တစ်နေကုန်ထိုင်နေရတဲ့ကုမ္မဏီဝန်ထမ်းတွေအတွက် လေ့ကျင့်ခန်းကောင်းများ




နည်းပညာ ခေတ်ကို ရောက်လာတာနဲ့ အမျှ ကျွန်ုပ်တို့ဟာ နည်းပညာ ပစ္စည်းတစ်ခုခုမှာ အာရုံစိုက်နေချိန်များ ပါတယ်။ လေ့လာမှုတစ်ခုအရ ကျွန်ုပ်တို့ မျိုးဆက်ဟာ တစ်နေ့ကို ၃ နာရီ ၄ နာရီ ခန့် ပျမ်းမျှ အားဖြင့် တတ်ဘလတ် ၊ စမတ်ဖုန်း ၊ ကွန်ပျူတာ စတဲ့ ပစ္စည်းတွေကို ငေးကြည့်ရင်း စီးမျောကြပါတယ်။ ဒါဟာ မျက်စိ ကိုပဲ ထိခိုက်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကိုလည်း ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဆို တစ်နေကုန် အလုပ်ထဲမှာ ဆိုရင် ထိုင်ရာက မထပဲ ကွန်ပျူတာ ကြည့်နေရတဲ့ ကျွန်ုပ်တို့ မျိုးဆက်ဟာ အလုပ်ချိန်ပြီးဆုံးရင် လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုပါတယ်။ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ -





၁။ ရင်ဘတ် လေ့ကျင့်ခန်း



ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး ရင်ဘတ်ကို ကော့ထားပါ။ လက်ကိုနောက်ပစ်ထားပါ။ ပြီးလျှင် အသက်ရှုသွင်းပြီး ၁၀ စက္ကန့်ခန့် အကြာမှာ ပြန်ထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ တစ်နေကုန် ကွန်ပျူတာ ကိုငေးကြည့်နေခြင်း ကြောင့် လည်ပင်းနာနေခြင်းကို သိသိသာသာ သက်သာစေမှာပါ။

၂။ တင်ပါးလေ့ကျင့်ခန်း


ခြေထောက်တစ်ဖက်ကို ကြမ်းပြင်မှာ ထောက်ထားပြီး ခြေထောက်တစ်ဖက်ကို ၉၀ ဒီဂရီ ကွေးပြီးထောက်ထားပါ။ ပြီးရင် လက်တစ်ဖက်ကို တင်ပါး ၊ ကျော နဲ့ တစ်ဆက်တည်းဖြစ်အောင်ဆန့်တန်းထားပါ။ ၁၀ စက္ကန့် ၁၅ စက္ကန့်ခန့် ပြုလုပ်ပေးပါက တစ်နေကုန်ထိုင်နေရတဲ့အတွက် တင်ပါး ရဲ့ နာကျင်ကိုက်ခဲမှုတွေကို ပျောက်ကင်းစေနိုင် ပါတယ်။

၃။ နောက်ကျောလေ့ကျင့်ခန်း


ကြမ်းပြင်ပေါ် လှဲအိပ်လိုက်ပါ။  ပြီးရင် ဒူးခေါင်းကိုကွေးကာ မြှောက်ပြီး လက် ၂ ဖက် နဲ့ ချုပ်ကိုင်လိုက်ပါ။ အဲဒီလို ၁၀ စက္ကန့် ၁၅ စက္ကန့် ခန့် လုပ်ပေးခြင်းဟာ သင့်ရဲ့ နောက်ကျော နာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေမှာပါ။

၎။ ပခုံးလေ့ကျင့်ခန်း

သင့်ရဲ့ပခုံးကို လည်ပတ်စေဖို့ လက် တစ်ဖက်စီကို လွှဲကာ ရမ်းပေးပါ။ အဲဒီလို ၁၅ စက္ကန့် ခန့် လုပ်ပေးခြင်းဟာ သင့်ရဲ့ ပခုံးကြောများ တင်းနေခြင်းကို ပြေလျော့စေပါတယ်။

၅။ ခေါင်းနဲ့ ခြေမ လေ့ကျင့်ခန်း

အရင်ဆုံး မတ်မတ် ရပ်လိုက်ပါ။ ပြီးရင် သင့်ရဲ့ လက်ကို အပေါ်ကို အရင် ဆန့်တန်းပါ။ အပေါ်ကိုဆန့်ထားတဲ့ လက်နဲ့ မတ်တပ်ရပ်နေတဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျနေပါစေ။ ၈ စက္ကန့်ခန့် ပြုလုပ်ပြီးပါက ခြေမ ကို ထိအောင် ကုန်းပြီး လက်ကို အောက်သို့ ဆန့်တန်းလိုက်ပါ။ ဒီလေ့ကျင့်ခန်းဟာ အမှန်တစ်ကယ်တော့ ခေါင်းနဲ့ ခြေမ အတွက် မဟုတ်ပါဘူး။ တစ်ကိုယ်လုံးကို အကြောလျှော့တဲ့နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

(Mario)

Ref : Health Megazine
BY http://health.thithtoolwin.com/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ