ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေတဲ့ အဆိပ်အတောက်


ဒီတွေ့နေကျပစ္စည်းက ကျွန်ုပ်တို့ နေ့စဉ်စားသုံးတဲ့ အကြီးမားဆုံး အဆိပ်အတောက်ဖြစ်ပါတယ်။ နောက်မကျခင် ရပ်တန့်ပါ။ အချိုမှုန့် monosodium glutamate E621 ဟာ အစားအသောက်အတွင်းရှိ အသံတိတ်လူသတ်သမားပဲ ဖြစ်ပါတယ်။ အစားအစာစွဲလန်းအောင် အရသာတိုးမြင့်တဲ့အရာနဲ့ ဆားအစား အသုံးပြုပြီး စားသောက်ဆိုင်တွေ အမြဲ အသုံးပြုနေကျ ပစ္စည်းဖြစ်ပါတယ်။

သူ့ရဲ့ ပျော်ဝင်ရည်မှာ စွပ်ပြုတ်အရသာ ရှိပါတယ်။ ဘယ်အစားသောက်မှာမဆို ထည့်သုံးနိုင်ပါတယ်။ Monosodium glutamate က အစာစားလိုစိတ် ပိုဖြစ်စေကာ အလွန်အကျွံစားမိခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်စေပါတယ်။ ဦးနှောက်ဆဲလ်များ နှိုးဆွပေးလို့ အကျိုးသက်ရောက်မှုက ဆေးဝါးအလား ဖြစ်ပါတယ်။ သွေးနဲ့ ဦးနှောက်ထဲ အလွယ်တကူ ဝင်ရောက်ပြီး အရသာအာရုံခံမှုမှာ ပြောင်းလဲမှု ဖြစ်စေပါတယ်။
ဝက်/ကြက်/အမဲသား အူချောင်း၊ ဟော့ဒေါ့ဂ်၊ အာလူးကြော်၊ အရန်သင့်ပြုလုပ်ထားတဲ့ စွပ်ပြုတ်၊ စည်သွတ်ဘူး၊ ဘီယာနဲ့ တခြားအရာများစွာမှာ အချိုမုန့် monosodium glutamate ပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသူများအတွက် အန္တရာယ်ကင်းတဲ့ ပမာဏမှာ တစ်နေ့ ၁.၅ ဂရမ်ဖြစ်ပြီး ကလေးတွေအတွက် တစ်နေ့ ၀.၅ ဂရမ်ထက် မပိုရပါ။ ယနေ့အချိန်မှာ တစ်ကမ္ဘာလုံး တစ်နှစ် တန် ၂၀၀ ခန့် အသုံးပြုပါတယ်။ အချိုမှုန့်လွန်ကဲစွာ စားသုံးခြင်းကို Chinese restaurant syndrome လို့ ခေါ်ပြီး အိပ်ပျော်ခြင်း၊ ခေါက်တစ်ခြမ်းကိုက်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ မူးဝေခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မူးနောက်ခြင်း၊ ရင်ဘတ်နာကျင် ကိုက်ခဲခြင်းစတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

Ikeda Kikunae မှ ဂျပန်မှာ ၁၉၀၇ က ရှာဖွေတွေ့ရှိခဲ့တဲ့ သူ့ရဲ့ စမ်းသပ်ချက်က ယင်းပစ္စည်းဟာ အစားအစာရဲ့ အရသာ ပိုမိုထူးခြားစေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ အစားအသောက်ထုတ်ကုန်တွေရဲ့ အနံ့အရသာ ပိုထူးစေရုံမက အမြန်ပြင် အစားအစာနဲ့ အေးခဲတဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ အရသာနဲ့ အနံ့အသက် ပိုကောင်းစေပါတယ်။ စမ်းသပ်မှုအတွင်း သုတေသီများက ခွဲစိတ်ခန်းကြွက်အစာထဲ အချိုမှုန့်ခပ်ထည့်ထားပြီး ရလဒ်အဖြစ် ကြွက်တွေဟာ အမြင်အာရုံ ဆုံးရှုံးခဲ့ကြပါတယ်။

အချိုမှုန့်အသုံးပြုခြင်းရဲ့ အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေထဲ တစ်ခုက လျှာရဲ့တုံ့ပြန်မှုအာရုံခံကို ထိခိုက်စေတာပါပဲ။ ဒါဟာ အာလူးကြော်၊ ချောကလက်၊ စည်သွတ်အစားအစာ၊ ရေရှည်အထားခံအောင် အထူးပြုလုပ်ထားတဲ့ အသား စတဲ့ အန္တရာယ်ဖြစ်စေသော အစားအစာတွေ စားသုံးမှု မရပ်နိုင်အောင်ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ လူကို စွဲလန်းစေပြီး အချိုမှုန့်ပါတဲ့ အစားအစာကိုမှ ကြိုက်နှစ်သက်တာတွေ ဖြစ်စေပါတယ်။
သတိချပ်ရန်
========
စားသောက်ကုန်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေအနေနဲ့ အချိုမှုန့်အသုံးပြုခြင်းကနေ အကျိုးအမြတ် ရယူကြပါတယ်။ ဘာလို့လဲဆိုတော့ အချိုမှုန့်က ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ကျစေပြီး အရည်အသွေးညံ့ဖျင်းမှုကို ဖုံးကွယ်ပေးလို့ပဲ ဖြစ်ပါတယ်။
နောက် ဈေးဝယ်ထွက်တဲ့အခါ ကုန်ပစ္စည်းအထုတ်အပိုးပေါ်က အချက်အလက်တွေ သေချာဖတ်ရှုပြီး ချက်ပြုတ်တဲ့အခါ သဘာဝ ဟင်းခတ်အမွှေးကြိုင်တွေကိုသာ အသုံးပြုပါ။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ