ကြည့်ကောင်းချင်တာကြောင့် ယောနိခွဲစိတ်ပြုပြင်မှုနှုန်း သိသိသာသာများလာ




မိန်းကလေးတွေဟာ ယောဂ ဘောင်းဘီတွေ ရေကူးဝတ်စုံတွေ နဲ့ ကြည့်ကောင်းချင်ကြပါတယ်။ ဒီစိတ်ကြောင့် “designer vagina” လို့ခေါ်တဲ့ ယောနိခွဲစိတ်ပြုပြင်မှု ခံယူဖို့ကို မိန်းကလေးတွေဟာ ရွေးချယ်လာကြတယ်လို့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန်တွေက ဖော်ပြခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် မိန်းကလေးကအစ အသက် ၇၀ကျော် အမျိုးသမီးကြီးတွေအထိဟာ သူတို့ရဲ့ ယောနိ ပုံသဏ္ဍာန် လှပရေးအတွက် အလှအပရေးရာခွဲစိတ်ပြုပြင်မှုတွေ ခံယူနေကြပါတယ်။

တစ်သျှူး ဖယ်ထုတ်ခြင်း နဲ့ ပုံသဏ္ဍာန်ပြုပြင်ခြင်း ခွဲစိတ်မှု အရေအတွက်ဟာ သိသိသာသာ တိုးတက်လာကြောင်း ရသပလတ်စတစ်ဆာဂျရီ ဆိုင်ရာ အမေရိကန်အဖွဲ့အစည်း (ASAPS) က မှတ်တမ်းပြခဲ့ပါတယ်။ ၂၀၁၃ခုနှစ်နဲ့ ၂၀၁၄ခုနှစ် စာရင်းတွေအရ တစ်နှစ်အတွင်း ၄၉ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

Labiaplasty လို့ခေါ်တဲ့ ယောနိတစ်ဝိုက်က အတွင်းဘက်နှုတ်ခမ်းသား တွေကို ခွဲစိတ်မှုခံယူကြတာပါ။ Labia major လို့ခေါ်တဲ့ အပြင်ဘက် နှုတ်ခမ်းသားတွေကို ခွဲစိတ်မှုပြုတာတွေလဲ ရှိပါတယ်။ ခွဲစိတ်မှုပြုပြီးတဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ ယောနိနှုတ်ခမ်းသား အရွယ်နဲ့ပုံသဏ္ဍာန်ဟာ ပြောင်းလဲသွားပါတယ်။
အထူးသဖြင့် ယောနိနှုတ်ခမ်းသား သေးသွားစေဖို့အတွက် ခွဲစိတ်မှုကို ခံယူကြတာပါ။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ