ကိုလက်စထရော ကို ဘယ်လိုလျှော့ချမလဲ


ကိုလက်စထရောမြင့်လေ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများလေတဲ့။ ဒါပေမဲ့ သတင်းကောင်း ကတော့ ကိုလက်စထရောတက်ခြင်းကို သင်ကိုယ်တိုင် လျှော့ချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆိုးကျိုးပြု LDL ကို လက်စထရောကို လျှော့ချပြီး အကျိုးပြု HDL ကိုလက်စထရောကို မြှင့်တင်ဖို့ အောက်ပါရိုးရှင်းတဲ့ နည်းလမ်းများအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။
ကိုယ်အလေးချိန် လျှော့ချပါ
ကိုလက်စထရောကျဖို့ ကိုယ်အလေးချိန် အများကြီး လျှော့ချဖို့ မလိုပါဘူး။ အ၀လွန်တဲ့သူ တစ်ယောက်အနေနဲ့ ကိုလက်စထရောကို (၈) ရာခိုင်နှုန်းနှင့် အထက် လျော့ကျစေဖို့ ကိုယ်အလေးချိန် (၁၀) ပေါင်သာကျသွားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်တင့်မျှတဖို့ တစ်ပတ်ကို (၁) ပေါင် (၂) ပေါင်သာ ချသင့်ပါတယ်။ ၀ိတ်ချဖို့ အမျိုးသမီးများ အနေနဲ့ တစ်နေ့ကို ကယ်လိုရီ (၁၀၀၀) မှ (၁၂၀၀) သာ စားသုံးသင့်ပြီး အမျိုးသားများက ကယ်လိုရီ (၁၂၀၀)မှ (၁၆၀၀) အထိ စားသုံးသင့်ပါတယ်။
လေ့ကျင့်ခန်း လုပ်ပါ
တစ်ပတ်ကို (၂) နာရီ ခွဲခန့်ကြာ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပေးခြင်းက ဆိုးကျိုးပြု ကိုလက်စထရောကို လျော့ကျစေတယ်လို့ ဆိုပါ တယ်။ ခန္ဓာကိုယ်ကို အမြဲလိုလို လှုပ်ရှားပေးပါ။ ကြိုက်နှစ်သက်ရာ ကိုယ်လက် လှုပ်ရှားမှုကို ရွေးချယ် လုပ်ဆောင်ပါ။
ဖိုက်ဘာဓာတ် ပါဝင်သော အစား အစာများကို ရွေးချယ်ပါ။
ကောက်နှံစာ (Oatmeal) ၊ ပန်းသီး၊ ပဲ၊ ဆီးချိုသီး စသည့် အစား အစာများမှာ ဖိုက်ဘာဓာတ်များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ကို လက်စထရောများကို စုပ်ယူခြင်းမှ ထိန်းချုပ်ပါတယ်။
ငါးများများစားပါ။
ငါးကို တစ်ပတ်လျှင် (၂) ကြိမ် မှ (၄) ကြိမ် စားပေးပါ။ ငါးများတွင် ပါဝင်တဲ့ Omega-3 အဆီဟာ နှလုံး ကျန်းမာစေရုံသာမက အနီရောင် အသားအစားထိုး စားသုံးပေးလျှင် ကိုလက်စထရော လျှော့ချပေးနိုင်ပါတယ်။ အကောင်းဆုံး ငါးများကတော့ ဆယ်လမွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးတို့ ဖြစ်ကြပါတယ်။
သံလွင်ဆီကိုလည်း မချန်ထားပါနှင့်
ထောပတ်အစား သံလွင်ဆီ အစားထိုးလျှင် ဆိုးကျိုးပေး ကိုလက်စထရောကို (၁၅) ရာခိုင်နှုန်းနှင့် အထက် လျှော့ချနိုင်ပါတယ်။ သံလွင်ဆီထဲရှိ ကောင်းတဲ့ အဆီများက နှလုံးကိုများစွာ ကောင်းကျိုးပြုပါတယ်။
ခွံမာသီးများစားပါ။
ခွံမာသီး အများစုက ဆိုးကျိုးပြု ကိုလက်စထရောကို လျော့ကျစေပါတယ်။ သို့ပေမယ့်လည်း ခွံမာသီးများမှာ ကယ်လိုရီပါဝင်မှု မြင့်မားတာကြောင့် သင့်တင့်မျှတရုံသာ စားသုံးသင့်ပါတယ်။
အစပ်စားပါ။
ဆိုလိုတာက ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ သစ်ဂျပိုးခေါက် စသည်တို့ကို သင်စားသုံးတဲ့ အစား အစာထဲ ခပ်များများ ထည့်သွင်းဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၄င်းတို့ကလည်း ကိုလက်စထရောကို ထိန်းပေးနိုင်လို့ ဖြစ်ပါတယ်။ တစ်နေ့လျှင် ကြက်သွန်ဖြူ တစ်မွှာစားသုံးပေးခြင်းက ကိုလက်စထရောကို (၉) ရာခိုင်နှုန်းလောက် ကျစေပါတယ်။
ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်က ဆိုးကျိုးပြု ကိုလက်စထရောကို အားပေးပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့် ရှူရှိုက်ခြင်း တို့ကလည်း ဆိုးကျိုးပြု ကိုလက်စထရောများစွာ တက်စေပါတယ်။
ရေနွေးကြမ်းသောက်ပါ။
လက်ဖက်ကို ကင်ဆာရောဂါ အတွက် ဆေးတစ်ခွက်လို့ သိထားကြရုံသာမက ကိုလက်စထရော တိုက်ဖျက်တဲ့ လက်နက်တစ်ခု အဖြစ်လည်း သိထားသင့်ပါသေးတယ်။ လက်ဖက်ရည်ကြမ်းက ကိုလက်စထရောနှင့် နှလုံးရောဂါကို လျှော့ချပါတယ်။
ချောကလက်စားပါ။
ချောကလက်မှာ အနက်ရောင် ချောကလက်ခါး (dark chocolate) ကိုသာ ရွေးချယ်စားသုံးပါ။ ၄င်း ချောကလက်အနက်က သွေးများစေး ကပ်ခြင်းနှင့် သွေးကြောများ ပိတ် ဆို့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
ထောပတ်သီး။
ထောပတ်သီးမှာ အဆီပါတယ် ဆိုသော်လည်း ၄င်းက ကောင်းကျိုးပြုတဲ့ အဆီဖြစ်ပါတယ်။ ဒါ့ကြောင့် ကောင်းကျိုးပြုကို လက်စထရောကို မြှင့်တင်ကာ ဆိုးကျိုးပြု ကိုလက်စထရောကို လျှော့ချပါတယ်။ ထောပတ်သီးကို အခြားသော သစ်သီးများထက်တောင် ဦးစားပေး စားသုံးသင့်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ