နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ ဒီ (၅) ချက်ကြောင့်ဖြစ်


အိပ်ရေးမဝခြင်းရဲ့ အဓိက တရားခံနှစ်ခုက အိပ်ချင်နည်းပါးခြင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လို့ ဖြစ်ပါတယ်။ အိပ်ချင်နည်းပါးတာဟာ သိသာမြင်လွယ်တဲ့ အခြေအနေဖြစ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကိုတော့ သင်ရုတ်တရက် မသိနိုင်ပါဘူး။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဖြစ်ရတဲ့ အကြောင်းရင်း (၅) ခုရှိပါတယ်။
၁။ အိပ်ခန်း အလင်းအမှောင်

သင့်ရဲ့ အိပ်ခန်းက အိပ်စက်ဖို့အတွက် လုံလောက်တဲ့ အမှောင်မျိုး မရရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျောတာမျိုး ဖြစ်တတ်ပါတယ်။ အခန်းရဲ့ အလင်းအမှောင်ကို သင့်ရဲ့မျက်လုံးက ပိတ်ထားသိတိုင် ကောင်းကောင်း သိနေပါတယ်။
၂။ လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်း မလုပ်ပဲ အိပ်စက်တဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်မဟုတ်ပဲ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးမှာ စံတင်လောက်အောင် မကောင်းသူတွေက နှလုံးခုန်မမှန်ဖြစ်တတ်ပြီး အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပါတယ်။
၃။ မွေ့ယာကြောင့်
လူအတော်များများကတော့ ကောင်းကောင်းမအိပ်စက်နိုင်ရခြင်း အကြောင်းရင်းဟာ မွေ့ယာကြောင့်လည်း ဖြစ်တတ်တယ်ဆိုတာ သတိမထားမိကြပါဘူး။ ဒါကြောင့် ကောင်းကောင်းမအိပ်နိုင်တော့ဘူးဆိုရင် မွေ့ယာလဲဖို့လည်း မမေ့ပါနဲ့။
၎။ အစားများလို့

အထူးသဖြင့် ညဘက်တွေမှာ အစားအများကြီး စားမိလိုက်ရင်လည်း ရင်ပြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ဖြစ်တတ်ပါတယ်။ ပီဇာ၊ ခေါက်ဆွဲကြော်တို့လို ဗိုက်အရမ်းပြည့်စေတာမျိုးတွေ ညဘက်စားတာ ရှောင်ပါ။
၅။ စိတ်ပူနေရလို့

တစ်စုံတစ်ခုကို သင်စိတ်ပူပန်နေရတာမျိုး ကြုံနေရရင်လည်း ကောင်းကောင်းမအိပ်စက်နိုင် ဖြစ်ရပါတယ်။ စိတ်ပူတာဟာ ကောင်းကျိုး မရနိုင်တဲ့အတွက် ပူပန်တတ်တာ၊ စိတ်ဖိစီးတတ်တာကိုဖျောက်ဖျက်ဖို့ လုပ်သင့်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ