အိမ်တွင်းအကြမ်းဖက်မှုကြောင့် အမျိုးသမီးများတွင် နာတာရှည်ကျန်းမာရေးအခက်အခဲ ဖြစ်ပွားနိုင်


ခင်ပွန်းသည်၏ညဉ်းပန်းနှိပ်စက်မှုနှင့်အခြားသောအိမ်တွင်းအကြမ်းဖက်မှုမျိုးစုံကိုအားလုံးသော်လည်းကောင်း၊တစ်စိပ်တစ်ဒေသသော်လည်းကောင်း ခံစားရသည့်အမျိုးသမီးများတွင် နာတာရှည် စိတ်ဝေဒနာနှင့် ကျန်းမာရေးအခက်အခဲများဖြစ်ပွားနိုင်ကြောင်း သြစတြေးလျနိုင်ငံ၊ နယူးကာဆယ် တက္ကသိုလ်မှ သုတေသီများက ပြောသည်။ နယူးကာဆယ်မှ သုတေသီများက အသက် ၁၆ နှစ်အရွယ်အမျိုးသမီးများကို မျိုးဆက် ၃ ဆက် အထိ စောင့်ကြည့်လေ့လာ ခဲ့ရာ ပြင်းထန်ကြမ်းတမ်းသော အိမ်ထောင်သည်ဘ၀ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာသည် အသက်ကြီးလာသည်နှင့်အမျှ ပိုဆိုးလာလေ့ရှိပြီး စိတ်ကျန်းမာရေးသည်လည်း ချွတ်ခြုံ ကျဆင်းလေ့ ရှိသည်ကို တွေ့ ၇ကြောင်း ဥိးဆောင်သုတေသီ ပရော်ဖက်ဆာ ဒီဘိုးရားလော်စတန် က ပြောပြသည်။

အမျိုးသမိးလူနာတွေကို ရောဂါရှာဖွေတဲ့အခါ သူတို့ တတွေဟာ အိမ်တွင်းအကြမ်းဖက်မှုကို ခံရခြင်း ရှိ၊မရှိလည်း ထည့်သွင်းမေးမြန်းဖို့  လိုအပ်လာပါပြီ။ လင်ယောက်ျားက ရိုက်နှက်တာ၊ လင်ယောက်ျား ဘက်က အမျိုးတွေက နှိပ်စက်တာတွေဟာ ခန္ဓာကိုယ်ကို နာကျင်စေမှမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပေးတာ၊ အခွင့်အရေးကို မျှတစွာမပေးတာတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေပါပဲ။ ခန္ဓာကိုယ်မှာဒဏ်ရာရတာ ဆေးကုလိုက်ရင်ပျောက်ကင်းနိုင်ပေမယ့် မူလအတိုင်းပြန်မဖြစ်နိုင်တော့တဲ့ ဒဏ်ရာတွေရှိသလို အဲဒီအဖြစ်အပျက်ကြောင့် ကာလရှည်ကြာခံစားရမယ့် စိတ်ဖိစီးမှုကြောင့်လည်း စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ခြင်းဖြစ်ပါတယ် ဟု ဒီဘိုးရား က ဆက်လက်ပြောပြသည်။

ထို့အပြင်အိမ်တွင်းအကြမ်းဖက်ခံရသည့်အမျိုးသမီးများတွင် နာတာရှည်ကိုက်ခဲနာကျင်မှုများ၊ ခေါင်း ကိုက် ဝေဒနာများ ပုံမှန်ကဲ့သို့ပင်ဖြစ်ပွားလေ့ရှိပြီးသားအိမ်ခေါင်းကင်ဆာဝေဒနာအဖြစ်များရသည်မှာ လည်း အိမ်ထောင်ရေးသာယာမှုမရှိခြင်း၊ စိတ်ရောကိုယ်ပါ ညဉ်းပန်းနှိပ်စက်ခံရခြင်း တို့ နှင့်လည်း များစွာသက်ဆိုင်ကြောင်း ၄င်းက ဆက်လက်ပြောပြသည် ။ ငယ်ရွယ်စဉ်မှာ ကျန်းမာရေးကောင်း သူဖြစ်ပေမယ့်လည်း အိမ်ထောင်ကျသွားပြီး အိမ်တွင်းအကြမ်းဖက် မှု တွေနဲ့  ရင်ဆိုင်ကြုံတွေ့  ကြိတ်မှိတ်ခံစားရတဲ့အခါ အဲဒီမိန်းကလေးရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေ အနေဟာ အံ့သြ စရာကောင်းလောက်အောင် ချွတ်ခြုံကျဆင်းသွားလေ့ရှိပါတယ်။ ဒီနေ့  ခင်ပွန်းသည် ရဲ့  စိတ်မထင်ဘဲ ရိုက်လိုက်တဲ့ရိုက်ချက်ဒဏ်ကို အဲဒီမိန်းကလေးဟာ နောက်ထပ် ၁၀ နှစ်၊ ၂၀ နှစ် အထိ တုန်လှုပ်စွာ ခံစားရနိုင်ပါသေးတယ် ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ