Facebook အသုံးပြုခြင်းနှင့် ကျန်းမာရေးထိခိုက်ခြင်း၊ ပျော်ရွှင်မှုကျဆင်းခြင်းတို့  ဆက်နွယ်နေ


Facebook အသုံးပြုခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး မိသားစုအတွင်း ပျော်ရွှင်မှုကိုလည်း ကျဆင်းစေနိုင်သည်ကို တွေ့ ရှိရကြောင်း အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီယာဂိုမြို့ ရှိ ကယ်လီဖိုးနီး ယား တက္ကသိုလ်မှ သုတေသီများက ပြောသည်။ ကမ္ဘာတစ်ဝန်းမှာ Facebook အသုံးပြုသူဦးရေ ၂ ဘီလီယံထက်မနည်း ရှိပါတယ်။ ဒီတော့ ကမ္ဘာ လောကကြီးနဲ့  ပိုပြီးလွယ်ကူစွာ နီးစပ် ဆက်သွယ် နိုင်တာတော့ မှန်ပါတယ်။

ဒါပေမယ့် Facebook က ကျန်းမာရေးကိုထိခိုက်စေနိုင်သလို လူတွေရဲ့ ပျော်ရွှင်မှုကိုလည်း ကျဆင်းစေနိုင်တဲ့အတွက် ဒီဝေဒနာ ကို ခံစားရလောက်တဲံ လူပေါင်း ၂ ဘီလီယံအတွက် ရလာဒ်က ကောင်းလိမ့်မှာမဟုတ်ပါဘူး ဟု သုတေသီတစ်ဦးဖြစ်သူ Nicholas Christakis က ပြောပြသည်။ Facebook အသုံးများလာလျင် များလာသည့်အလျောက် မိမိဘ၀ကို မကျေမနပ်ဖြစ်ခြင်းလည်း များလာ ပြီး ကျန်းမာရေးလည်းပို၍ ထိခိုက်လာလေ့ရှိကြောင်း၊ လူတစ်ယောက်၏ ဆင်ခြင်တုံတရားကို ကျဉ်းမြောင်းစေပြီး Facebook Mentality ဟုခေါ်သည့် Facebook ဆင်ခြင်တုံတရား၏ စိုးမိုးချယ်လှယ် မှုကို ခံစားလာရကြောင်း သိရသည်။ သုတေသီများသည် Facebook အသုံးများသူ 5208 ဦးကိုရွေးချယ်ကာ ၂၀၁၃ မှ ၂၀၁၅ အထိ ၂ နှစ် ထက်မနည်း စောင့်ကြည့် လေ့လာခဲ့ကြောင်း၊ ၄င်းတို့ ၏ ကျန်းမာရေးနှင့် လူမှုဘ၀တို့ ၏ အရည် အသွေး ပြောင်းလဲမှုကို မှတ်သားခဲ့ကြောင်း၊ တွက်ချက် ဆက်စပ်ဖော်ထုတ် လိုက်သောအခါ Facebook အသုံးပြုခြင်း များလာသည်နှင့်အမျှ လူမှုဘ၀အရည်အသွေးကျဆင်းလာခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်မျိုးလုံး ကျဆင်းလာခြင်း၊ အများစုတွင် စိတ်ကျန်းမာရေး ဆိုးရွားစွာ ချို့ ယွင်းခြင်း အစရှိသည့် ရလာဒ်ဆိုးများကို တွေ့ ရှိခဲ့ကြောင်း သိရသည်။ သို့ ဖြစ်၍ Facebook ကို နေ့ စဉ် အချိန်ဇယားသတ်မှတ်၍ သုံးစွဲခြင်းဖြင့် မိမိ၏ ကိုယ်၊စိတ် ကျန်းမာ ရေးကို မထိခိုက်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ