Excess caffeine health warning


အီးယူနိုင်ငံတွေမှာ ကေဖင်းဓါတ်များခြင်းရဲ့ ကျန်းမာရေးအန္တရာယ်သတိပေးချက်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
သူတို့ဆီမှာ Espressos အိတ်စပရက်ဆိုကော်ဖီက နာမည်အကြီးဆုံးဖြစ်တယ်။ ယူအက်စ်မှာ လူကြိုက်အများဆုံးက Starbucks စတားဘာ့ခ်ဖြစ်တယ်။

တနေ့ ၅ ခွက်ထက်ပိုရင် နှလုံးရောဂါ၊ အိပ်မပျော်တာနဲ့ စိတ်ဆောက်တည်ရမရဖြစ်တာတွေ ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ လဖက်ရည်၊ ကော်ဖီ၊ အင်နာဂျီအရည်။ အချိုရည်တွေနဲ့ ချောကလက်ထဲမှာ ကေဖင်းပါတယ်။ ဒိန်းမတ်မှာ လူ ၃ ယောက်မှာ ၁ ယောက်၊ နယ်သာလန်မှာ ၁၇% နဲ့ ဂျာမဏီမှာ ၁၄% တိုဟာ အဲဒီအကန့်အသတ်ထက် ပိုသောက်သုံးနေကြတယ်။

ကေဖင်းပါနှုန်း
• Cup of filter coffee - 90mg
• Standard energy drink - 80mg
• Espresso - 80mg
• Cup of tea - 50mg
• Can of cola - 40mg
• Bar of dark chocolate - 25mg
• Bar of milk chocolate - 10mg

လက်ရှိမှာ လူအတော်များများက စိတ်ချရတဲ့ပမာဏထက်ပိုကဲပြီးသောက်သုံးနေကြတယ်။ စိတ်ချရတဲ့ပမာဏဟာ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေမှာ နည်းတယ်။ လူကြီးဆိုရင် တနေ့မှာ 400mg ထက်မပိုရပါ။ ကိုယ်ဝန်ဆိုရင် 200mg ထက်မပိုရပါ။ ကလေးတွေဆိုရင် 3mg per kg သာ ဖြစ်သင့်တယ်။

ဆက်စပ်ဖတ်နိုင်တဲ့စာများ -
1. Caffeinated drinks (ကေဖင်း) ပါတဲ့ (အင်နာဂျီ) သောက်စရာတွေ
2. Caffeine ကေဖင်း
3. Caffeine and Pregnancy ကေဖင်းနဲ့ကိုယ်ဝန်
4. Caffeine in Tea leaves ကေဖင်း နဲ့ လက်ဖက်
5. Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ