ကျန်းမာရေးအတွက် များစွာအကျိုးရှိတဲ့ Honey Water


 Honey Water ဆိုကတော့ ပျားရည်ကို ရေနွေးလေးနဲ့ရောထားတာကို ဆိုလိုတာဖြစ်ပါတယ်။ အရမ်းကို အာဟာရဖြစ်ပြီး ကျန်းမာရေးအတွက် အကောင်းဆုံးအစားအသောက်တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ မနက်ခင်းတိုင်းမှာ ပျားရည်တစ်ဇွန်းကို ရေနွေးတစ်ခွက်ထဲ ရောသောက်မယ်ဆို တစ်နေ့တာလုံးလန်းဆန်းနေမှာ သေချာပါတယ်။

 Honey Water မှာပါဝင်တဲ့ သဘာဝသကြားဓါတ်ကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူများအတွက် အသင့်တော်ဆုံးဓါတ်စာ ဖြစ်နေပါတယ်။ ဒါ့အပြင် Honey Water ဟာ အစောချေစနစ်ကို အထူးကောင်းမွန်စေပြီး ၀မ်းမှန်စေနိုင်ပါတယ်။ နောက်ပြီး ဓါတ်မတည့်မှုဖြစ်စဉ်များကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။

 Honey Water က HDL လို့ခေါ်တဲ့ မြင့်မားတဲ့ကိုလက်စရောအဆင့်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပြီး နှလုံးကိုဖိအားပေးနိုင်တဲ့ Stress ဟော်မုန်းထုတ်လုပ်မှုကို တားဆီးပေးနိုင်တာကြောင့် နှလုံးရောဂါပြသာနာရှိနေသူများအတွက် အထောက်အကူပြုနိုင်ပါတယ်။ ဒီလို ကျန်းမာရေးကိစ္စများအတွက် ရှုထောင့်မျိုးစုံက အသုံးဝင်နေတဲ့ Honey Water ကို နေ့စဉ်သောက်သုံးရင်း ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

( Vitamin )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Ba-bamail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ