အလွန်အမင်းပျော်ရွှင်ခြင်းကလည်း နှလုံးရောဂါဖြစ်စေနိုင်တယ်လို့ သုတေသီများဆို


အလွန်အမင်းပျော်ရွှင်ခြင်းက နှလုံးရောဂါကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။

ပြင်းထန်လွန်းတဲ့ စိတ်ခံစားမှုတွေက ရေရှည်မှာ သေစေနိုင်တဲ့ နှလုံးအားနည်းတာတွေဖြစ်နိုင်တယ်လို့
သိပံ္ပပညာရှင်တွေက ဆိုထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်အလွန်အမင်းပျော်ရွှင်မှုဟာ “Happy Heart Syndrome”လို့ အမည်ရတဲ့ ရောဂါဖြစ်နိုင်တယ်လို့ ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိတ်မချမ်းမြေ့စရာတွေကနေရနိုင်တဲ့ Takotsubo Syndrome (TTS)လို့ အမည်ရတဲ့ ရောဂါကို ၁၉၉၀မှာရှာတွေ့ခဲ့ပြီး ထုံးစံအတိုင်း ခင်ပွန်း သို့မဟုတ် မိဘသေဆုံးသွားတဲ့သူတွေ ၊ချစ်သူနဲ့လမ်းခွဲတဲ့သူတွေ ၊ကင်ဆာရောဂါသည်တွေမှာ အများဆုံးတွေ့ရပါတယ်။

ဒါပေမယ့် ဒီတွေ့ရှိချက်အသစ်က နိုင်ငံပေါင်း ၉နိုင်ငံမှာ  TTSရောဂါရှင် ၁၇၅၀ကို စမ်းသပ်ပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာပါ။

ရောဂါရှင်တွေရဲ့ ၉၆%ဟာ ချစ်ရတဲ့သူကို ဆုံးရှုံးတာ၊နာရေးအခမ်းအနားတက်ရတာ၊အက်စီးဒင့်တွေမှာ ဒဏ်ရာရတာ ဒါမမဟုတ် လူမှုရေးပြသနာရှိတဲ့သူတွေဖြစ်ပါတယ်။ကျန်တဲ့ရာခိုင်နှုန်းရဲ့တစ်ဦးချင်းစီကတော့ မွေးနေ့ပါတီ ၊ပျော်ပွဲရွှင်ပွဲ၊မြေးရဲ့မွေးနေ့တွေနဲ့ ကိုယ်အားပေးတဲ့အသင်းက အနိုင်ရတာတွေကနေ နှလုံးထိခိုက်မှုဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန်မှာရှိတဲ့ “University of Hospital Zurich”က ဆရာဝန် ဂျလီနာ ဂါဒရီ (JelenaGhadri)က
“TTSရောဂါဟာ ထင်ထားတာထက် ပိုပြီးကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့ရနိုင်ပါတယ်" လို့ဆိုပါတယ်။

ဒေါက်တာ ဂျလီနာက ဆက်လက်ပြီး “ဆရာဝန်တွေကလည်း ဒါကို သေချာသတိပြုရမယ် ပြီးတော့ ရင်ဘတ်အောင့်တာ အသက်ရှုမရတာတွေ စတဲ့ လက္ခဏာတွေနဲ့ အရေးပေါ်ဌာနကိုရောက်လာတဲ့လူနာတွေကို  သေချာစမ်းသပ်ကြည့်ရတော့မယ်။ TTSရောဂါက စိတ်ညစ်စရာတွေသာမက ပျော်စရာကိစ္စတွေကလည်း ရနိုင်တယ်”လို့ ပြောပါတယ်။

နှလုံးရောဂါတစ်ခုဖြစ်တဲ့ TTS(Takostuko Syndrome)ရဲ့ အမည်က ဂျပန်ရေဘ၀ဲထောင်ချောက်အမည်ဖြစ်ပြီး အဲဒါက ရောဂါကြောင့် ပုံပျက်သွားတဲ့နှလုံးရဲ့ ဘယ်ဘက်အခန်းနဲ့ တူလို့ ဒီနာမည်ကိုပေးထားတာပါ။

လေ့လာမှုကနေ ရောဂါရှင်တွေရဲ့၉၀%ဟာ အမျိုးသမီးတွေဖြစ်ကြောင်းတွေ့ရပါတယ်။

စိတ်ညစ်စရာတွေကနေ ရောဂါရတဲ့ လူတွေတဲ့ ပျှမ်းမျှအသက်က ၆၅နှစ်ဖြစ်ပြီး ပျော်စရာတွေကနေ ရောဂါရတဲ့ လူတွေရဲ့ ပျှမ်းမျှအသက်ဟာ ၇၁နှစ်ဖြစ်ပါတယ်။

ဖော်ပြပါ တွေ့ရှိချက်တွေကို “The European Heart Journal” မှာ ရေးသားဖော်ပြခဲ့တယ်လို့လည်းသိရပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ