၅ မိနစ်တည်းနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သစ်သီးဖျော်ရည် Smoothie ပြုလုပ်နည်း

၅ မိနစ်လောက် အချိန်ပေးရုံနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ သစ်သီးဖျော်ရည်တွေ ပြုလုပ်ပြီး အလုပ်များတဲ့ မနက်ခင်းအတွက် မနက်စာပြင်ဆင်နိုင်ရုံတင်မကဘူး နေ့ခင်းနေ့လည် အဆာပြေစားသုံးနိုင်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ရှာဖွေရလွယ်ကူတဲ့ ပါဝင်ပစ္စည်းတွေနဲ့ Smoothie လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သရက်သီးနဲ့ အုန်းသီး Smoothie

သရက်သီး၊ ငှက်ပျောသီးကို အုန်းရည်နဲ့ ရောမွှေပြီး ပရိုတင်းဓါတ်အပြည့်အ၀ပါတဲ့ ချိစ်နည်းနည်းထည့်ပြီး အရသာရှိတဲ့ သစ်သီး Smoothie ပြုလုပ်သောက်သုံးနိုင်ပါတယ်။ ဒီ သစ်သီးဖျော်ရည်က ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အိုမီဂါ - ၃ အဆီဓါတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

နာနတ်သီး Smoothie

ငှက်ပျောသီးမှည့်နဲ့ ဒိန်ချဉ်ကိုအသုံးပြုပြီး အနှစ်များများနဲ့ နာနတ်သီး Smoothie ပြုလုပ်နိုင်ပါတယ်။ ဒီမှာလည်း အိုမီဂါ-၃ အဆီ၊ အမျှင်ဓါတ်တွေနဲ့ အသားဓါတ်တွေကို ရရှိနိုင်ပါတယ်။

ငှက်ပျောသီး နဲ့ အမွှေးနံ့သာ Smoothie

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငှက်ပျောသီးဖျော်ရည်ကိုလည်း ဗင်နီလာအမွှေးနံ့သာ ထည့်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

လိမ္မော်သီး Smoothie

ဒီလိမ္မော်သီးဖျော်ရည်ကိုတော့ မုန်လာဥနီ၊ မက်မွန်သီးတို့နဲ့ တွဲဖက်ရောမွှေပြီး ဂျင်းပြားလေးနည်းနည်းထည့်လိုက်ရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ သစ်သီးဖျော်ရည်တစ်ခွက်ရပြီပေါ့။။


( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Eatingwell


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ