ဆီးချို ရောဂါ ခံစားနေရတဲ့သူ


လူတယောက်ဟာ တနေ့ မှာနေမကောင်းဖြစ်သတဲ့ သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့ ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ ဆရာဝန်ပြ စစ်ဆေးကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့ ဒီလို နဲ့  ဆေးစားလာတာ ၂ နှစ်လောက် ကြာပါတယ်
အသက် ၅၇ မှာ မလေးရှားက သူ့ မောင်နှမတွေဆီလာလည်တော့ သူ့ မှာ ဆီးချို ရောဂါဖြစ်နေတာကို သိတော့ ညီတယောက်က ဒီကြက်သံပုရာပေါင်းကို လုပ်ကျွေးပါတယ်
နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ ခံစားနေရတဲ့သူက ဒီနည်းနဲ့ ပျောက်ကင်းသက်သာရာရခဲ့လို့  သူလည်း ပျောက်ချင်စိတ်နဲ့  သောက်ပါသတဲ့

ကြက်ပေါင်းနည်းက ၆၀သားလောက် အနေတော် ကြက်တကောင်ကို ခြေထောက်နဲ့  ခေါင်း ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ထက်ခြမ်းခွဲ ထည့် ဆား အနည်းငယ် နဲ့  ရေကို ကြက်မြုပ်ရုံထည့်ပြီး ပေါင်းတာ ပါပဲ
အဲဒီကြက်ပေါင်းကို သူ့ ဆွေမျိုးတွေက သူမလေးရှားမှာနေစဉ် ၄ ကြိမ် လုပ်ကျွေးခဲ့တယ်
အရသာက ဆိုးတော့ ကြက်တကောင်ပေါင်းရင် ကုန်အောင် တပတ်လောက်ထားစားရသတဲ့
သူက ဆွပ်ပ် သောက်သလို သောက်လိုက် ညလယ်စာအဖြစ် တရေးနိုးထစားလိုက်နဲ့  လုပ်ခဲ့ပါတယ်
ဒီလိုနဲ့  ၂ လ အကြာ သူ ထိုင်ဝမ်ကို ပြန်တဲ့အခါ ဆေးစစ်ကြည့်တော့ဆီးချို အတက်အကျ မရှိတော့လို့  ဆရာဝန်က ဆီးချိုအတွက် သောက်ရတဲ့ဆေးတွေ ဖြတ်ပေးလိုက်ပါတယ်
ဆီးချိုတိုင်း ကိရိယာလေးနဲ့  အမြဲပဲ စောင့်စစ်ဆေးတော့လဲ ပုံမှန်ပဲ ဖြစ်နေပါတယ်
အဲဒီနောက်ပိုင်းလည်း တစ်လ တကြိမ်လောက်တော့လုပ်စားဖြစ်ပါတယ်
ခုဆို သူဟာ အသက် ၇၁ နှစ် သားသမီး မြေးမြစ်တွေရှိရာ ကနေဒါနဲ့  အမေရိကား မှာ သွားရောက်နေထိုင်ရင်း ကျန်းမာစွာနဲ့  ဘဝကို ဖြတ်သန်းနေပါသတဲ့
ဆီးချိုအတွက် လုပ်စားကြည့်လို့ လည်း ဥပါဒ် မဖြစ်နိုင် ပျောက်ရင် အမြတ် မပျောက်ရင် အရင်း ဆိုပြီး ဆီးချို ဝေဒနာသည်တယောက်ကို ဒီနေ့  ကြက်သံပုရာပေါင်း လုပ်ကျွေးပါတယ်

*အတွင်းကလီစာများကို ထုတ်ပြီး သန့် စင်ထားတဲ့ ကြက် ( မွေးမြူရေးကြက်မဟုတ်တဲ့ ဗမာကြက် ရရင် ပိုကောင်းပါတယ် )
ကို ခေါင်း နဲ့  ခြေထောက်ဖြတ်ပြီး သံပုရာသီး ၄ လုံးကို ကို ခြမ်းပြီး ကြက်ကို ရေမြုပ်ရုံထည့် ပြီး မီးအေးအေး မှာ ၂ ထပ်ပေါင်းအိုးနဲ့  ၁ နာရီ နီးပါး ပေါင်းပါတယ်
ဒယ်အိုးထဲမှာရေထည့်ပြီး ကြက်ထည့်ထားတဲ့ အိုးကိုထည့်ပေါင်းလည်းရပါတယ်
ဟပ်က ( Hokkien ) လူမျိုးတို့ ရဲ့  ရိုးရာဆေးနည်းလို့  သိရပါတယ် ဆေးလည်းအစာ အစာလည်းဆေး ပေါ့နော် ..

(သတိ - CP ကြက်တွေကိုအသုံးမပြုပဲ အိမ်ကြက်ကိုသာအသုံးပြုရမှာဖြစ်ပါတယ်)

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ