Triple-negative breast cancer အနုတ်သုံးမျိုးပြ ရင်သားကင်ဆာ


ဆရာ မင်္ဂလာပါခင်ဗျာ။ မေမေ့ အသက် ၄၇ နှစ်ပါ။ ရင်သားကင်ဆာလို့ပြောပါတယ်ခင်ဗျာ။ ဒီနေ့ နောက်ဆုံးအဖြေ ရပါတယ် ဆရာ။ Triple negative breast cancer တဲ့။ တခြားအမျိုးအစားတွေထက် စိုးရိမ်ရလားခင်ဗျာ။

ရင်သားကင်ဆာကို အမျိုးအစားတွေခွဲခြားရတယ်။ Estrogen receptor (ER) အီစထိုဂျင်မျိုးဗီဇ၊ Progesterone receptor (PR) ပရိုဂျက်စတီရုန်းလက်ခံ နဲ့ Her2/neu တွေ တခုမှမရှိတာကို (TNBC) အနုတ်သုံးမျိုးပြ ရင်သားကင်ဆာလို့ သတ်မှတ်ပါတယ်။ ဆေးစစ်ချက်မှာ Estrogen receptors (ER-), Progesterone receptors (PR-), HER2 (HER2-) လို့ ရေးထားမယ်။

ကုသရတာပိုခက်စေတယ်။ ဆောရီး။ ကင်ဆာဆေးတွေက အဲဒီဟာ တခုခုကို ပစ်မှတ်ထားရလို့ဖြစ်ပါတယ်။ ကုသနည်းမှာ ရောပေးရတော့မယ်။ ဆေးပေးနည်းမညှာသင့်ပါ။ ခွဲတာလည်း မညှာရပါ။ ရင်သားအကုန်ထုတ်ရမယ်။

Basal type cancers ကင်ဆာအုပ်စုမှာပါတယ်။ ရင်သားကင်ဆာမှန်သမျှထဲမှာ ဒီအမျိုးအစားက ၁၅-၂၅% ရှိတယ်။ တချို့လေ့လာမှုမှာ ၁ဝ-၂ဝ% ရှိတယ်။ ၂ဝဝ၉ လေ့လာမှုတခုအရ ၁၈၇ ယောက်ထဲမှာ ကိုယ်ဝန်တားဆေး တနှစ်ကျော် သုံးခဲ့သူ ဒီအမျိုးအစားကင်ဆာဖြစ်တာ ၂့၅ ရှိတာတွေ့ရတယ်။ အသက် ၄ဝ အောက် တွေမှာ ၄့၂ ရှိတယ်။

ကုသနည်း
(ခွဲစိတ်ကုသနည်း + ဆေးပေးနည်း + ဓါတ်ကင်နည်း) ကိုသုံးတယ်။ ကင်ဆာဆေးကို ကောင်းကောင်းတုန့်ပြန်မှုရှိတယ်။ Taxane ဆေးကိုထည့်သုံးလေ့ရှိတယ်။ Tamoxifen ဆေး၊ Aromatase inhibitors ဆေးခေါ် ဟော်မုန်းဆေးတွေနဲ့ Herceptin (trastuzumab) ဆေးက မထိရောက်ပါ။ တချို့ကို မခွဲခင်အရင် ကင်ဆာဆေးပေးတယ်။ Neoadjuvant therapy ခေါ်တယ်။

တချို့မှာ အလားအလာ ပိုမဆိုးပါ။ အသင့်ဆုံးကုသနည်းနဲ့ အသက် (၂ဝ) ရှင်နှုန်းဟာ ဟော်မုန်းသက်ရောက်မှုရှိတဲ့ ရင်သားကင်ဆာနဲ့ အလားအလာ အတော်နီးစပ်တာတွေ့ရတယ်။ ကျန်းမာရေးနဲ့ညီညွတ်တာကို စားသောက်ပါ။ အဆီနည်းပါစေ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုအပြုသဘောဆောင်ပါ။ ကံတရားအားကိုးပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ