ယီမင်နိုင်ငံ၌ လပေါင်းများစွာကြာဖြစ်ပွားသည့် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၆ဝ၅ ဦးအထိ မြင့်တက်လာ


ယီမင်နိုင်ငံ၌ လပေါင်းများစွာကြာ ဖြစ်ပွားသော ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ဦးရေသည် ၆ဝ၅ ဦးအထိ မြင့်တက်လာပြီး ရောဂါ ခံစားနေရ သူဦးရေ ၇၃၇ဝဝ ထက် ကျော်လွန်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ယင်းနိုင်ငံ၌ ကာလဝမ်းရောဂါ ခံစားပြီး သေဆုံးသူဦးရေ ၅၃၂ ဦးနှင့် ရောဂါကူးစက်မှု ခံနေရသည်ဟု ယူဆရသူ ၆၅၃ဝဝ ရှိကြောင်း မေ ၃၁ ရက် တွင် အတည်ပြုပြီး နှစ်ရက်အကြာတွင် သေဆုံးသူနှင့် ရောဂါကူးစက်ခံရသူ အရေအတွက်သည် အလျင်အမြန် တိုးမြင့်လာကြောင်း သိရသည်။

ယီမင်နိုင်ငံ၌ ကာလဝမ်းရောဂါသည် ဧပြီ၂၇ ရက်မှစ၍ ဖြစ်ပွားလျက် ရှိပြီး ကူးစက်မှု လျင်မြန်ကာ သေဆုံးသူဦးရေ ဆက်လက် မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောသည်။ ယီမင်နိုင်ငံရှိ ဆေးရုံများစွာသည် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ပိတ်ထားရပြီး ဆေးရုံ စုစုပေါင်း ၄၅ ရာခိုင်နှုန်းသာ ဆေးကုသမှု လုပ်ဆောင်လျက် ရှိကြောင်းနှင့် ၎င်းဆေးရုံများ၌ ထောက်ပံ့မှုနှင့် ဝန်ထမ်း အင်အား ပြတ်လပ်မှုကြောင့် နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် ပျက်စီးလုနီးပါး ဖြစ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတိပေးထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ