ရာသီအချိန်ခါ ဖျားနာရောဂါ
မိုးကအေးလိုက် လေပြေပါအေးအေးနဲ့ မိုးကရွာပြန် တဖြန် မိုးလေကင်းစင် ပူလာပြန်ဖြင့် အိုက်တယ် ပူတယ် နေရခက်လို့ ဥတုအလိုက် မညီမျှစွာ နေထိုင်မိကြချိန်ခါနှင့် မိုးကစိုစွာ အချိန်ကြာလာ အအေးပတ်စွာ ဖျားဝေဒနာ ဖြစ်တက်ပါတယ် ။
သာမန်အဖျားပေမဲ့ ဒီလိုလအခါတွေမှာ Rhinovirusအမည်ရှိ ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့် အအေးမိဖျားနာ ဖြစ်တက်သလို Influenza အမည်ရှိ ဗိုင်းရပ်စ်ပိုး ကြောင့် တုပ်ကွေးဖျားနာ ဖြစ်တက်ကြပါတယ်
အဖျားကြီးစွာ ရက်ရှည်ဝေဒနာနှင့် တုပ်ကွေးပါ သတိချပ်သင့်သလို မိုးတွင်ကာလတွင် ခြင်ပေါက်ဖွားမှု့ များပြားသောကြောင့် ဌင်းခြင်များမှတစ်ဆင့် ကလေးသူငယ် လူများကို ခြင်ကိုက်ခံရခြင်းမှ တဆင့် သွေးလွန်တုပ်ကွေးရောဂါ ( Dengue fever ) ကူးစပ်ဖြစ်ပေါ်တက်လို့လည်း ဂရုတစိုက် နေထိုင်သင့်ပါသည် ။
မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ အတွက် ကြိုတင်ကာကွယ် သင့်လို့ အောက်ဖော်ပြထားသည့် အဓိက အချက်လက်များကို မှတ်သားလိုက်နာစေလိုပါသည် ။
၁။ ကလေးကိုခြင်ကိုက်မခံရအောင်ဂရုစိုက်ပါ။
၂။ ဖျားတဲ့ကလေးတိုင်းကိုဆေးခန်းပြပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်တိုက်တာ အန္တရာယ် ရှိပါတယ်။
၃။ မက်ကလောင်ဖောက်တာလုံးဝမလုပ်ပါနဲ့။
၎။ ကလေးအန်လျှင် (အမဲရောင် ကော်ဖီမှုန့်လို အ ဖတ်ကလေးတွေ ပါရင်)၊ မှိန်းလွန်းအား ကြီးလျှင်၊ ခြေဖျား လက်ဖျားတွေ အေးလျှင်၊ ဝမ်းမည်းမည်းတွေ သွားလျှင် ဆေးခန်း၊ဆေးရုံကိုချက်ချင်းသွားပါ။
၅။ ကလေး ဆေးရုံတင်ရလျှင် သွေးလှူမည့်သူ (အမျိုးထဲမှ စိတ်ချရသူ) ရှာထားသင့်ပါတယ်။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin