တောင်ကိုရီးယားတွင် မူမမှန် ကြောက်စိတ်ဝင်သည့် ဝေဒနာရှင်များ မြင့်တက်လျက်ရှိ


တောင်ကိုရီးယား နိုင်ငံ၌ မူမမှန်ကြောက် စိတ်ဝင်သည့် ဝေဒနာရှင်များသည် တစ်နေ့တခြား များပြားလာကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်သည့် အချက်အလက် များတွင် ဖော်ပြထားသည်။ ထို့ပြင် ယင်းသို့ ဖြစ်ရခြင်းသည် လူမှုပတ်ဝန်းကျင်နှင့် စိတ်ပိုင်းဆိုင်ရာ တို့တွင် စိတ်ဖိစီးမှုများ ခံစားလာရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ၂ဝ၁၂ ခုနှစ်တွင် မူမမှန် ကြောက်စိတ်ဝင်သည့် ဝေဒနာရှင် ၈၃ဝဝဝ ရှိကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ၉၈ဝဝဝ အထိ မြင့်တက်လာပြီး ၂ဝ၁၆ ခုနှစ်တွင်မူ ၁၂၇ဝ၅၃ ဦးအထိဆက်လက် မြင့်တက် လာခြင်းဖြစ်ကြောင်း ကျန်းမာရေး အာမခံ ပြန်လည် ဆန်းစစ်ခြင်းနှင့် သုံးသပ်ခြင်း ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မူမမှန် ကြောက်စိတ်ဝင်ခြင်းကို ခဏတာ အပြင်းအထန် ကြောက်စိတ်ဝင်ခြင်း သို့မဟုတ် ဆိုးရွားသော အရာတစ်ခုအထိ ဖြစ်ပေါ်စေနိုင်သော စိတ်ခံစားမှုဖြစ်သည့် ထပ်တလဲလဲ ဖြစ်ပေါ်သော၊ မမျှော်လင့်နိုင်သော နှင့် ရှင်းပြနိုင်ခြင်း မရှိသော စိတ်ကစဥ့်ကလျား ဖြစ်သည့် မူမမှန် စိုးရိမ် ကြောင့်ကြ ခြင်းဖြစ်ကြောင်း ဆရာဝန်များက သတ်မှတ်ထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း စစ်တမ်းကောက်ယူမှု များအရ ယင်းကဲ့သို့ မူမမှန်ကြောက်စိတ်ဝင်သည့် ရောဂါကို ခံစားရသူများတွင် အမျိုးသမီး များမှာ ၅၃ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု နိုင်ငံပိုင် သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထို့ပြင် အသက်အရွယ်အပိုင်း အခြားအားဖြင့် ကြည့်မည်ဆိုပါက အသက် ၄ဝ ဝန်းကျင် သည် ၂၅ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဝေဒနာခံစားရမှု အများဆုံးဖြစ်ပြီး ၎င်း၏ နောက်တွင် အသက် ၅ဝ ဝန်းကျင်က ၂၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် အသက် ၃ဝ ဝန်းကျင်က ၁၈ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ရပ်တည်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ရောဂါဝေဒနာခံစားရသည့် အချိန်အတိုင်းအတာသည် မိနစ် ၂ဝ မှ ၃ဝ အကြားရှိကြောင်း၊ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရှိရသေးကြောင်းနှင့် လူမှုဘဝနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများက အဓိကကျသည့် အချက်များ ဖြစ်နိုင်ကြောင်း ဆရာဝန်များနှင့် ကျွမ်းကျင်သူ များကပြောသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ