ရေများများသောက်ချင်ပေမယ့် ဆီးခဏခဏသွားမှာ ကြောက်နေသူများအတွက်


ခန္ဓာကိုယ်အတွက် ရေဓာတ်က အရမ်းအရေးကြီးတယ်လို့ သိထားပေမဲ့ ရေများများ သောက်လိုက် တာနဲ့အမျှ ဆီးခဏခဏ သွားရတာကို ကြုံကြရမှာပါ။ ရေဓာတ်ပြည့်ဝတာက အစာချေစနစ် ၊သွေးလှည့် စနစ်ကို သန့်စင်ပေးတာ၊အသားအရေကို ကြည်လင်သန့်ရှင်းစေတာလို အကျိုး အမျိုးမျိုးရနိုင်ပေမဲ့ နာရီဝက်တစ်ခါလောက် အိမ်သာသွားနေရမယ်ဆိုရင် အဆင်မပြေပါဘူး။ ကံကောင်းတာက ခဏခဏ ဆီးသွားချင်တယ်လို့ မခံစားရစေဘဲ ရေဓာတ်ပြည့်ဝစေဖို့ ရေများများသောက်နိုင်မယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ ဒီနည်းလမ်းတွေကို လုပ်ကြည့်လိုက်မယ်ဆိုရင် ဆီးအကြိမ်ကြိမ်သွားစရာမလိုဘဲ ရေများများသောက်နိုင်မှာ ဖြစ်ပါတယ်။

၁)ကော်ဖီ၊ လက်ဖက်ရည်တွေ သိပ်မသောက်ပါနဲ့
ကဖင်းဓာတ်က သွေးပမာဏကို တိုးစေတဲ့အတွက် ဆီးထုတ်လုပ်မှုကိုလည်း များစေပါတယ်။ ဆိုဒါ၊ အားဖြည့်အချိုရည်နဲ့ ချောကလက်တွေမှာလည်း အလားတူ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။
၂)အမျှင်ဓာတ်ကို ပိုစားပေးပါ
ဝမ်းချုပ်တဲ့အခါ အစာဟောင်းအိမ်က ဆီးအိတ်ပေါ်ကို ဖိအားများများနဲ့ ဖိထားတတ်တာကြောင့် မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင် အမျှင်ဓာတ်များများစားပေးဖို့ လိုပါတယ်။ တခြား ဓာတ်တိုးဆန့်ကျင်တဲ့ အစားအစာတွေကလည်း သင့်ရဲ့ အစာချေစနစ်ကို ပိုပြီး ကျန်းမာအောင် ကူညီပေးပါတယ်။
၃)အသက်ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင်နေပါ
ထူးဆန်းသလိုထင်ရပေမဲ့ အသက်ပြင်းပြင်းရှူခြင်းက ရုတ်တရက် မထိန်းနိုင်ဘဲ ဆီးသွားချင်တာ၊ ဆီးခဏ ခဏသွားချင်သလိုဖြစ်တာတွေကို သိသိသာသာလျော့ပါးစေပါတယ်။
၎)လေ့ကျင့်ခန်းလုပ်ပါ
ကျောရိုးခိုင်မာသန်စွမ်းခြင်းနဲ့ ဆီးခုံကြွက်သားတွေအားကောင်းရင် ဆီးသွားချင်စိတ်ကို ထိန်းထားနိုင်ပါတယ်။ဒါကြောင့် ဆီးသွားတဲ့ အကြိမ်အရေအတွက်ကို ထိန်းချုပ်နိုင်တဲ့ ကျောရိုးနဲ့ ဆီးခုံကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။
၅)ရေမပြတ်သောက်ပါ
ဆီးခဏခဏ မသွားအောင် ရေမပြတ်သောက်ရမယ်လို့ ပြောလိုက်လို့ မအံ့သြသွားကြပါနဲ့။ လူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆီးအိတ်က ဖော့တုံးတစ်တုံးလိုပါပဲ။ ခြောက်သွေ့နေတဲ့ ဖော့တုံးထက် စိုစွတ်နေတဲ့ဖော့တုံးက ရေကို ပိုပြီးစုပ်ယူနိုင်သလိုပဲ ဆီးအိတ်ထဲမှာ ဆီးမပြတ်ရှိနေခြင်းက ဆီးအိတ်ကနေ ဆီးတွေကို ပိုမိုသိုလှောင်ထားနိုင်တဲ့ အကျင့်ရှိလာစေပါတယ်။ ဒါက ဆီးခဏခဏသွားလိုတဲ့ အကြိမ်ရေကို လျှော့ချပေးရာရောက်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ