ဆေးလိပ်သောက်ခြင်းအတွက် အကျိုးဆက်
ဆေးလိပ်သောက်တာ ကိုယ်ပိုက်ဆံနဲ့ ကိုယ်သောက်တာ ဘာဖြစ်လဲ ?
ပိုက်ဆံမကုန် မိမိကိုယ်တိုင် မသောက်ပေမဲ့ သောက်သုံးသူရဲ့အနားမှ ဆေးလိပ်အငွေ့တွေ ရှူရှိက်မိပါက ဘာဖြစ်လဲ ?
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ဆိုခြင်းကိုလူတိုင်း သိရှိ နားလည် လက်ခံထားကြပေမဲ့ ဆေးလိပ်သောက်ကြပြန်ပါတယ်
သောက်တော့ ဘာဖြစ်လဲ?
ဦးစွာ ဆေးလိပ်သောက်တဲ့အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်းတွေလည်း ညံ့ဖျင်းတတ်ပါတယ်။
အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေးပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန်မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ အား သောက်သုံးခြင်းဖြင့် Schizophrenia ဟု အမည်ရသော စိတ်ပိုင်းဆိုင်ရာ ကျန်းမားရေး ထိခိုက်မှုများ ဖြစ်စေကာ ဥာဏ်ရည်ပိုင်း ထိခိုက်မှု ဖြစ်စေခြင်းဖြစ်ပါတယ်ဒါကြောင့်
ဆေးလိပ်များစွာသောက်သုံးသူများတွင် သာမန်လူများနှင့် နှိုင်းယှဉ်ပါက ဥာဏ်ရည်သိသာစွာ ကျစေပါသည် ။ သင် ဆေးလိပ်သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေရောဂါရတတ်ပါသည်။
ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းနဲ့ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေပိုများပါတယ် ပြီးတော့ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွားနိုင်ပါတယ်။
အထုးသဖြင့် ယနေ့
ဆယ်ကျော်သက်အရွယ်တွင်ဆေးလိပ်သောက်သူတွေဟာ အရိုးထုစုဆောင်းမှု နည်းစေတာကြောင့် ကြီးလာရင် အရိုးပါးရောဂါဖြစ်နိုင်ခြေ မြင့်မားနိုင်သလို မိခင်ဝမ်းမှ ခြေလက်အင်္ဂါ စုံညီစွာ မွေးဖွားလာပြီး
ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောတွေပိတ်လာပြီး ခြေပုတ် လက်ပုတ်ဖြစ်ခါ မိမိ၏
ကောင်းမွန်သော ခြေလက် အင်္ဂါများ ဖြတ်တောက်ခံရနိုင်ပါသည် ။
ဆေးလိပ်ကို မသောက်ရ မနေနိုင်၍ ဆေးလိပ်၊ စီးကရက်ကြိုက်တတ် သူများသည် အိပ်ရာမှ နိုးလျှင်ပင် မီးခြစ်နှင့် ဆေးလိပ်ကို ဦးစွာရှာတတ်လေ့ ရှိပြီး နံနက်ပိုင်းသောက်သော ပထမဆေးလိပ်(စီးကရက်) တစ်လိပ်သည် အဆုတ်၊ ဦးခေါင်းနှင့် လည်ပင်းတို့၌ ကင်ဆာဖြစ်ရန် မိမိကျန်းမာရေးဆိုးရွားစေမှု့အတွက် ဆိုးကျိုးများ ထပ်မံလာပြန်ပါသည်။
ဒါကြောင့်ငွေကြေးလည်းကုန်သည့်အပြင် ကျန်းမာရေးအတွက် ဆိုးကျိုးရောဂါများ ဖြစ်ပ်ါစေ သည် ။
ဘာဖြစ်လဲ? အတွက် မိမိကျန်းမာရေးကို
အဲလိုမျိုးတွေ ဖြစ်မယ် ဖြစ်လာမယ် ဖြစ်လာမည်တွေလည်း ပိုမိုမြင့်မားလာစေသည့် ဆေးလိပ် စီးကရက်ပင်ဖြစ်ပါတော့သည် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin