အမျိုးသမီး ရောဂါများ ကာကွယ်နိုင်ရန် Kegel လေ့ကျင့်ခန်း


Kegel လေ့ကျင့်ခန်း ပြုလုပ်ပါက မိန်းမကိုယ် လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်နိုင်သဖြင့် အရွယ်ရောက်ပြီး မိန်းကလေးတိုင်း လုပ်သင့်သော လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ကြောင်း မြောက်ဥက္ကလာပ ဆေးရုံမှ မီးယပ်နှင့်သားဖွား အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဖြူသွယ်စင်က ပြောကြား ခဲ့သည်။ ''ဒီလေ့ကျင့်ခန်းက သားအိမ်၊ စအိုဝ၊ အူအတွင်းပိုင်းနဲ့ မိန်းမကိုယ် လမ်းကြောင်းက ကြွက်သားတွေ ကိုသန်မာစေပြီး အူမကြီးကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်တယ်'' ဟု ၎င်းက ပြောကြား ခဲ့သည်။ Kegel လေ့ကျင့်ခန်းသည် တင်ပါးဆုံ အတွင်းပိုင်းမှ ကြွက်သားများကို လုပ်ဆောင်ချက် ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်သည်များ လေ့ကျင့်ခန်း ပြုလုပ်ပါက ကြွက်သား တင်းမာမှုများ လျော့ကျ စေကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ ကလေး မွေးဖွားချိန်တွင် ပိုမို လွယ်ကူစေသဖြင့် သားဖွားဆရာမများ လေ့ကျင့်ခိုင်းလေ့ ရှိသော လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်မည် ဆိုပါက ဆီးသွားချိန်တွင် ဆီးကို ရုတ်တရက် ရပ်တန့်သကဲ့သို့ တင်ပါး ကြွက်သားများကို မလှုပ်ရှားစေပဲ မိန်းမကိုယ်မှ ကြွက်သားများကို စက္ကန့်ငါးဆယ်ခန့် ကျုံလိုက်၊ ဆန့်လိုက် ပြုလုပ်ပေးရသော လေ့ကျင့်ခန်းဖြစ်ကာ ဆရာဝန် ပြသရန် စောင့်ဆိုင်းနေချိန်၊ ရေချိုးနေချိန်၊ ကွန်ပျူတာ ရှေ့တွင် ထိုင်နေချိန်များနှင့် အားလပ်ချိန်များတွင် တစ်နေ့လျှင် သုံးကြိမ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကြည်စင်ဝင်းသန့်

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ