ဗီတာမင် D ချို့တဲ့တာက စိတ်ကျရောဂါဖြစ်စေနိုင်



လေ့လာမှု အသစ်တစ်ခုအရ ဗီတာမင် D ချို့တဲ့ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အန္တရာယ်ရှိရုံသာမကဘဲ စိတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်သည့် စိတ်ကျရောဂါ ကိုလည်း ဖြစ်ပွား စေနိုင်ကြောင်း တွေ့ရှိရပါတယ်။

ဂျော်ဂျီယာ တက္ကသိုလ်မှ အလန်စတီးဝပ်၏ ပြောကြားချက်အရတော့ အခါရာသီအလိုက် ပြောင်းလဲခံစားရသည့် စိတ်ကျရောဂါ (SAD) ဖြစ်ပွားစေရန် အကြောင်းအချက်များစွာ ရှိသည့် အနက် ဗီတာမင် D ချို့တဲ့ခြင်းကလည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရပါတယ်။

ကွင်းစ်လန်း တက္ကသိုလ်က မိုက်ကယ်ကင်မ်လင်နှင့် စတီးဝပ်တို့က ဗီတာမင် D နှင့် အခါရာသီအလိုက် စိတ်ကျရောဂါ (SAD) တို့အကြားမှ ဆက်စပ်မှုများအား လေ့လာခြင်းကြတာပါ။

ပထ၀ီအနေအထားပေါ်လိုက်ပြီး ပြောင်းလဲနေသော ရာသီဥတုအခြေအနေနှင့် ဆက်စပ်၍ SAD စိတ်ကျရောဂါကို ရရှိခံစားကြရတတ်ကာ လူဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းတွင် ထိုရောဂါ ရှိနေကြောင်း စတီးဝပ်က ယုံကြည်နေပါတယ်။

မိုးရာသီမှ စ၍ ဆောင်းရာသီ လများတွင် ယင်းရောဂါလက္ခဏာကို နှစ်စဉ်တွေ့မြင်ရတတ်ပါတယ်။

နာဗ်ကြောတစ်ခုမှ အခြားတစ်ခုသို့ ဆက်သွယ်ပေးသော ဒိုပါမင်း ဓာတုပစ္စည်းနှင့် ဆီရိုတိုနင်း ဓာတုပစ္စည်းများကလည်း စိတ်ကျရောဂါနှင့် ဆက်စပ်နေတယ်လို့ ကင်မ်လင်က ဆိုပါတယ်။

လေ့လာချက်များအရ စိတ်ကျရောဂါခံစားနေရသူ အများစုတွင် ဗီတာမင် D ချို့တဲ့ နေခြင်း ဖြစ်ပြီး အသားမည်းသူများတွင် ဗီတာမင် D ဓာတ် လျော့နည်းသည်ကို တွေ့ရတတ်ပါတယ်။

အရိုးများ သန်မာရန်အတွက် ဗီတာမင် D ဓာတ် လုံလုံလောက်လောက် လိုအပ်ကာ ချို့တဲ့ နေပါက အရိုးအကြောဆိုင်ရာ ရောဂါများကိုလည်း ခံစားရစေတယ်လို့ သိရပါတယ်။




( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Lifehack

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ