သွားတွင် ကပ်ငြိနေသော ချိုးများကို ၈၃ ရာခိုင်နှုန်းအထိ ချက်ချင်း ဖယ်ရှားပေးနိုင်မည့် ခံတွင်းဆေးရည်ကို ရုရှားတီထွင်


ရုရှားသိပ္ပံနှင့်နည်းပညာ အမျိုးသားတက္ကသိုလ်နှင့် ဗီယက်ကာပြည်နယ် တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များ ပူးပေါင်း၍ ခံတွင်းဆေးရည်တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပြီး ၎င်း ခံတွင်းဆေးရည်သည် သွားအပေါက်ငယ်များ၏ အတွင်းပိုင်းအထိ စိမ့်ဝင်နိုင်စွမ်းရှိကာ သွားတွင်ကပ်ငြိနေသော ချိုးများကို ၈၃ ရာခိုင်နှုန်းအထိ ချက်ချင်းဖယ်ရှားပေးနိုင်စွမ်းရှိသည်။

အဆိုပါခံတွင်းဆေးရည်၏ အသုံးဝင်ထိရောက်ပုံကို ကီရော့ပြည်နယ် ဆေးတက္ကသိုလ်မှ သွားဘက်ဆိုင်ရာဌာနတွင် စမ်းသပ်မှုများ လုပ်ဆောင်ရာ အောင်မြင်မှုများ ရရှိထားပြီး ချိုးများကိုဖြစ်ပေါ်စေသော ဗက်တီးရီးယားများကို ချေမှုန်းကာ သွားတိုက်တံအမျှင်များ မရောက်ရှိနိုင်သည့် နေရာများမှ စားကြွင်းစားကျန်များကို ဖယ်ရှားရန်အတွက် ခံတွင်းကျန်း မာရေးကို အကောင်းဆုံး ကူညီပေးသည့်အရာမှာ ခံတွင်းဆေးရည် ပင်ဖြစ်ကြောင်း သွားဘက် ဆိုင်ရာ ဆရာဝန်များက အတည်ပြုထားသည်။

သုတေသနပညာရှင်များက အဆိုပါဆေးရည်ကို နာနိုအမှုန်များအပေါ် မူတည်ပြီး တီထွင်ထားခြင်းဖြစ်ကာ ယင်းအမှုန်များက သွားတွင်ချေး များဖြစ်စေသော ဗက်တီးရီးယားများ ကြီးထွားမှုကို ရပ်တန့်စေနိုင်ကြောင်း သုတေသနပြုမှုများတွင် တွေ့ရှိထားသည်။

ပညာရှင်များသည် အဆိုပါဆေးရည်ကို သွားဆေးခန်းသို့လာသည့် လူနာများအား အသုံးပြုစေပြီးနောက် ၁၄ ရက်မှ ရက်ပေါင်း ၃ဝ အတွင်း စမ်းသပ်မှုရလဒ်များကို ထုတ် ပြန်ခြင်းဖြစ်သည်။

ထိုရလဒ်များတွင် ဆေးရည်၌ပါဝင်သည့် သတ္တုအောက်ဆိုက် နာနိုအမှုန်များက သွားတွင်ကပ်ငြိနေသော ချိုးများဖြစ်ပေါ်စေသည့် ဗက်တီးရီးယား များကို တိုက်ဖျက်ရန်နှင့် ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရှိရသည်။

ထို့ပြင် သွားရောဂါကြောင့်ဖြစ်ပေါ်စေသည့် ရောင်ရမ်းမှုကိုလည်း လျှော့ချနိုင်ကာ ပုံမှန်အသုံးပြုမည် ဆိုပါက ခံတွင်းအတွင်းရှိ မှိုဖြစ်ပေါ်စေသော ဗက်တီးရီးယားများကို လည်းလျော့ကျစေကာ PH မာဏကိုလည်း ထိန်းညှိပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ပညာရှင်များက ညွှန်းဆိုထားသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ