သန္ဓေမအောင်မှု ဖြစ်စေတဲ့ပြဿနာတစ်ခုအတွက် အဖြေက ပဋိဇီဝပိုးသတ်ဆေး


ကျွမ်းကျင်သူတွေရဲ့ တွေ့ ရှိချက်အရ အိန္ဒိယအမျိုးသမီး ၁၅% (သို့) ၈ ဦးလျှင် တစ်ဦးနှုန်းမှာ တင်ပါးဆုံ ရိုးတွင်းပိုးဝင် ရောင်ရမ်းမှု (PID) ကြောင့် သန္ဓေမအောင်မှု ဖြစ်ပွားနေပြီး ယင်းအခြေအနေ အတွက် အဓိကကုထုံးကတော့ ပဋိ ဇီဝပိုးသတ်ဆေးပဲဖြစ်ပြီး ထပ်မံဖြစ် ပွားမှုကိုလည်း ကာကွယ်ပေးနိုင် မယ်လို့ သိရပါတယ်။ သုတေသီတွေ အရ အိန္ဒိယနိုင်ငံအတွင်း အနည်းဆုံး အမျိုးသမီး ၆၀%က သူတို့မှာ PID ဖြစ်ပွားနေကြောင်း မသိကြတဲ့ ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေကို ဆက်လက်ဖြစ်ပွားစေပါတယ်။

 PID ဖြစ်ပွားမှု များစေတဲ့အကြောင်းတွေ ကတော့ လိင်ဆက်ဆံဖော်များတာ၊ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံတာ သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်းတွေသုံးတာ မူလကတင်ပါး ဆုံရိုးတွင်း ရောင်ရမ်းမှုဖြစ်ဖူးတာ တွေဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေး တစ်မျိုးတည်း ကပဲ ကုသနိုင်ပါတယ်။ PID ကို ကုသမှုမယူခဲ့လျှင် အမျိုးသမီးမျိုးဆက်ပွားအင်္ဂါတွေမှာ ကုသမရ တဲ့ ပျက်ဆီးမှုတွေ၊ ဥပို့ပြွန်တွေမှာ အမာရွတ်တွေ ပေါ်လာတာစတဲ့ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ Ofloxacin, metronidazole, ceftriaxone နဲ့ doxycycline တို့က PID အတွက် အကောင်း ဆုံးပဋိဇီဝ ပိုးသတ်ဆေးတွေ ဖြစ်ပါ တယ်။ PID က သားအိမ်၊ သားဥ အိမ်နဲ့ ဥပြွန်တို့ကို ထိခိုက်စေပါတယ်။

တကယ်လို့ ကုသမှုမခံယူခဲ့ဘူးဆိုရင် ယင်းအင်္ဂါတွေမှာ ပိတ်ဆို့မှုဖြစ်ပွားပြီး သန္ဓေမအောင်တာတွေ ကြုံလာရ ပါတယ်။ ဒါ့အပြင် သားဥပြွန်ထဲမှာ သန္ဓေတည်တာ တွေပါ ကြုံလာနိုင် ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဆရာဝန်တွေအနေနဲ့ လူနာတွေကို ပဋိဇီဝဆေးပေးမယ့် ကုထုံးပုံစံကို သေချာရှင်းပြသင့်ကြောင်း များသော အားဖြင့် ပဋိဇီဝကုထုံးကို ၁၄ ရက်ခံ ယူရမယ့် အကြောင်းတစ်ခါတစ်ရံမှာ ထိုးဆေးတွေနဲ့ စသင့်တဲ့ အကြောင်း အကြံပြုခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ တော့ PID တွေက TB ကြောင့် ဖြစ် ပွားတတ်ပြီး ပုံမှန်ရာသီစက်ဝန်းပါ ရပ်ဆိုင်းသွားတာမျိုး ကြုံရနိုင်ပါ တယ်။ အရေးအကြီးဆုံးကတော့ လူနာအနေနဲ့ သက်သာလာရင် တောင် ပဋိဇီဝဆေးကို ကုထုံးရက် ပြည့်တဲ့အထိ ထိုးဖို့ ဖြစ်ပါတယ်လို့ အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ