အနီရောင်အသားများစွာစားသုံးခြင်းနှင့် သေစေနိုင်သည့်ရောဂါ ရှစ်မျိုးတို့ ဆက်စပ်နေ


အမေရိကန်နိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် သုတေသန အသစ်အရ အမဲသား၊ ဝက်သား၊ ဆိတ်သားတို့ကဲ့သို့သော အနီရောင် အသားတို့ကို များစွာစားသုံးခြင်းကြောင့် ကင်ဆာရောဂါ၊ ဆီးချိုသွေးချို ရောဂါများနှင့် နှလုံးရောဂါတို့အပါအဝင် သေစေနိုင်သည့်ရောဂါရှစ်မျိုး ဖြစ်ပွားခြင်းတို့နှင့် ဆက်စပ်နေကြောင်းသိရသည်။ အဆိုပါသုတေသန သည် အသက် ၅ဝမှ ၇၁ နှစ်အရွယ် လူပေါင်း ၅၃၇ဝဝဝ တို့၏ အနီရောင်ရှိသောအသားများစားသုံးမှုပမာဏနှင့် ရရှိလာသည့်ရလဒ် အချက်အလက်များကို စိစစ်လေ့လာခဲ့ခြင်းဖြစ်သည်။
ယင်းသို့လေ့လာခဲ့ရာတွင် ၄င်းတို့ထဲမှ အနီရောင်အသားများသာ အများဆုံးစားသုံးသူများသည် အနီရောင်အသားများသိပ်မစားသုံးသော သူများထက် သေစေနိုင်သည့်ရောဂါများခံစားရနိုင်ခြေ ၂၆ ရာခိုင်နှုန်း ကျော်ပိုများသည်ကိုတွေ့ရှိခဲ့ရသည်ဟု သိရသည်။ သို့သော် ငါး၊ ကြက်နှင့် ဘဲများအပါအဝင် အဖြူရောင်အသားများသာ များသောအားဖြင့် စားသုံးလေ့ရှိသူများသည် ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါများနှင့် နှလုံးရောဂါတို့အပါအဝင် သေစေနိုင်သည့် ရောဂါရှစ်မျိုးဖြစ်ပွားနိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်းသည်ဟု သိရသည်။
ထို့ပြင် သုတေသီများသည် အမေရိကန်နိုင်ငံမှ ပြည်နယ်ခြောက်ခုနှင့် ခေတ်မီမြို့ပြ နှစ်ခုတို့မှ အသက် ၁၆ နှစ်အရွယ်လူငယ်များ၏ ကျန်းမာ ရေးအခြေအနေနှင့် အနီရောင်အသားများနှင့် အဖြူရောင်အသားများ စားသောက်မှုအလေ့အထများနှင့် ရလဒ်များကိုလေ့လာခဲ့ရာတွင် အကြမ်း ဖျင်းအားဖြင့် အနီရောင်အသားများသာအများဆုံးစားသုံးကြသူ ၁၂၈၅၂၄ ဦးတို့သည် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့်လေဖြတ်ခြင်းတို့ဖြင့် သေဆုံးသည်ကိုတွေ့ရှိခဲ့ရသည်။ အနီ ရောင်အသားများတွင် အမဲသား၊ သိုးသား၊ ဆိတ်သားနှင့် ဆတ်သား တို့ပါဝင်ပြီး အဖြူရောင်အသားများမှာ ကြက်သား၊ ကြက်ဆင်သားနှင့် ငါးတို့ဖြစ်သည်။

The Union Daily
သွန်းသွန်း
https://www.facebook.com/pg/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ