မီးလောင်ဒဏ်ရာများတွင် အမာရွတ် ဖြစ်ပေါ်ခြင်းအတွက် ကုထုံးသစ်


Journal of Investigative Dermatology မှာ ဖော်ပြခဲ့တဲ့ MGH ဗဟိုမှ ဆေးပညာအင်ဂျင်နီ ယာများ အဖွဲ့အစည်း(MGH-CEM) မှ သုတေသနအရ partial irreversible electroporation နည်းပညာကိုသုံးခြင်း အားဖြင့် အကြီးစားမီးလောင်ဒဏ်ရာများတွင် အမာရွတ် ဖြစ်ပေးခြင်းကို သက်သာစေပြီး သာမန်အရေပြားရဲ့ အရည်အသွေးကိုလည်း အကောင်းဆုံးပြန်လည် ထိန်းသိမ်းပေးနိုင်မယ်လို့ သိရပါတယ်။

လက်ရှိအချက် အလက်တွေအရ အနာကျက်ချိန်မှာပါဝင်တဲ့ အမျိုးမျိုး သော တစ်သျှူးတွေရဲ့တုန့်ပြန်မှုတွေ ပြောင်းလဲသွားရာက အမာရွတ်ဖြစ်ပေါ်လာတာပါ။ အမာရွတ်ဖြစ်ခြင်းနဲ့ ပတ်သတ်ပြီး အရင်ကထက် ပိုမိုနားလည်လာပေမယ့် တကယ့်အတိအကျ မော်လီကျုးလုပ်ငန်းစဉ်ကိုတော့ အပြည့်အ၀နားမလည်ကြသေးပါဘူး အမာရွတ်ဖြစ်ပေါ် ခြင်းကို တားဆီးဖို့၊ ကုသဖို့အတွက် ကုထုံးတွေ အမြောက်အများ ပေါ်လာခဲ့ပေမယ့် ယင်းကုထုံးတွေ အားလုံးက အကန့်အသတ်ရှိပါတယ်။ ဥပမာ အမာရွတ်ကို ခွဲစိတ်ဖယ်ရှားခြင်း၊ စတီးရွိုက်ထိုးခြင်းနဲ့ လေဆာကုထုံး တွေလိုပေါ့။

 ထို့ကြောင့် MGH-CEM မှ စူးစမ်းလေ့လာသူ တွေက အမာရွက်တွေကိုကုသဖို့ နည်းပညာသစ်တစ်မျိုး ဖြစ်တဲ့ pulsed electric field (PEF) နည်းပညာကို လွန်ခဲ့တဲ့ငါးနှစ်ကနေ စတင်လုပ်ဆောင်ခဲ့ပြီး အောင်မြင် မှုတွေအနေနဲ့ မီးလောင်ဒဏ်ရာကို ပိုးသတ်ပေးနိုင်ခြင်း၊ အရေပြားသစ် ဖြစ်ပေါ်လာမှုကို ပိုမိုလျင်မြန်စေခြင်း စတာတွေကို ဓာတ်ခွဲခန်းထဲမှာ အောင်မြင်စွာလုပ်ပြနိုင်ခဲ့ ပါတယ်။ PEF နည်းပညာသစ်မှာ လျှပ်စီးကြိမ်နှုန်း စက်ကွင်းကိုသုံးပြီး ဆဲလ်အမြှေးပေါ်မှာ အပေါက်ငယ်တွေ ဖြစ်ပေါ်စေပါတယ်။ ရလဒ်ကတော့ ယင်းအပေါက်ဖောက် ခံရတဲ့ ဆဲလ်လေးတွေက သေဆုံးသွားပြီး အနားမှာရှိတဲ့ ဆဲလ်အပြင်လွှာထောက်ပံ့ ပစ္စည်းတွေ သွေးကြောတွေ (သို့) အနားဝန်းကျင်မှာရှိတဲ့ ဆဲလ်တည်ဆောက်ပုံတွေကို မပျက်စီးစေတာ တွေ့ရပါတယ်။ ယင်းကဲ့သို့ ဆဲလ် အနည်းငယ်ကို ဖျက်ဆီးပေးခြင်းက အနာကျက်ရာမှာ အမာရွတ်မဖြစ်ပေါ်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

လက်ရှိသုံးနေတဲ့ လေဆာကုထုံးတွေနဲ့ မတူတာကတော PEF နည်းပညာက လေဆာကုထုံးတွေကို တစ်သျှူးတွေ အကုန်လုံးကို မပျက်ဆီးစေဘဲ ဆဲလ်အလွှာထိ အတိအကျ လုပ်ဆောင်ပေးနိုင်တဲ့အတွက် ပိုမိုတိကျတဲ့ ကုထုံးရလဒ် တွေရရှိပြီး အနာဂတ်မှာ မိမိဖယ်ထုတ်လိုတဲ့ ဆဲလ်အထိ အတိအကျလုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ဆိုပါ တယ်။

အမှန်တော့ PEF က ဆဲလ် အချို့ကို သေစေခြင်း အားဖြင့် ယင်းအနီးမှာရှိတဲ့ ဆဲလ်တွေရဲ့ကွဲပွားနိုင်စွမ်း တွေ၊ တစ်သျှူးကြီးထွားနိုင်စွမ်း၊ ပြုပြင်နိုင်စွမ်းတွေကို မြင့်တက်စေတာပါ။ လက်ရှိသုတေသနမှာ MGH-CEM အဖွဲ့သားတွေက ကြွက်တွေမှာ အမာရွတ်ဖြစ်ပေါ်မှု လျော့ကျဖို့အတွက် လျှပ်စီးစက်ကွင်း ပြင်းအားဘယ် လောက်နဲ့ ကြိမ်နှုန်းဘယ်လောက်ကို အကြိမ်ရေဘယ် လောက်ကုသမှုခံယူရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး သုတေသန လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရလဒ်တွေအရ တော့ မီးလောင်ဒဏ်ရာရပြီး PEF ကုထုံး ၅ ကြိမ်ကို ရက် ၂၀ အတွင်း ခံယူခဲ့ပါက အမာရွတ်ဖြစ်ပေါ်နိုင် ခြေကို ၅၈% လျော့ကျစေတဲ့ အပြင်အမာရွတ်ရဲ့ အခြားလက္ခဏာ တွေဖြစ်တဲ့ ပြင်ပလက္ခဏာတည်ဆောက်ပုံ သိပ်သည်းဆ၊ ကော်လာဂျင်ဖိုင်ဘာတွေရဲ့လားရာ စတဲ့အချက်တွေကို အကောင်းဖက်အများကြီး ဦးတည်သွားစေတာ တွေ့ရပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ