အစာအိမ်ပြသာနာရှိသူတွေ ရှောင်ကြည်သင့်တဲ့ အစားအစာများ



 နေ့စဉ် စားသောက်နေကျ အစားအစာတွေထဲမှာ ကာဘွန်ဟိုက်ဒရိတ် ၊ အဆီဓါတ် ၊ အသားဓါတ် ၊ ဆားဓါတ် ၊ ဗီတာမင်ဓါတ်များ ၊ သတ္တုဓါတ်များ ၊ အမျှင်ဓါတ်များ အစရှိတဲ့ အာဟာရဓါတ်တွေ အချိုးအစားကျနစွာ ပါဝင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် သင်ရဲ့အစာအိမ်ကို ဒုက္ခကောင်းကောင်း ပေးနိုင်ပါတယ်။ တကယ်လို့ သင်ရဲ့အစာအိမ်မှာ ပြသာနာတစ်စုံတစ်ရာ ရှိနေပြီဆိုရင်တော့ ယခုဖော်ပြပေးသွားမယ့် အစားအစာများကို လုံးဝကိုရှောင်ကြည်သင့်ပါတယ်။

နို့ထွက်ပစ္စည်းများ

 အစာခြေဖျက်ဖို့ ခက်ခဲတဲ့ အစားအစာတွေထဲမှာ နို့ထွက်ပစ္စည်းများလည်း အပါအဝင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့ထွက်ပစ္စည်းတွေမှာ အစာခြေစနစ်ကို အဟန့်အတားဖြစ်စေတဲ့ နို့သကြားဓါတ်တွေ အဓိကပါဝင်နေလို့ပါပဲ။ နို့သကြားဓါတ်ကို ခပ်များများလေး သုံးစွဲမယ်တယ်ဆိုရင် အူလမ်းကြောင်းတွေက ပိုမိုကျယ်ပြောလာပြီး ဝမ်းမကြာခဏသွားခြင်းတွေ ဆိုးရွှားစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့ပေမယ့် ဒိန်ချဉ်နဲ့ ဒိန်ခဲမာမာကြီးတွေကတော့ နို့သကြားဓါတ် မပါဝင်လို့ စိတ်ချစွာ စားသုံးနိုင်ပါတယ်။

ပူစပ်သောအစားအစာများ

 ဒါကိုတော့ လူတော်တော်များများ သိထားကြမယ်လို့ ထင်ပါတယ်။ အပူအစပ်တွေဟာ တခြားလူတွေအပေါ်မှာ ဘာမှသက်ရောက်မှု မရှိနိုင်ပေမယ့် မအီမအာဖြစ်ခြင်း ၊ အော့အန်ခြင်းနဲ့ ပျို့တတ်ခြင်းတို့လို အစာအိမ်ဝေဒနာ ရှိသူတွေအဖို့ကတော့ အပူအစပ်ဟာ ရန်သူပါပဲ။ အစာအိမ်ရောဂါရှိနေတယ်ဆိုရင် အပူအစပ်ကို ရှောင်ကြည်ပြီး အစာခြေလွယ်နိုင်မယ့် အစားအစာမျိုးကို ရွေးချယ်သင့်ပါတယ်။

အက်ဆစ်ဓါတ်ပါဝင်တဲ့ အစားအစာများ

 ခရမ်းချဉ်သီးဆော့နဲ့ သံပုရာသီး ၊ ရှောက်သီး ၊ လိမ္မော်သီးနဲ့ စပျစ်သီးတို့လိုအက်ဆစ်ဓါတ်ပါဝင်တဲ့ အစားအစာတွေကိုလည်း အစာအိမ်ဝေဒနာရှိသူတွေ ရှောင်ကြည်သင့်ပါတယ်။ အစာအိမ်မကောင်းဘူးလို့ ယူဆနေမယ်ဆိုရင် ဒီလိုအက်ဆစ်ဓါတ်ပါဝင်တဲ့ အစားအစာမျိုးတွေကို လုံးဝလျစ်လျူရှုထားသင့်ပါတယ်။

အဆီများတဲ့ အစားအစာတွေ

 အဆီတအားများတဲ့ အစားအစာတွေကို မကြာခဏ စားသုံးမိမယ်ဆိုရင် အစာခြေဖျက်တဲ့လမ်းကြောင်းကို ကျဉ်းမြောင်းသွားစေနိုင်ပြီး ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့လို ဝမ်းရောဂါတွေ ဆိုးရွှားစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို သင်တို့စားသောက်လိုက်တဲ့ အဆီအမျိုးစားပေါ်မှာမူတည်ပြီး အကျိုးသက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အစာအိမ်ပြသာနာရှိသူဆိုရင် တစ်နေ့တာစားမယ့် အစားအစာစာရင်းထဲမှာ အဆီများတဲ့ ဟင်းလျာတွေကို ခဏဖယ်ရှားထားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#healthy.thithtoolwin.com

 Ref: everydayhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ