ဆေးလိပ်သောက်ခြင်း၏ ကျန်းမာရေးအန္တရာယ်များ


၁။ ဆေးလိပ် သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန် ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက် စေနိုင်ပါတယ်။

၂။ ဆေးလိပ် သောက်တာကြောင့် ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွားပါတယ်။

၃။ ဆေးလိပ် သောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေး ပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန် မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်း တွေလည်း ညံ့ဖျင်း တတ်ပါတယ်။

၎။ သင် ဆေးလိပ် သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေရောဂါ ရတတ်ပါတယ်။

၅။ ဆေးလိပ်တစ်လိပ်ကို ၁၀၀ ကျပ်ပေးရပါတယ်။ တစ်နေ့ကို ၁၀ လိပ် သောက်မယ်ဆိုရင် တစ်နှစ်စာအတွက် ၃၆၅၀၀၀ ကျပ် အပိုငွေကုန်ပါတယ်။

၆။ အရွယ်မတိုင်ခင် အိုစာတာတွေ မဖြစ်ရလေအောင် ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ် သောက်တာကြောင့် collagen ထုတ်လုပ်မှု ၄၀% ကျဆင်းသွားပြီး အရွယ်မတိုင်ခင် အရေး အကြောင်းတွေ ပေါ်တတ်ပါတယ်။

၇။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာ အာရုံတွေ ပိုကောင်း သွားပါတယ်။

၈။ ဆေးလိပ်စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာပါတယ်။

Health Update Journal မှ ကူးယူဖော်ပြပေးပါသည်။

ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ