အမျိုးသားတွေအတွက် ဖက်ရှင် Tip များ




ခန္ဓာကိုယ်နဲ့ အတိအကျ ကိုက်ညီတဲ့ဝတ်စုံ

အရေးကြီးဆုံးအချက်ကတော့ စတိုင်ကျနနေဖို့ဆိုရင် ခန္ဓာကိုယ်နဲ့ အတိအကျ ကိုက်ညီတဲ့ အ၀တ်အစားကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ပါပဲ။ အမျိုးသားတော်တော်များများက ကိုယ်ခန္ဓာကိုယ်ထက် ပိုမိုပွယောင်းတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်လေ့ရှိကြတာမို့ အရမ်းကြပ်ထုတ်နေတဲ့ အ၀တ်အစားမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်လုံးနဲ့ အနေတော် အ၀တ်အစားတွေကို ရွေးချယ်တတ်ဖို့က အခြေခံအချက်ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်း ဖြစ်ပါစေ


အ၀တ်ဗီဒိုထဲမှာ အရောင်အသွေး ဒီဇိုင်းအစုံအလင် ရှိနေစေချင်တယ်ဆိုပေမယ့် အလွန်အကျွံမ၀ယ်မိပါစေနဲ့။ အရောင် သုံးရောင်ထက်မနည်း တွဲဖက်မ၀တ်ဆင်မိပါစေနဲ့။ တီးဝိုင်းတစ်ခုက အသင်းဝင်မဟုတ်ဘဲ ရော့ကာကြီးတစ်ယောက်လို မ၀တ်ပါနဲ့။ လူကြားထဲမှာလည်း ထင်ရှားနေချင်တယ်ဆိုရင်တော့ အနက်ရောင်အစင်းရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီခပ်မှိုင်းမှိုင်းတစ်ထည်ကိုသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။
အရိုးရှင်းဆုံးက အဆန်းဆုံးပါပဲ။



ပေါ့ပါးလွတ်လပ်တဲ့ ပုံစံဝတ်ဆင်ပါ

ပေါ့ပါးလွတ်လပ်တဲ့ ဒီဇိုင်းက ဘယ်တော့မှရိုးမသွားစေပါဘူး။ ကော်လံပါတဲ့ ရှပ်အင်္ကျီတွေကိုလည်း နည်းနည်းထူးခြားတဲ့ အသွင်နဲ့ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။

ဈေးဝယ်ထွက်တဲ့အခါ ဘယ်တော့မှ တစ်ယောက်တည်း မသွားပါနဲ့

ဈေးဝယ်စင်တာက အရောင်းစာရေးတော်တော်များများဟာ ကော်မရှင်ရဖို့အတွက် ရောင်းချပေးနေကြတာမို့ သူ့တို့အကြံဥာဏ်တွေကို ယုံကြည်ပေးဖို့မလွယ်ပါဘူး။ ဒါကြောင့် ဈေးဝယ်ထွက်တဲ့အခါ ရိုးရိုးသားသား အကြံပေးမယ့် သူငယ်ချင်းတစ်ယောက်လောက်ကို ခေါ်သွားသင့်ပါတယ်။

ဖိနပ်ကောင်းကောင်းတစ်ရံ ၀ယ်ထားပါ

ဖိနပ်တွေဟာလည်း အမျိုးသမီးတွေ အာရုံစိုက်မိတတ်တဲ့ အရာပါပဲ။ အထူးသဖြင့် ဘယ်လောက်သန့်တယ်၊ တောက်ပြောင်နေတယ်ဆိုတာမျိုးပေါ့။ ဆေးကြောရလွယ်ကူပြီး အ၀တ်အစားတိုင်းနဲ့လည်း လိုက်ဖက်နိုင်တဲ့ ဖိနပ်တစ်ရံလောက်ကိုတော့ ဆောင်ထားသင့်ပါတယ်။

ဖက်ရှင်ကျတဲ့ လိုဂိုတံဆိပ်ပါ တီရှပ်များ

တီရှပ်အင်္ကျီမှာ လိုဂိုတံဆိပ်အကြီးကြီးပါတဲ့ ဒီဇိုင်းမျိုးဝတ်ဆင်မယ်ဆိုရင်တော့ ဘေလ်ဘုတ်ကြီး လမ်းလျှောက်လာတာနဲ့ တူနေမှာသေချာပါတယ်။ ဒီတော့ လိုဂိုတံဆိပ်အနေတော်ရိုက်နှိပ်ထားတဲ့ ဗွီပုံလည်ပင်းဒီဇိုင်း တီရှပ်မျိုးတွေကို ပြောင်းလဲဝတ်ဆင်ကြည့်သင့်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Fashion

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ