နေ့လည်ပိုင်းမှာ အိပ်မငိုက်ရလေအောင်


နေ့လည် ၁ နာရီနဲ့ ၃ နာရီကြားမှာဆိုရင်တော့ ပျင်းကြောဆန့်လိုက် ၊ ကော်ဖီလေးသောက်လိုက်နဲ့ လမ်းထလျှောက်လိုက်နဲ့ အိပ်ငိုက်ပြေအောင်လုပ်နေရပါလိမ့်မယ်။ တကယ်လို့ အိပ်ငိုက်လာပြီဆိုရင်တော့ သင့်အနေနဲ့ အချဉ်ပေါင်းစားတာ၊ တစ်ယောက်နဲ့ တစ်ယောက် ဟာသပြောတာလောက်နဲ့ပဲ ဖြေဖျောက်နိုင်မှာပါ။

နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်းမှာ အိပ်ငိုက်လာတတ်တာဟာ လူတွေရဲ့  သွေးလည်ပတ်မှု အချိန်စက်ဝိုင်းကြောင့်ဖြစ်တယ်လို့ National Sleep Foundation က ဖော်ပြထားပါတယ်။  Hum Nutrition အဖွဲ့က လူဦးရေ တစ်သောင်းခန့်ကို စစ်တမ်းကောက်ယူခဲ့တာကတော့ လူတွေဟာ နေ့လည် ၂နာရီ ၅၅ မိနစ်မှာ စွမ်းအင် အလျော့နည်းဆုံး အချိန်ကို ရောက်သွားကြတယ်လို့ သိရပါတယ်။

ဒီလိုမျိုး အိပ်ငိုက်တတ်တဲ့ အကျင့်တွေကို ဖျောက်ဖျက်ဖို့လည်း နည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။

ရေသောက်ပါ


ဒီ စကားကို ခဏခဏ အပြောခံနေရလို့ အာရုံနောက်မသွားပါနဲ့။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ စွမ်းအင်ကုန်ဆုံးမှုကို ပို ဖြစ်စေပါတယ်။ ရေတစ်ခွက်လောက် ထသောက်လိုက်ခြင်းဟာလည်း အိပ်ငိုက်ပြေသွားစေပါတယ်။ ရေ ထသောက်ဖို့ မေ့နေတတ်တယ်ဆိုရင်တော့ ရေဗူးတစ်ဗူးလောက် အနားမှာ ဆောင်ထားပါ။

အကြောဆန့်ပါ


တစ်ရုံးလုံးရှေ့ မှာ အကြောထဆန့်ရတာ မရှက်ပါနဲ့။ လူတိုင်း အိပ်ငိုက်နေမှန်းသိရက်နဲ့ ဘာမှ မဖြစ်သလို ဟန်ဆောင်နေတာက ပိုဆိုးပါတယ်။ အကြောဆန့်လိုက်ခြင်းဟာ အာဟာရ နဲ့ သွေးသား လည်ပတ်မှုတွေကို လျင်မြန်စွာ ဖြစ်ပေါ်လာစေပါတယ်။ ဒါဟာလည်း စွမ်းအင် ရယူခြင်းတစ်မျိုးပါပဲ။

အစား အသောက်ဆင်ခြင်ပါ

အိပ်ငိုက်တတ်တာ အစားအသောက်နဲ့မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဖိုက်ဘာပါဝင်မှု များတဲ့အစားအစာ တွေ ၊ အသီးအရွက်တွေ နဲ့ ပရိုတိန်းတွေပါဝင်တဲ့အစားအစာ တွေကို ပိုမို ရွေးချယ်စားသုံးပေးပါ။ ဖိုက်ဘာ နဲ့ ပရိုတိန်း မျှတမှုဟာ စွမ်းအင် လျော့နည်းမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။

လေကောင်းလေသန့်ရှုရှိုက်ပေးပါ

အပြင်ထွက်ပြီး လေကောင်းလေသန့် ရှုပေးပါ။ ပြင်ပလေကို ရှုရှိုက်ခြင်းဟာ စိတ်ဖိစီးမှု ပမာဏကို လျော့နည်းသွားစေပြီး ဦးနှောက်ရဲ့ မောပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့ဖူးတဲ့ သုတေသန အရတော့ တစ်နေ့ကို မိနစ် ၂၀ လောက် အပြင်ထွက်ပြီး လေကောင်းလေသန့် ရှုရုံနဲ့တင် စွမ်းအင်တွေ အသစ်တစ်ဖန်ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်ရဲ့ စိမ်းလန်းမှုနဲ့တော့ ဆိုင်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : womenshealth




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ