ကိုကိုးမှုန့်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ချောကလက်ဆိုတာ လက်ဆောင်ပေးဖို့အကောင်းဆုံး ရွေးချယ်စရာဆိုတာ သေချာပါတယ်။ ချောကလက်နဲ့ တခြားချိုချဉ်သကြားလုံးတွေဟာ ချစ်သူများနေ့မှာဆိုရင် နံပါတ်တစ် ရွေးချယ်ခံရတဲ့ လက်ဆောင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
ချောကလက်ကို ကြိုက်ပေမယ့် ကိုယ်အလေးချိန်တက်မှာကို ကြောက်ကြတဲ့သူတွေ အတော်များပါတယ်။
ချောကလက်လည်း ကြိုက်တယ်၊ ကျန်းမာရေးအတွက်လည်း စိတ်ပူတယ်ဆိုရင် ချောကလက်ညိုကို စားသင့်ပါတယ်!
ချောကလက်ညိုက ကျန်းမာရေးအတွက် ကောင်းကျိုးတွေပေးနိုင်မှာဖြစ်သလို နီရဲယောင်ယမ်းခြင်းတွေ သက်သာပျောက်ကင်းစေပြီး ဓါတ်တိုးသတ္တိတွေလည်း အများကြီးပါဝင်ပါတယ်။
ချောကလက်ညိုကို ကိုကိုးစေ့ကနေ ပြုလုပ်ထားတာဖြစ်ပြီး ကင်ဆာရောဂါတွေကို တိုက်ဖျက်ပေးတဲ့ polyphenols, flavonoids, catechins ဓါတ်တိုးပစ္စည်း များစွာပါဝင်ပါတယ်။
ချောကလက်ညိုဟာ အားကစားသမားတွေအတွက် ကောင်းမွန်တဲ့အကျိုးများ ရရှိစေနိုင်ပါတယ်။
ဒါ့အပြင် စိတ်ကျရောဂါများကိုလည်း ဟန့်တာပေးနိုင်သလို ပျော်ရွှင်လန်းဆန်းစေဖို့ အကူအညီဖြစ်စေပါတယ်။
ချောကလက်ညို စားခြင်းဟာ အသားအရည်လှပ စိုပြေစေနိုင်ပါတယ်။
ချောကလက်ညို စားတဲ့အခါမှာတော့ အနည်းဆုံး ကိုကိုးမှုန့် ၅၀ မှ ၈၀ ရာခိုင်နှုန်းထိပါဝင်တဲ့ ချောကလက်အမျိုးအစားကို ရွေးချယ်စားသုံးဖို့တော့ လိုပါတယ်။ ကိုကိုမှုန့် ပိုပါလေ ကိုယ့်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကို ရရှိနိုင်လေဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Remedies
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin