ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံးဝမ်းရောဂါကူးစက်ပြန့်ပွားမှုနှင့် ယီမင် ရင်ဆိုင်ရဖွယ်ရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး


ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ယီမင်နိုင်ငံအား ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံးဝမ်းရောဂါကူးစက်ပြန့် ပွားမှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု သတိပေးခဲ့ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။
ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ် ခဲ့သည့် လေ့လာမှုများအရ ယီမင်တွင် ဝမ်းရောဂါ ကူးစက်ခံရသူဦးရေမှာ နှစ်သိန်းခန့်ရှိနေပြီဖြစ်ကြောင်း၊ ဝမ်းရောဂါကြောင့် သေဆုံးသူ ၁၃ဝဝ ရှိခဲ့ပြီး သေဆုံး သူများထဲ၌ လေးပုံတစ်ပုံခန့်မှာ ကလေးသူငယ်များ ဖြစ်ကြောင်း၊ ဝမ်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံး သူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း တွေ့ရှိထားသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ယီမင်နိုင်ငံ၌ ဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် နည်းလမ်း ပေါင်းစုံအသုံးပြုဆောင်ရွက်လျက်ရှိသော်လည်း အောင် မြင်မှုရရှိခြင်းမရှိသေးကြောင်း အတည်ပြုထားသည်။

ဝမ်းရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရန် အတွက် လိုအပ်သည့်အစီအမံများဖော်ဆောင်ရာတွင် စစ်ဖြစ်ပွားနေခြင်းကြောင့် အဟန့်အတားများ ကြုံတွေ့ လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တစ်ရပ်တွင် နေ့စဉ်ဝမ်းရောဂါကူးစက် ခံရသူဦးရေမှာ ၅ဝဝဝ ခန့်ရှိနေကြောင်း၊ နှစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သော ယီမင်နိုင်ငံအတွင်းရှိ စစ်ပွဲ များကြောင့် သောက်သုံးရေပေးစနစ်နှင့် မိလ္လာစနစ် များ ပျက်စီးခဲ့ခြင်းမှာ ဝမ်းရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပွားစေရန် တွန်းအားပေးခဲ့သည့်အချက်များဖြစ် ကြောင်းဖော်ပြသည်။

The Union Daily
https://www.facebook.com/uniondaily.net/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ