ရာသီဥတုပြောင်းလဲမှုကြောင့် အမေရိကန်တွင် လူအများ ညအိပ်မပျော်နိုင်ဟုဆို


ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းဖြတ်ခြင်း၊ အပူချိန်မတည်ငြိမ်ခြင်း၊ နေ့ အပူချိန်နှင့်ညအပူချိန် ကွာဟမှုကြီးမားလာခြင်း အစရှိသည့်အခြေအနေများကြောင့် အမေရိကန်တွင် လူအများသည် ညအချိန် နှစ်ခြိုက်စွာအိပ်မပျော်နိုင်ကြတော့ကြောင်း ဆန်ဒီယာဂိုမြို့ ၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီ
Nick Obradovich က ပြောပြသည်။ အပူချိန်မတည်ငြိမ်မှုနဲ့  နှစ်ခြိုက်စွာအိပ်ပျော်နိုင်ခြင်း ရှိ၊မရှိ အစရှိတာတွေ ဆက်နွယ်နေပါတယ်။ နေ့ အပူချိန်များလွန်းရင် လူတွေက လေးလံထိုင်းမှိုင်းသွားပြီး စိတ်မကြည်မလင်ဖြစ်ကြပါတယ်။ ဒါပေမယ့် ညနေ နေ၀င်သွားလို့  အပူချိန်ကျသွားပြန်ရင်လည်း ညကိုနှစ်နှစ်ခြိုက်ခြိုက်မအိပ်နိုင်ကြ ပါဘူး။ တစ်နည်းအားဖြင့် အပူချိန်မတည်ငြိမ်ခြင်းက လူတွေကို ပင်ပန်းနွမ်းလျစေပြီး စိတ်လက် မကြည်မသာဖြစ်စေတဲ့အပြင် အိပ်ရေးကိုလည်း အနှောက် အယှက်ပေးတဲ့အတွက် ကျန်းမာရေးဟာ အလုံးစုံ၊ဘက်စုံ ချွတ်ယွင်းလာနိုင်ပါတယ်ဟု Obradovich က ရာသီဥတုပြောင်းလဲမှုနှင့် လူသားတို့ ၏ ကျန်းမာရေး ဆက်နွယ်နေပုံကို ရှင်းပြသည်။

ပူလောင်နေသည့်အချိန်တွင် လူသားတို့ သည် အနားယူသော်လည်း အရည်အသွေးပြည့်ဝစွာ နားနိုင် ခြင်း မရှိကြောင်း၊ ၄င်းကိစ္စကို သုတေသီများက ၂၀၀၂ မှ ၂၀၁၁ အထိ အမေရိကန်တ၀န်းလုံးမှ လူပေါင်း ၇၆၅၀၀၀ ဦးထက်မနည်းကို ရွေးချယ်ကာ လေ့လာဆန်းစစ်ခဲ့ကြောင်း သိရသည်။သူတို့ ဘယ်မှာနေလဲ၊ ၀င်ငွေဘယ်လောက်ရှိလဲ၊ အသက်၊ အရက်သောက်တဲ့ပမာဏ၊ ကားမောင်းတဲ့ အခါ ထိုင်ခုံခါးပတ် ပတ်၊မပတ်၊ နေလောင်ဒဏ်ခံရခြင်း ရှိ၊မရှိ နဲ့  အခြား ပြည်သူ့ ကျန်းမာရေးနဲ့  ဆက် နွယ်တဲ့မေးခွန်းတွေကို မေးမြန်းခဲ့ပြီး သူတို့  ညကို အိပ်နိုင်လား၊ မအိပ်နိုင်ဘူးလား ဆိုတာကို ဆက်လက်လေ့လာ ဆန်းစစ်ကြည့်တဲ့ အခါ ညပိုင်းအပူချိန် မတည်ငြိမ်တဲ့အခါ နှစ်ခြိုက်စွာ အိပ်မပျော်နိုင် ကြတာကို တွေ့ ရပါတယ်ဟု Obradovich က ဆက်လက်ရှင်းပြသည်။ အပူချိန် ၁ ဒီဂရီဆဲလ်စီးယပ် မြင့်တက်လာတိုင်း အိပ်စက်မှုကို ၃ ညတိုင်အောင် အနှောက်အယှက်ပေး နိုင်ကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် ညအချိန် ကောင်းစွာအိပ်မပျော်နိုင်သူဦးရေမှာ နှစ်စဉ် သန်း ၁၁၀ ထက်မနည်း ရှိနေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ