သုံးပတ်အတွင်းကိုယ်အလေးချိန် ၁၀ပေါင်အထိကျစေဖို့နည်းလမ်းများ


ဒီနည်းဟာ လူသိနည်းလှပြီး အလွန်လည်း လုပ်ဖို့လွယ်ကူပါတယ်။ ဒါကြောင့် Over Weight ဖြစ်နေတဲ့သူတွေများ ရှိခဲ့ရင်လက်တို့ပေးလိုက်ပါဦးလို့ Shwemom က အကြံပေးပါရစေ။
(၁) ကယ်လိုရီရှောင်မယ်
ကယ်လိုရီပမာဏအများကြီးပါတဲ့ အသားငါးတွေကို ရှောင်ရမယ်၊ မရှောင်နိုင်ရင်လည်း ကယ်လိုရီအမြန် ကျေပြတ်စေနိုင်တဲ့ အစားအသောက်တွေ တွဲစားမယ်၊ ကယ်လိုရီကျဆင်းစေဖို့ နေ့စဉ် လေ့ကျင့်ခန်းလုပ်မယ်။
(၂) ဦးတည်ချက်နဲ့ လေ့ကျင့်ခန်းလုပ်မယ်
ဘယ်လို ဦးတည်ချက်မျိုး ထားရမလဲဆိုတော့ တစ်ပတ်ကို 1-3 ပေါင်အထိ ကျစေရမယ်ဆိုတဲ့ ဦးတည်ချက်မျိုး ထားမယ်။လေ့ကျင့်ခန်း လုပ်နည်းလုပ်ဟန် မှန်ကန်ရင် အနည်းဆုံး 3 ပေါင်အထိ ကျဆင်းဖို့ မခက်ပါဘူး။
(၃) မနက်စာပုံမှန်စားမယ်
မနက်စာ ပုံမှန်စားခြင်းဟာ ကိုယ်အလေးချိန် မတက်စေတဲ့အပြင် ကိုယ်အလေးချိန် ကျဆင်းမှုကို အားပေးပါတယ်။ ဒါ့အပြင် အစာအိမ်ရောဂါနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သက်သာစေပါတယ်။
(၄) ရေအများကြီးသောက်မယ်
ရေအများကြီးသောက်ပေးခြင်းဖြင့် အစာချေစနစ်ကို တိုးတက်စေပါတယ်။ အစာချေစနစ် မြန်ဆန်လာတာနဲ့အမျှ ကယ်လိုရီလောင်ကျွမ်းမှုကို ခရီးရောက်စေပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။
(၅) ကော်ဖီခါးခါးလေး ပုံမှန်သောက်မယ်
ကော်ဖီခါးခါးလေးတစ်ခွက် ပုံမှန်သောက်ပေးခြင်းဟာလည်း အဆီချလိုသူများအတွက် အလွန်သင့်တော်ပါတယ်။ အိပ်မရမှာ ကြောက်သူတွေအတွက် နေ့လည်ပိုင်း အစာစားပြီး (10)မိနစ်လောက်ခြားကာ သောက်ပေးလျှင်လည်း ရပါတယ်။
(၆) ရေနွေးကြမ်းလည်း ကောင်းပါတယ်
ရေနွေးကြမ်းကလည်း သွေးထဲမှာရှိတဲ့ ကိုလက်စထရောဓာတ်တွေကို ချေဖြတ်ပေးနိုင်ပါတယ်။ နေ့စဉ် သောက်ပေးသင့်ပါတယ်။
(၇) သကြားလျှော့မယ်
သကြားကို လုံးဝ မဖြစ်နိုင်ဘူးဆိုရင် လက်ရှိသုံးစွဲနေတဲ့ ပမာဏရဲ့ တစ်ဝက်ကျော်ကို လျှော့ချသင့်ပါတယ်။ သကြားဆိုပြီး မူလ သကြားအစစ်ကို မစားတာနဲ့ မလုံလောက်ပါဘူး။ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကိုလည်း ရှောင်ရမှာပါ။
(၈) အစပ်အရသာ လာထား
အစပ်ကတော့ ကိုယ့်ဝမ်းဗိုက် ကျန်းမာရေးနဲ့ ချင့်ချိန်ပြီး ကြိုက်သလောက်စားလို့ရပါတယ်။ ဒါပေမယ့် သတိထားဖို့ကကိုယ့်ဝမ်းဗိုက်ကျန်းမာရေးကို ကိုယ်သိဖို့ပါ။
(၉) ပရိုတိန်းပါတဲ့ အစားအစာတွေကို ခေါင်းထဲထည့်ပါ
ပရိုတိန်းပါတဲ့ ဥ၊ ပဲ၊ ဟင်းသီးဟင်းရွက်၊ အညိုရောင်ဂျုံ-စတာတွေကို ပုံမှန်သုံးဆောင်ပေးရင် အဆီချတဲ့လုပ်ငန်းစဉ်တွေကို ထိရောက်မှု ရှိစေပါတယ်။
(၁၀) အသင့်စားသုံးနိုင်တဲ့အရာတွေ စွန့်လွှတ်လိုက်တော့
အများစုက အသင့်စားဖို့ထုတ်လုပ်ထားတဲ့ အစားအသောက်တွေကို မရှောင်နိုင်ကြပါဘူး။ အသင့်စားသွားရေစာတွေထဲမှာလွန်ကဲတဲ့ အရသာဓာတ်တွေ၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဓာတုဆိုးဆေးတွေ ပါဝင်လို့ အလွန်အမင်းဝဖြိုးစေပါတယ်။

နတ်စည်တော် (Shwemom)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ