လုပ်ငန်းခွင်ဝင် လူလတ်ပိုင်းများတွင် လေဖြတ်ခြင်း အဖြစ်များလာ


လေဖြတ်ခြင်းသည် ယခင်က အသက်ကြီးပိုင်း များတွင်သာ အဖြစ်များလေ့ ရှိသည်။ ယခုအခါ သွက်လက် ဖျတ်လတ်ပြီး လုပ်ငန်းခွင် ဝင်နေကြသော လူလတ်ပိုင်း များတွင်လည်း အဖြစ်များ လာသည့် အတွက် လိုအပ်သလို ဂရုပြု နေထိုင်သွားရန် လိုအပ်ကြောင်း အင်္ဂလန်နိုင်ငံ အခြေပြု လေဖြတ်ရောဂါ လေ့လာရေး အသင်း က သတိပေး ထားသည်။

အင်္ဂလန်နိုင်ငံတွင် ၂ဝ၁၄ ခုနှစ်က ဆေးရုံများမှ လက်ခံကုသ ပေးခဲ့ရသော လေဖြတ်လူနာ ၆၂၂၁ ဦးရှိခဲ့ကြောင်း၊ ၄င်းတို့မှာ အသက် ၄ဝ မှ ၅၄ နှစ်အရွယ်များ ဖြစ်ကြောင်း၊ လွန်ခဲ့သော ၁၄ နှစ်မှ ကိန်းဂဏန်း များနှင့် နှိုင်းယှဉ်လျှင် ၁၉၆၁ ဦးပိုလာခြင်း ဖြစ်ကြောင်း၊ နေထိုင်မှု စနစ်သည် ကျန်းမာရေးနှင့် မညီညွတ်ခြင်း၊ လူဦးရေ ထူထပ်သိပ်သည်း လာခြင်း၊ ဆေးရုံဆေးခန်း များ၏ ကုသပုံ ပြောင်းလဲခြင်း တို့ကြောင့် ယခုကဲ့သို့ ငယ်ငယ်ရွယ်ရွယ် နှင့် လေဖြတ်သူ ဦးရေများလာခြင်း ဖြစ်နိုင်ကြောင်း၊ လေဖြတ်ခြင်းသည် သက်ကြီးရောဂါ သာ မဟုတ်တော့ ကြောင်း သုတေသီ တစ်ဦးက သတိပေး ပြောကြားသည်။

လေဖြတ်လျှင် ဦးနှောက် သွေးကြော ပိတ်ဆို့ခြင်း၊ သွေးယိုစီးခြင်း တို့ ဖြစ်နိုင်ပြီး ကိုယ်တစ်ပိုင်း သေခြင်း ကဲ့သို့ အကျိုးဆက်များကို ခံစားရ နိုင်သည်။ အသက် ၆၅ နှစ်နှင့် အထက်တွင် အဖြစ်များလေ့ ရှိရာမှ အသက် ၄ဝ ခန့်တွင်ပါ အဖြစ်များ လာသည်ကို သုတေသီများက ထောက်ပြခြင်း ဖြစ်သည်။ ''၂ဝဝဝ ပြည့်နှစ်ကနေ ၂ဝ၁၄ ခုနှစ်ထိ တစ်နိုင်ငံလုံးက ဆေးရုံတွေ ကနေ လက်ခံ ကုသပေး ခဲ့ရတဲ့ လေဖြတ်လူနာ တွေကို ဆန်းစစ်ကြည့် လိုက်တဲ့အခါ အသက် ၄ဝ ကနေ အသက် ၅ဝ ကြားအရွယ် လူနာတွေ အတော်များ လာပါတယ်။ ၂ဝဝဝ ပြည့်နှစ်နဲ့  နှိုင်းယှဉ်လိုက်ရင် ၂ဝ၁၄ ခုနှစ်မှာ လေဖြတ်တဲ့ အသက် ၄ဝ ကနေ ၅၄ အရွယ် အမျိုးသမီး ၁ဝ၇၅ ဦးတိုးလာ ပါတယ်။ အဝလွန် လာတာ၊ အထိုင်များ လာတာ၊ အဆီအအိမ့်၊ အငန်တွေ အစားလွန်တာ တွေကြောင့် အခုတစ်လော ဦးနှောက် သွေးကြောပိတ်ပြီး လေဖြတ်တဲ့ ဦးရေပိုများလာ တာလို့ ယူဆပါတယ်'' ဟု အထူးကု ဆရာဝန်တစ်ဦး က ထောက်ပြသည်။

အသက် ၄ဝ ခန့်တွင် လေဖြတ်သွား ပါလျှင် လူမှုရေး၊ ငွေရေးကြေးရေး နှင့် မိသားစု အရေးကိစ္စ တို့၌ ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ ရနိုင်သည့် အတွက် လိုအပ်သည့် ကြိုတင် ဂရုပြုမှုများကို ပြုလုပ် ထားသင့်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ