ကော်ဖီပူလေးတစ်ခွက်ကပေးစွမ်းနှိုင်တဲ့ ကျန်းမာရေးကောင်းကျိုးလေးများ


အနံ့အရသာနဲ့ပြည့်စုံတဲ့ ကော်ဖီပူလေးတစ်ခွက်မှာ သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို သဘာဝအတိုင်း လန်းဆန်းတက်ကြွစေမယ့် အစွမ်းသတ္တိတွေ ပါဝင်နေပါ တယ်။ သင်းပျံ့ကော်ဖီအနံ့လေးက သင့်ရဲ့စိတ်နှလုံးကို လွင့်မျောသွားသလို ခံစားစေနိုင်တာ ကြောင့် နေ့သစ်တစ်နေ့ကို ကော်ဖီပူလေးတစ်ခွက်နဲ့ စတင်သင့်ပါတယ်။
ကော်ဖီတစ်ခွက်ဟာ ထူးခြားဆန်းပြားတဲ့အရသာ၊ လန်းဆန်းစေတဲ့ ကဖိန်းဓာတ်အပြင် ကျန်းမာရေးအတွက် အောက်ဖော်ပြပါ အထောက်အပံ့ ကောင်းတွေပါ သင့်ကို ပေးစွမ်းနိုင်ပါတယ်။
၁။ ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေတယ်။
ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ စားသုံးလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်လျင်မြန်စွာ ပြောင်းလဲပေးနိုင်ပါတယ်။ မနက်ခင်းတိုင်းမှာ ကော်ဖီ သောက်သုံးခြင်းက တစ်နေ့တာလုံးရဲ့ ကယ်လိုရီလောင်ကျွမ်းမှုနှုန်းကို မြှင့်တင် ပေးနိုင်ပါတယ်။
၂။ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးတယ်။
တစ်ရက်ကို ကော်ဖီလေးခွက်နှုန်းသောက်သုံးသူတွေဟာ သာမန်လူတွေထက် အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ ၁၅% ပိုမိုလျော့နည်းပါတယ်။ ကော်ဖီသောက်လို့ ကင်ဆာမဖြစ်နိုင်ဘူးလို့ အာမမခံနိုင်ပေမယ့် ကော်ဖီသောက်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ကူညီပေးနိုင်ပါတယ်။
၃။ အသည်းကို ကာကွယ်ပေးတယ်။
ကော်ဖီများများသောက်သုံးခြင်းက အသည်းကင်ဆာနဲ့ အခြားအသည်း ရောဂါတွေ မဖြစ်ပွားအောင် တစ်ဖက်တစ်လမ်းမှ ကူညီကာကွယ်ပေးပါတယ်။ သင့်အသည်းကို ကျန်းမာစေချင်တယ်ဆိုရင်တော့ ကော်ဖီပုံမှန်သောက်ပါလို့ ဆရာဝန် တွေက မှာကြားလေ့ရှိပါတယ်။
ကဲ… စာဖတ်ပရိသတ်ကြီးရေ။ အနံ့အရသာနဲ့ပြည့်စုံတဲ့အပြင် ကျန်းမာရေး အတွက်ပါ အထောက်အကူဖြစ်စေတဲ့ ကော်ဖီလေးတစ်ခွက်ကို အခုပဲ သောက်သုံး လိုက်ရအောင်လားရှင်။
ကော်ဖီကြိုက်တတ်သူများ ဤစာစောင်လေးကို SHARE ဖြစ်အောင် SHARE လိုက်နော်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ