Agony ဆီးလမ်းကျောက်က နာခြင်း


ဆရာရှင့် ကျောက်ကပ်မှာ ကျောက်တည်တဲ့အကြောင်း ရေးထားတဲ့ဆောင်းပါးရှိပါလားရှင့်။ သမီးကျောက်ကပ်ထဲက တော်တော်နာလို့ပါ။ ဆေးခန်းပြတော့ ကျောက်ကထွက်တော့မယ်လို့တော့ ပြောပါတယ်။ နာတဲ့အချိန်ကျရင် မျက်ရည်ကျလောက်အောင် ခံစားရလို့ပါဆရာ။ CT result အရ Ureteric Colic ဆီးပြွန်ကျောက်တည်ရောဂါ လို့ ပြောပါတယ်။ Kidney Stone နဲ့  ဘာကွာလဲဆရာ။
Kidney ကျောက်ကပ်နဲ့ Bladder ဆီးအိမ်ကြားမှာ အထက်ကနေ အောက်ကို ဆင်းလာပြီးဆက်နေတဲ့ ပြွန်လိုအင်္ဂါကို Ureter လို့ခေါ်တယ်။ အထက်မှာ ကျယ်ပြီး အောက်ရောက်လေသေးလေဖြစ်တယ်။ ဘယ်-ညာ ရှိတယ်။ အဲဒီမှာ ကျောက်ကတစ်နေလို့နာတာကို Ureteric colic လို့ခေါ်တယ်။ အလွန်နာတတ်တယ်။
နာတာအတွက် ဆေးဆောင်ထားသင့်တယ်။ သွားလေရာယူသွားပါ။ Buscopan/Spasmo Cibalgin စတဲ့ဆေးဖြစ်တယ်။ စားဆေးနဲ့ ထိုးဆေးရှိတယ်။
ကျွန်တော်လည်းဖြစ်ဘူးလို့ Buscopan ကို စားဆေးရော ထိုးဆေးပါ၊ ဆေးထိုးအပ်ပါ သွားလေရာကို ယူသွားတယ်။ တခါက တခြားနိုင်ငံတခုကို အစည်းအဝေးသွားတော့ယူသွားတယ်။ မိတ်ဆွေအမတ်တဦး ညကြီးမင်းကြီး နာလို့ ပါလာတဲ့ဆေးကို ထိုးပေးရတယ်။ ၅ မိနစ်အတွင်း သက်သာသွားတယ်။ ဒပ်ဗလင်မြို့မှလား စတော့ဟုမ်းမြို့မှာလား မမှတ်မိတော့ဘူး။
သက်သာမှသူပြောပါတယ်။ နာလွန်းလို့ အနားမှာ သေနတ်သာရှိရင် ကိုယ့်ကိုယ်ကို ပြစ်သတ်ချင်လောက်အောင်ပဲတဲ့။ သူက လူကောင်ကြီးလို့ 3 ampoules IV ထိုးပေးရတယ်။ သာမန်လူဆိုရင် ၂ လုံးဆိုရတယ်။ တော်တော်တန်တန်နာရင် စားဆေး ၁-၂ ပြားဆိုရင် ရတယ်။
အဲလို ဆီးလမ်းကျောက်ကြောင့်နာတာကို Pain, severe pain လို့ပြောတာနဲ့မလုံလောက်လို့ Agony လို့သုံးတယ်။ အရမ်းကာရောနာတယ်။
ကျွန်တော်ရေးပြီးသမျှ ကျောက်ကပ်ဆေးပညာစာတွေရှိပါတယ်။
1. Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း
2. Acute glomerulonephritis ကျောက်ကပ်ရောင်ခြင်း
3. Bladder Cancer ဆီးအိမ်-ကင်ဆာ
4. BPH ဆီးကျိတ်ကြီးခြင်း
5. Dialysis ကျောက်ကပ်ဆေးခြင်း
6. Drugs and Kidneys ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ
7. Glomerulonephritis ကျောက်ကပ်ရောင်ခြင်းတမျိုး
8. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
9. IgA nephropathy အိုင်ဂျီအေ ကျောက်ကပ်ရောဂါ
10. Kidney cysts ကျောက်ကပ်ရေအိတ်
11. Kidney Diseases in Children ကလေး ကျောက်ကပ်ရောဂါတွေ
12. Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ http://doctortintswe.blogspot.com/…/kidney-stones-home-reme…
13. Kidney stones ကျောက်ကပ်-ကျောက် http://doctortintswe.blogspot.com/2014/11/kidney-stones.html
14. Kidney transplant ကျောက်ကပ်အစားထိုးကုသမှု
15. Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း
16. Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ
17. Microalbuminuria ဆီးထဲအယ်လ်ဗျူမင်များနေခြင်း
18. Nephritis ကျောက်ကပ်ရောင်ခြင်း
19. Polycystic Kidney Disease ကျောက်ကပ်ရောဂါ
20. Renal Cortical Cyst ကျောက်ကပ် အပြင်မှာရှိနေတဲ့ အိတ်
21. Renal Dialysis ကျောက်ကပ်ဆေးခြင်း
22. Semen in Urine ဆီးထဲသုက်ပါခြင်း
23. Urinary tract infections (UTI) ဆီးလမ်းပိုးဝင်ခြင်း၊
24. Urine Dribbling အမျိုးသား ဆီးတစက်တစက် ထွက်နေခြင်း
25. Urine output at different ages ကလေးတွေ ဆီးဘယ်လောက်သွားသလည်း
26. Urine smell ဆီးနံ့
27. Warning Signs Of Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းလက္ခဏာလေးခု http://doctortintswe.blogspot.com/…/warning-signs-of-kidney…
28. World Kidney Day ကမ္ဘာ္ဘ့ကျောက်ကပ်နေ့ http://doctortintswe.blogspot.com/…/03/world-kidney-day.html
မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကျောက်ကပ်ကျန်းမာရေးနဲ့ ပြည့်စုံကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ