိုက်စားခြင်း မဖြစ် စေရန် ကာကွယ်ထားနိုင်သည်။

... အဆုတ်

အဆုတ်တွင် ဆံခြည်မျှင်သွေး ကြောသန်းပေါင်း (၃၀ဝ၀ဝ၀)ကျော် ပါဝင်ပြီး ၄င်းတို့ကိုဆက်၍ သွယ် တန်းကြည့်မည်ဆိုပါက မိုင်ပေါင်း (၁၅၀ဝ) ကျော်ရှည်လျားသည်။

အရိုး

အရိုးသည် ကွန်ကရစ်ထက် လေးဆပိုမိုမာကျောသည်။ အရိုးထု တစ်ကုဗလက်မသည်ပေါင် (၁၉၀ဝ၀) အလေးချိန်ကိုခံနိုင်ရည်ရှိသည်။

အရေပြား

လူ့ခန္ဓာကိုယ်၏ အကြီးဆုံးအင်္ဂါ အစိတ်အပိုင်းမှာ အရေပြားဖြစ်သည်။ လူတစ်ဦးတစ်သက်တာ လဲလှယ်ခဲ့ သမျှ အရေခွံများသည် ပေါင် (၄၀) ခန့်အလေးချိန်ရှိသည်။

အရပ်

အိပ်ရာထချိန်တွင် အရပ်အရှည် ဆုံးဖြစ်ပြီး တစ်နေ့တာလှုပ်ရှားသွား လာမှု ပြုလုပ်ရာမှာမြေဆွဲအားကြောင့် အရပ်အနည်းငယ်ပုဝင်သည်။ တစ် ညတာ အိပ်စက်ပြီးချိန် တွင်အရိုးများ ပြန်ဆန့်ထွက်ပြီး အရပ် အနည်းငယ် မြင့်လာသည်။

တံတွေး

လူတစ်ဦး၏ တစ်သက်တာတွင် ရေကူးကန်နှစ်ကန်စာမျှ တံတွေး ထုတ်လုပ်နိုင်သည်။

လည်ချောင်း

ကမ္ဘာပေါ်ရှိနို့တိုက်သတ္တဝါ (mammals) အမျိုးအစားများအ နက် အသက်ရှူလျက်တစ်ပြိုင်နက်အစာရေမျိုချခြင်းမပြုလုပ်နိုင်သည့် သတ္တဝါမှာ လူသားတစ်မျိုးတည်း သာရှိသည်။

နှာခေါင်း

နှာခေါင်းသည် အနံ့ပေါင်း (၅၀ဝ၀ဝ) ကျော်ကို မှတ်သားနိုင်စွမ်း ရှိသည်။ နှာချေသည့်အခါ နှာခေါင်း တွင်းမှ ထွက်သည့်လေသည် တစ်နာ ရီမိုင် (၁၀ဝ) ကျော်အရှိန်ရှိသည်။

သီဟ
Source:RD
Myanmar News Update

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ