ဇီကာဗိုင်းရပ်စ်နဲ့ လူသိနည်းနေသေးသော မွေးရာပါချွတ်ယွင်းချက်


The BMJ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန တစ်ခုမှာ မိခင်ဝမ်းတွင်းဇီကာဗိုင်းရပ်စ် ကူး စက်ခံရခြင်းနှင့် arthrogryposis လို့ခေါ်တဲ့ မွေးရာပါ အရိုးဖွံ့ဖြိုးမှု မမှန်ခြင်း (အထူးသဖြင့် လက်များ၊ ခြေများတွင် ဖြစ်ပွား) အခြေအနေ ဆက်စပ်မှုကို အသေးစိတ် ဖော်ပြ ခဲ့ပါတယ်။
ဇီကာဗိုင်းရပ်စ်ရဲ့လက္ခဏာတွေထဲမှာ မွေးရာပါ ဦးခေါင်း သေးချွတ်ယွင်းချက်နဲ့ အခြားဦးနှောက်ချွတ်ယွင်းချက်များက အဓိကလက္ခဏအဖြစ် အသိများပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံရ ခြင်းကြောင့်ဖြစ်ပွားနိုင်တဲ့ အခြာ ကျန်းမာရေးပြဿနာ တွေကိုတော့ သိပ်မသိကျသေးပါဘူး။ ယခုသုတေသန မတိုင်မီအထိ မွေးရာပါဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ arthrogryposis ကြားဆက်စပ်မှုနဲ့ပတ်သက်ပြီး သတင်းပို့ချက် တွေ မရှိသေးပါဘူး။ ဘရာဇီးမှာ အကြီးအကျယ် ကပ်သ ဖွယ်ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ ဇီကာဗိုင်းရပ်စ်နဲ့ မွေးရာပါ ချွတ်ယွင်းချက်ဆက်စပ်မှုနဲ့ပတ်သက်ပြီး သတင်းပို့မှု နှစ်ခုရှိခဲ့ပေမယ့် အသေးစိတ်တော့ မဖော်ပြခဲ့ပါဘူး။ လျင်မြန်တဲ့ သုတေသီတွေကတော့ ဇီကာပြန့်ပွားမှုရဲ့ ဗဟိုဖြစ်ခဲ့တဲ့ ဘရာဇီးမြို့Recife မှာ အခြေစိုက်ပြီး အဆစ်အမြစ်များ ပုံပျက်ခြင်းနဲ့ ပတ်သက်နိုင်တဲ့ အချက် တွေကို လေ့လာခဲ့ပါတယ်။ သုတေသနမှာ ဇီကာဗိုင်းရပ်စ် ကြောင့် မွေးရာပါချွတ်ယွင်းချက်များနဲ့ arthrogryposis တွဲဖြစ်နေသော ကလေး ခုနှစ်ဦးရဲ့ ဦးနှောက်နဲ့အဆစ်အမြစ် ပုံရိပ်တွေကို အသေးစိတ်လေ့လာခဲ့ပါတယ်။ ကလေးများ အားလုံးက အခြားသော မွေးရာပါဦးခေါင်းသေး စေတဲ့ ကူးစက်ရောဂါတွေဖြစ်တဲ့ toxoplasmosis, cytomegalo virus, rubella, syphillis နဲ့ HIV တို့ ကူးစက်ခံရမှု မရှိကြောင်း စစ်ဆေးအတည်ပြုခဲ့ပါတယ်။ ကလေးများ အားလုံးရဲ့ ဦးနှောက်ပုံရိပ်များတွင် ဦးနှောက်တွင်း ကယ်လ်ဆီယမ်များပုံနေတာ တွေ့ခဲ့ရပါတယ်။

 သီအိုရီ ယူဆချက်ကတော့ ဇီကာဗိုင်းရပ်စ်က ဦးနှောက်ဆဲလ် တွေကိုဖျက်ဆီးပြီး အမာရွတ်တွေ ဖြစ်ပေါ်စေကာ၊ ယင်းအပေါ်မှာ ကယ်လ်ဆီယမ်တွေ ပုံလာတာ ဖြစ်တယ် လို့ ဆိုပါတယ်။ ကလေးတွေရဲ့ အဆစ်အမြစ်တွေနဲ့ ဆက်စပ်တစ်သျှူးတွေကို အဆင့်မြင့်စကန်နဲ့ ပုံရိပ် ဖော်ကြည့်ရာ အဆစ်အမြစ်များတွင် မူမမှန်မှု တစ်စုံ တစ်ရာမတွေ့ခဲ့ပေ။ ဒါ့ကြောင့် ကလေးတွေမှာတွေ့ရတဲ့ arthrogryposis က အဆစ်အမြစ်တွေ သူတို့ကိုယ်တိုင် ပျက်ဆီးစေတာကြောင့် မဖြစ်နိုင်ဘဲ ဦးနှောက်နဲ့ အာရုံ ကြော အခြေပြုပြဿနာကြောင့် အဆစ်အမြစ်များ မွေးရာပါပုံပျက်ပြီး ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးနှောက်နဲ့အာရုံကြော အခြေပြုစနစ်တွင် Motor Neurons လို့ ခေါ်တဲ့ ကြွက်သားတွေ လှုပ်ရှားမှု ကို ထိန်းချုပ်ပေးတဲ့ အာရုံကြောခေါင်း များ ပါဝင်ပြီး ယင်းကနေတဆင့် သားအိမ်တွင်းသန္ဓေသားရဲ့ အဆစ် အမြစ်များ လှုပ်ရှားမှုကို ကန့်သတ် လိုက်ခြင်းအားဖြင့် မွေးရာပါ အဆစ်အမြစ်ပုံပျက်ခြင်းများ ဖြစ်ပေါ်လာ တယ်လို့ ရှင်းပြခဲ့ပါတယ်။ ယခုတွေ့ရှိမှုက ကလေးများကို နောင်တွင်အရိုးဆရာဝန်များနှင့် မှန်မှန်ပြသဖို့ အဆိုပြု ထားပြီး သို့မဟုတ်ပါက ဦးနှောက်နဲ့အာရုံကြော ချွတ်ယွင်း ချက်ကြောင့် ကြွက်သား အရိုး ပုံပျက်ခြင်းများ ဖြစ်ပေါ်လာ နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ယခုအခြေအနေက Motor Neurons များက သန္ဓေသားရဲ့ကြွက်သားတွေ အပေါ် သက်ရောက်စေသော အချက်ပြမှုများနှင့် ဆက်စပ်နေခြင်း ဖြစ်နိုင်ပြီး (သို့မဟုတ်) ပါက သွေးကြော တွေမှာ ပြဿနာရှိတဲ့အတွက် ဖြစ်နိုင်တယ်လို့ အကြံပြုခဲ့ ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ