အိပ်ရေးပျက်လို့ဆိုပြီး အိပ်ရာစောစော မဝင်သင့်တဲ့အကြောင်းရင်း


အိပ်ရေးဝဝအိပ်နိုင်ဖို့အတွက် လိုက်နာရမယ့် အရာတွေကတော့ အများကြီးပါ။ မအိပ်ခင် ဖုန်းမသုံးပါနဲ့၊ မီးပိတ်ပါ၊ အိပ်ရာထဲမှာ အတွေးတွေ မများပါနဲ့၊ ထိပ်လန့်ဖွယ် ရုပ်ရှင်တွေ မကြည့်ပါနဲ့ စသဖြင့် မဆုံးနိုင်အောင် များပြားလှပါတယ်။
အခု သင့်ရဲ့အိပ်ချိန်မှန်စေဖို့အတွက် နောက်ထပ်လိုက်နာရမယ့် စည်းမျဉ်းတစ်ခု ထပ်ထိုးလာပါပြီ။ အဲဒါကတော့ အရင်နေ့က ကောင်းကောင်းမအိပ်ခဲ့ရလို့ ဆိုပြီး ဒီနေ့ အိပ်ရာစောစော မဝင်ပါနဲ့တဲ့။
သုတေသနတစ်ခုအရ အိပ်ရေးပျက်ခဲ့တာအတွက် နောက်တစ်နေ့မှာ အစားထိုးပြီး အိပ်ချိန်အများကြီး ထပ်ပေးခြင်းဟာ ကောင်းမွန်တဲ့ အိပ်စက်မှုမဖြစ်စေဘဲ အိပ်မပျော်တဲ့ ရောဂါကိုသာ ရလာစေတယ်လို့ ဆိုပါတယ်။
ယင်းသုတေသနက ကောင်းကောင်းအိပ်စက်နိုင်သူ အယောက် ၅၀၀ ကို ၁၂ လတိတိ လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။
အိပ်ချိန်တိုးလိုက်ခြင်းအားဖြင့် ခဏတော့ နေလို့ထိုင်လို့ကောင်းသလို ခံစားရပေမဲ့ သင့်ခန္ဓာကိုယ်က အိပ်စက်မှုစနစ်ကို ရှုပ်ထွေးစေတယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth/photos/?ref=page_internal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ