ဗီတာမင်ဒီ ဖြည့်စွက်ပေးခြင်းဖြင့် ပန်းနာရင်ကြပ်ကုသမှုအား ပိုမိုထိရောက်စေနိုင်


ပန်းနာရင်ကြပ် ဝေဒနာကို ခံစားနေရသူများအတွက် သတင်း ကောင်းတစ်ခုအဖြစ် သုတေသီတို့မှ ပန်းနာရင်ကြပ် ကုသမှုတွင် ဗီတာမင် ဒီ ဖြည့်စွက်ပေးခြင်းသည် ပြင်းထန်စွာ ရင်ကြပ်ခြင်း အန္တရာယ်ကို လျော့ချ ပေးနိုင်ကြောင်း ထုတ်ဖော်လိုက်ပါ သည်။ ဗြိတိန်နိုင်ငံ လန်ဒန် တက္ကသိုလ်ရှိ ဗြိတိန်ပန်းနာရင်ကြပ် အသုံးချ သုတေသနစင်တာမှ ပါမောက္ခ အေဒရီယန်မာတီနေးနှင့် လုပ်ဖော်ကိုင်ဖက် သုတေသနပညာ ရှင်များမှ ၎င်းင်းတို့၏ တွေ့ရှိချက်ကို ဥရောပ အသက်ရှုလမ်းကြောင်းဆိုင် ရာ အဖွဲ့အစည်းကြီး၏ နိုင်ငံတကာ ကွန်ဂရက် ၂၀၁၆ ခုနှစ်တွင် တင်ဆက်ရှင်းပြခဲ့ပါသည်။

ယခင်က ပြုလုပ်ခဲ့ပြီးသော သုတေသနများတွင် ပန်းနာရင်ကြပ် ရှိသူများတွင် ဗီတာမင် ဒီ ဓာတ်နည်း ပါးနေခြင်းနှင့် ရင်ကြပ်မှု ပြင်းထန် ခြင်းတို့ ဆက်စပ်မှုရှိနေကြောင်း သိရှိခဲ့ပြီးနောက် ဗီတာမင်ဒီဖြည့်စွက် ပေးခြင်းဖြင့် မည်သည့်အကျိုးကျေးဇူး ရရှိလာနိုင်မည်ကို လေ့လာခဲ့ခြင်းဖြစ် သည်။ လက်ရှိ အသုံးပြုနေသည့် ကုသမှုနည်းလမ်းများထဲသို့ ဗီတာမင် ဒီ ဖြည့်စွက်ပေးခြင်းဖြင့် ပြင်းထန်စွာ ရင်ကြပ်ခြင်းအန္တရာယ်ကို လျော့ချ ပေးပြီး ဆေးရုံသို့ တက်ရောက်ရခြင်း အရေအတွက်ကိုလည်း သိသာစွာ လျော့ချပေးနိုင်ကြောင်း သိရှိရပါ သည်။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ