ကိုယ်ဝန်ဆောင်မှာ စိတ်ကို အပြုသဘောထားပါ


မင်္ဂလာပါရှင်။ ဆရာရှင့် ကျွန်မအသက် ၃၃ နှစ်ထဲဝင်ပါပြီ။ အခု သုံးယောက်မြောက်ကိုယ်ဝန် လေးပတ်ထဲဝင်ပါပြီ။ မနေ့ကနဲ့ ဒီနေ့ဆို စိတ်မကောင်းဆရာသတင်းတွေကြားရ မြင်နေရပါတယ်။ သူငယ်ချင်းနှစ်ယောက် (တယောက် တနယ် စီက) မွေးနေ့စေ့လို့ ကလေးမီးဖွားပြီး နာရီပိုင်မှာ ကလေးဆုံးသွားကြပါတယ်။ ကလေးနှလုံးမှာအပေါက်တွေ ပါတယ်လို့ ကြားသိရတယ်။ အဲတာ ကလေးမိခင်ရဲ့ အစားအသောက်တွေနဲ့ ဆိုင်ပါသလားရှင်။ ဘာ့ကြောင့်လည်းဆိုတာ သိပါရစေရှင်။ ကျွန်မ တိုင်းရင်းသူ မြန်မာစာ မရေးတာကြာတော့ အမှားပါရင် ခွင့်လွတ်ပါရှင်။ လေးစားစွာဖြင့်။

မွေးရာပါရောဂါတွေဟာ မျိုးဗီဇချို့ယွင်းလို့ဖြစ်တယ်။ မိဘတွေကို အပြစ်ပုံချလို့လည်းမရ။ ကံတရားအရဖြစ်တယ်လို့ ခပ်လွယ်လွယ်ပြောနိုင်တယ်။

မွေးရာပါနှလုံးရောဂါတွေ ဖြစ်စေတဲ့အကြောင်းခံ (၃) ခုရှိတယ်။
၁။ ကလေးမှာ မျိုးဗီဇ ခေါ် ခရိုမိုဇုန်းချို့ယွင်းချက်ပါနေခြင်း။ ဥပမာ ဒေါင်းဆင်ဒရုမ်း။
၂။ မိခင်က ကိုယ်ဝန်ဆောင်နေစဉ် တချို့ဆေးဝါးတွေ၊ မူးယစ်ဆေးတွေသုံးစွဲခြင်း၊ အရက်သောက်ခြင်း။
၃။ ရူဘဲလား ခေါ် ဂျာမန်ဝက်သက် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရခြင်း။

ကင်ဆာကို ကံတရားနဲ့တွဲတဲ့ ဆေးပညာသုံးသပ်ချက် ၂-၁-၂ဝ၁၅ နေ့က ဘီဘီစီကျန်းမာရေးသတင်းထွက်တယ်။

Most cancer types just bad luck http://www.bbc.com/news/health-30641833
ကင်ဆာနဲ့ ကံတရား http://doctortintswe.blogspot.com/2015/01/most-cancer-types-just-bad-luck.html

အခုလေးတင် ကိုယ်ဝန်ဆောင်တယောက်က ကိုယ်ဝန်သွေးဆိပ်တက်တာ မေးတယ်။ သူ့မှာဖြစ်နေတာလည်း မဟုတ်။ ကိုယ်ဝန်ဆောင်ထားသူတွေကို မကြာခဏပြောရတယ်။ ကိုယ့်မှာ တကယ်ဖြစ်မနေတဲ့ မူမမှန်ကိုယ်ဝန်အကြောင်းတွေ မေးလည်း မမေးနဲ့၊ ဖတ်လည်း မဖတ်နဲ့၊ နားလည်မထောင်နဲ့။

မေးခွန်းမေးသူက တိုင်းရင်းသူဖြစ်တယ်။ မေးခွန်းထဲမှာ တစ်နှစ်လုံးကလွဲရင် ပြင်စရာမပါ။ ရေးတာလည်းမှန်တယ်။ ယဉ်ကျေးတယ်။ ရွှေဗမာတွေ သိကြစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ