ခြင်ဆေးအဖြစ် ရိုးရာနနွင်းတက်ကို ပြန်လည်သုံးစွဲသင့်

ခြင်ဆေး အဖြစ် မိရိုးဖလာသုံးစွဲလာသော နနွင်းတက်ဖြင့် ခြင်ပြေးစေသည့် နည်းလမ်းကို ပြန်လည်သုံးစွဲသင့် ကြောင်း ဓာတုကုန်ထုတ်လုပ်ငန်း ရှင်များအသင်းမှ တွဲဖက်အတွင်း ရေးမှူး ဒေါ်စန္ဒီအောင်က ပြော သည်။

ခြင်ဆေးခွေများဝယ်ယူသုံး စွဲရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သုံးစွဲရန်ခွင့်ပြုထားသော ဓာတု ပစ္စည်းများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေခြင်းရှိမရှိနှင့် တားမြစ် ထားသောဓာတုပစ္စည်းများ ပါ ဝင်ခြင်းရှိမရှိ သေချာစစ်ဆေးပြီး မှသုံးစွဲသင့်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးနိုင်ခြင်းမရှိပါက မိရိုးဖ လာ နနွင်းတက်ဖြင့် ခြင်ပြေးစေ သည့်နည်းလမ်းကိုသာသုံးစွဲသင့် ကြောင်း ယင်းက ပြောသည်။

''ခြင်တွေကလဲ တအားများ လာတော့ လူတွေကခြင်ဆေးခွေ တွေကို သုံးလာကြတယ်။ နိုင်ငံ ခြားမှာ ဟိုတလောက ခြင်ဆေး ခွေထဲမှာ S2 ပါလို့ မသုံးစွဲသင့် ဘူးလို့ပြောတယ်။ မြန်မာနိုင်ငံမှာ လဲ ခြင်ဆေးခွေတွေကို ဝယ်ယူ သုံးစွဲကြမယ်ဆိုရင် S2 ပါ မပါ နဲ့ WHO က သတ်မှတ်ထားတဲ့ ပုံမှန်သုံးစွဲသင့်တဲ့ ဓာတုပစ္စည်း တွေကို ပါဝင်သင့်တာထက် ပိုပါ နေသလားဆိုတာကို စစ်ဆေးပြီး မှသာသုံးစွဲသင့်တယ်''ဟု ဒေါ်စန္ဒီ အောင်က ပြောသည်။

အဆိုပါ S2 ဟူသောဓာတု ပစ္စည်းအား တရားမဝင်သုံးစွဲကြ ခြင်းဖြစ်ပြီးOctachlorodipro-pyl Ether ဟုခေါ်သည့် ဓာတု ပစ္စည်းဖြစ်ကာ အဆိုပါ S2 မှာ ခြင်ဆေးခွေအတွင်း ထည့်သွင်း ပြီး အသုံးပြုလိုက်ပါက BCME (bischloromethyl Ether) ဟု ခေါ်သည့် ဒြပ်ပေါင်းအဖြစ်သို့ ပြို ကွဲသွားပြီး ယင်းအငွေ့များကိုရှူ ရိုက်မိပါက အဆုတ်ကင်ဆာဖြစ် ပွားစေနိုင်ကြောင်းသိရသည်။

''အဲဒီဒြပ်ပေါင်းက လူရဲ့ ဆံပင်ထက် အဆ ၁၀၀၊ ၁၀၀၀ လောက်သေးတယ်။ မီးခိုးငွေ့တွေ ထဲမှာ မျက်စိနဲ့မမြင်ရဘူး။ အလွန် ကို မှုန်မှုန်မွှားမွှားဖြစ်တယ်။ ကင် ဆာဖြစ်တဲ့ Chemical ဖြစ်ပြီး တော့ အဆုတ်ထဲအထိ တိုက်ရိုက် ရောက်သွားပြီး အဆုတ်ကင်ဆာ ဖြစ်စေနိုင်တယ်''ဟု ယင်းက ဆက် လက်ပြောသည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သုံးစွဲရန်ခွင့်ပြုထားသော ဓာတုပစ္စည်းများမှာလည်း သုည ဒသမ ၁ ရာခိုင်နှုန်းမှ သုည ဒသမ ၃ ရာခိုင်နှုန်းထိသာ ထည့်သွင်း ရန်ခွင့်ပြုထားခြင်းဖြစ်ပြီး အဆို ပါ S2 ကိုမူ သုံးစွဲခြင်းမပြုရန် တား မြစ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် များသောအားဖြင့် d-allethrin ဓာတုပစ္စည်းကိုသာ သုံးစွဲလေ့ရှိ ကြောင်းလည်း သိရသည်။

''အိမ်မှာ ခြင်ဆေးခွေတွေ ကို မထွန်းမဖြစ်ထွန်းနေရတယ်။ ခြင်တွေကလဲ အခုတလောများ လာတယ်''ဟုဒဂုံမြို့သစ်မြောက် ပိုင်းတွင် နေထိုင်သူတစ်ဦးက ဆို သည်။
ထို့ပြင် ယင်းခြင်ဆေးငွေ့ များကို ရှူရှိက်မိခြင်းအားဖြင့် က လေးများ ပန်းနာရင်ကျပ်ရောဂါနှင့် အဆုတ်ရောင်ရောဂါ၊ ပြင်းထန် အဆုတ်ရောင်ရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ